ချင်းမိုင်တက္ကသိုလ်တွင် လာမည့် ၂၀၁၅ ခုနှစ်မှစတင်၍ မြန်မာစာဌာန ထားရှိကာ မြန်မာစာဘာသာကို ၄ နှစ် သင်ကြားပြီး ဘွဲ့ပေးသွားမည်ဖြစ်ကြောင်း ချင်းမိုင်တက္ကသိုလ်မှ မြန်မာစာ သင်ကြားနေသော ဆရာမ ဒေါ်ယမင်းရွှေစင်ထိုက်က ပြောသည်။
“လာမယ့်နှစ်အတွက် ကျွန်မတို့ သင်ရိုးညွန်းတမ်းတွေ ပြင်ဆင်နေပြီ။ မြန်မာစာဌာနကို ဖွင့်မယ်။ ဖွင့်ရတဲ့ အကြောင်းရင်းက ဒီမှာရှိတဲ့ ဘယ်သူပဲဖြစ်ဖြစ် နိုင်ငံခြားသားရော။ ထိုင်း၊ မြန်မာ လူမျိုးပဲ ဖြစ်ဖြစ်၊ သူတို့လိုချင်တဲ့ အချက်အလက် အကြောင်းအရာတွေ လေ့လာခွင့်ရှိမယ်။ မြန်မာ့ ယဉ်ကျေးမှု တွေ လေ့လာလုုိ့ရမယ်။ ရည်ရွယ်ချက်ကတော့ မြန်မာစာချစ်တဲ့လူ ဘယ်သူမဆို ကျမတို့ အခန်းလေး ထဲမှာ ဒီနိုင်ငံမှာလာပြီး ရှာဖွေပြီး အနားယူလို့ရအောင်လုုိ့ပါ”ဟု သူက မဇ္ဈိမကို ပြောသည်။
မြန်မာစာကို ချစ်မြတ်နိုးသူ မည်သူမဆို လာရောက်သင်ယူနိုင်ရန် ရည်ရွယ်၍ မြန်မာ စင်တာကို ဖွင့်လှစ်ရခြင်းဖြစ်သည်ဟု သူက ပြောသည်။ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဧပြီလ ၂၃ ရက်တွင် ချင်းမုုိင် တက္ကသုုိလ်နှင့် ရန်ကုန်တက္ကသိုလ်တို့ MOU လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ကြောင်း သူက ပြောသည်။
ထိုင်းနှင့် မြန်မာတက္ကသိုလ် ကျောင်းသားများအတွက် အခွင့်အရေးအဖြစ် ထုုိင်းနှင့်မြန်မာ ကျောင်းသား များ အပြန်အလှန် သွားရောက်လေ့လာနိုင်မည်ဖြစ်ရာ ပြီးခဲ့သည့် ၂ လကလည်း ထိုင်းကျောင်းသား များ ၈ ဦး မြန်မာနိုင်ငံသို့ သွားရောက်၍ မြန်မာစာ၊ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာစကား နှင့် မြန်မာ့ ဓလေ့ ထုံးစံများကို သွားရောက်သင်ယူခဲ့ပြီး ဖြစ်ကြောင်း သူက ပြောသည်။
အလားတူ လာမည့် အောက်တိုဘာနှင့် နိုဝင်ဘာလတို့တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသား ၁၉ ဦး ထိုင်းနိုင်ငံသို့ လာရောက်၍ ထိုင်းရိုးရာယဉ်ကျေးမှု၊ ဘာသာစကားများ သင်ယူမည်ဖြစ်သကဲ့သို့ ထိုင်းနိုင်ငံ၏ ပညာရေးစနစ်နှင့် ပတ်သက်၍ လာရောက်လေ့လာကြမည် ဖြစ်ကြောင်း ဆရာမ ဒေါ်ယမင်းရွှေစင်ထိုက်က ပြောသည်။
ယနေ့ မြန်မာစင်တာဖွင့်ပွဲသုုိ့ မြန်မာကောင်စစ်ဝန် ဦးကောင်ဆန်းလွင် ကုုိယ်တုုိင်တက်ရောက် ၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး မြန်မာစာကုုိ ပုုိမုုိ စိတ်ဝင်စားလာကြသလုုိ၊ နှစ်နုုိင်ငံကျောင်းသူ ကျောင်းသားများ ပညာရေးအတွက် အခွင့်အရေးများ ပုုိမုုိရရှိလာမည်ဖြစ်ကြောင်း ချင်းမုုိင်မြို့ရှိ ကောင်စစ်ဝန် ကောင်ဆန်းလွင်က မဇ္ဈိမကို ပြောသည်။
“နှစ်နိုင်ငံ ချင်းမုုိင်နဲ့ ကျိုင်းတုံု ညီအစ်မမြို့တော်လို့ MOU ထိုးပြီးတော့ ဖွင့်လုုိက်တာ။ ယဉ်ကျေးမှု အရရော။ တခြားစီးပွားရေးအရ ထိတွေ့ဆက်ဆံတာ များလာတဲ့အတွက် ဒီမြန်မာဘာသာကုုိ စိတ်ဝင် စားတာပေါ့။ ထုုိင်းဘက်က။ နောက်ပုုိင်းမှာ ချင်းမုုိင်တက္ကသိုလ်နဲ့ ရန်ကုုန်တက္ကသုုိလ်၊ မန္တလေးတက္က သိုလ်တို့ ပေါင်းပြီးတော့ ဟိုကဆရာတွေလည်း ဒီကုုိလာသင်ပေး။ ဒီကဆရာတွေလည်း ဟုုိကုုိ သွားလေ့လာ။ ကျောင်းသားတွေလည်း ဒီမှာလာလေ့လာ။ ပညာရေးအတွက် အများကြီးဘဲ အခွင့်အ ရေးတွေ ရသွားတာပေါ့နော်”ဟုု သူက ပြောသည်။
ထုုိင်းနှင့် မြန်မာနုုိင်ငံကြား ပေါင်းကူးဆက်သွယ်ရေး ပုုိမုုိကောင်းမွန်စေရန်အတွက် ချင်းမုုိင်နှင့် ရှမ်းပြည်နယ် အရှေ့ပုုိင်း ကျိုင်းတုံုမြို့တုုိ့အား ညီအစ်မမြို့တော် ပေါင်းကူးဆက်ဆံရေး ကုုန်စည်ပြပွဲကုုိ နှစ်နုုိင်ငံ အုုပ်ချုပ်ရေးဌာနများ ပူးပေါင်း၍ ကျိုင်းတုံုဟုုိတယ်အမှတ် ၁ တွင် ပြီးခဲ့သည့် သြဂုုတ်လ ၂၈ ရက်မှ ၂၉ ရက်နှစ်ရက်ကြာ ကျင်းပခဲ့သည်။
အလားတူ လက်ရှိ စီးပွားရေး၊ လူမှုရေး ပူးပေါင်းဆောင်ရွက်နုုိင်ရေး ပုုိမိုထိရောက်အောင် ဆောင်ရွက်နုုိင်ရန် ပြီးခဲ့သည့် ဇူလုုိင်လ ၂၉ ရက်ကလည်း ချင်မိုင်မြို့တွင် မြန်မာ ကောင်စစ်ဝန်ရုံးကို ဖွင့်လှစ်ခဲ့သည်။







