ဒေါ်အောင်ဆန်းစုကြည်၏ နေပြည်တော်ဟောပြောပွဲ ကန့်ကွက်မှုများ ကြံုရ

ဒေါ်အောင်ဆန်းစုကြည်၏ နေပြည်တော်ဟောပြောပွဲ ကန့်ကွက်မှုများ ကြံုရ
by -
မဇ္ဈိမ
အစိုးရရုံးစိုက်ရာ နေပြည်တော်အတွင်း ဩဂုတ် ၃၀ ရက် တွင်ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဟောပြောသည့် အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည် ကန့်ကွက်ဆန္ဒပြမှုများ၊ ကန့်ကွက် စာဖြန့်ဝေမှုများနှင့် ကြံုတွေ့ခဲ့ရသည်။

နေပြည်တော်အတွင်းရှိ နေရာ ၅ နေရာတွင် ဟောပြောရန် လျာထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ တတိယမြောက် ဟောပြောမည့် နေပြည်တော်၊ သပြေကုန်းရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးအနီးတွင် အသက် ရ၀ ကျော်အရွယ် ဦးစုဆိုသူက ဦးဆောင်ပြီး စုစုပေါင်း လူ ၂၀ ဦးခန့် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

ဆန္ဒပြသူများက “အမျိုးကို ချစ်လျှင် လူလို သိပါ” “ရိုဟင်ဂျာကို ထောက်ခံသည့် NLD ပါတီ အလိုမရှိ” ဟူသည့် လက်ရေးဖြင့် ရေးသားထားသော စာသားများ ပါဝင်သည့် ဆိုင်းဘုတ်များ ကိုင်ဆောင် ကာဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောပွဲ မစတင်မီ မွန်းလွဲ ၁ နာရီ ၃၀မိနစ်တွင် ဆန္ဒပြခဲ့ခြင်းလည်း ဖြစ်သည်။

NLD ပါတီသည် မျိုးစောင့်ဥပဒေဟု လူသိများသည့် ဥပဒေလေးခုကို ကန့်ကွက်သောကြောင့် ဆန္ဒပြခြင်း ဖြစ်သည်ဟု ဆန္ဒပြခေါင်းဆောင် ဦးစုက “အမျိုးကို ဖျက်တဲ့ ပါတီမို့လို့ မလိုချင်လို့ ဆန္ဒပြတာ”ဟု ဆိုသည်။

ယင်းကဲ့သို့ ဆန္ဒပြကန့်ကွက်မှုအပြင် ဆောင်းပါးရှင် ငါးမင်းဆွေကလည်း ဒေါ်အောင်ဆန်းစုကြည်၊ NLD ပါတီနှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များကို ကန့်ကွက်ရေးသားထားသည့် လက်ကမ်းစာများကို လိုက်လံဝေငှခဲ့သည်။

“လောက်ကိုင်မှာ ဘယ်သူတွေ သေခဲ့သလဲ၊ တပ်မတော်သားတွေ သေခဲ့တာ။ ဘယ်သူ့ကို မဲပေးရ မလဲဆိုတာ စဉ်းစားကြပါ” ဟု လက်ကမ်းစာများ ဝေငှစဉ် ငါးမင်းဆွေက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ NLD ကို မထောက်ခံရန် ကန့်ကွက်လှု့ံဆော်မှုများကြောင့် ပါတီကို လူထုထောက်ခံမှု ပိုမိုရရှိစေသည်ဟု ဇမ္ဗူသီရိမြို့နယ်၊ လွှတ်တော် ကိုယ်စားလှယ်ရုံး တွင်ဟောပြောစဉ် ထည့်သွင်းပြောဆိုခဲ့သည်။

ဇမ္ဗူသီရိမြို့နယ်သည် သမ္မတဦးသိန်းစိန်၏ လက်ရှိ မဲဆန္ဒနယ်လည်း ဖြစ်သည်။

May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...