တစ်နိုင်ငံလုံး မဲစာရင်းထုတ်ပြန်ရန် စက်တင်ဘာသို့ ရွှေ့ဆိုင်း

တစ်နိုင်ငံလုံး မဲစာရင်းထုတ်ပြန်ရန် စက်တင်ဘာသို့ ရွှေ့ဆိုင်း
by -
မဇ္ဈိမ
မြန်မာတစ်နိုင်ငံလုံးအတွက် မဲစာရင်းများကို စက်တင်ဘာလမှသာလျှင် ကြေညာနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

မူလက သြဂုတ် ၂၃ မှ စက်တင်ဘာ ၆ ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာကြေညာရန် အစီအစဉ်ရှိခဲ့သော်လည်း နိုင်ငံတစ်ဝန်း မိုးသည်းထန်သဖြင့် တိုင်းနှင့်ပြည်နယ် ၁၄ ခု ရှိသည့်အနက် ၁၂ ခုတွင် သဘာဝဘေးဆိုက်ရောက်နေသဖြင့် ရွှေ့ဆိုင်းလိုက်ရသည်ဟု သိရသည်။

"နိုင်ငံတဝန်းကမဲဆန္ဒရှင်တွေဟာ ပြန်လည်ထူထောင်ရေးကိစ္စတွေဆောင်ရွက်နေကြရတဲ့အတွက် သူတို့ရဲ့အမည်တွေ မဲစာရင်းထဲမှာပါလားမပါလားဆိုတာ သွားကြည့်ကြဖို့ မဖြစ်နိုင်တဲ့ အနေအထား ကြောင့်ပါ။"ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် UEC ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောသည်။

မဲဆန္ဒရှင်များသည် မဲစာရင်း၌ အမည်ပါမပါ၊ မဲစာရင်းမှန်မမှန်ကို စိစစ်ရန်အတွက် အချိန် ၁၄ ရက်ရရှိမည်ဖြစ်သည်။

သြဂုတ် ၃ ရက် ကြေညာချက်အမှတ် ၄၁/ ၂၀၁၅ အရ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း တင်သွင်းရမည့် နောက်ဆုံးရက်မှာ သြဂုတ်လ ၁၄ တွင် ကုန်သွားပြီဖြစ်သည်။ ၎င်းတို့၏ တင်သွင်းလွှာများကို ရုတ်သိမ်းရမည့်ရက်  သည်လည်း သြဂုတ် ၁၇ တွင်နောက်ဆုံးဖြစ်သည်။

ယင်းကြေညာချက် ၂ (ဂ) ၌ လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းကို စိစစ်ရမည့်ရက်အား သြဂုတ် ၁၈-၂၇ သတ်မှတ်ထားသော်လည်း သြဂုတ် ၂၁ ထပ်မံပြောင်းလဲပြင်ဆင်မှုအရ သြဂုတ် ၃၁ အထိ တိုးမြှင့်သွားသည်။

နိုဝင်ဘာ ၈ ရက်တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူ ၃၂ သန်းရှိသည်ဟု UEC ကြေညာထားသည်။

May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...