ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပနေသည့် သြဂုုတ် ၂၂ ရက် ဒုုတိယနေ့ ထိပ်သီးအစည်းအဝေးတွင် ယခင် ကျင်းပခဲ့သော လုုိင်ဇာနှင့် လောခီးလာ ညီလာခံများကဲ့သုုိ့ ဆုံုးဖြတ်ချက်ချမှတ်နုုိင်သည့် အစည်းအဝေးတစ်ခုုအဖြစ် သတ်မှတ်လုုိက်ခြင်း ဖြစ်သည်။
သဘာပတိအဖြစ် တာဝန်ယူခဲ့သော ပအုုိဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO) ဥက္ကဌ ခွန်မြင့်ထွန်းက “အဓိကတော့ အားလုံုးပါဝင်ရေးမူအပေါ်မှာ ဆောင်ရွက်နုုိင်ဖုုိ့ ကျွန်တော်တုု့ိရဲ့ ဒီအစည်းအဝေးဟာ အရင်လုုိင်ဇာ၊ လောခီးလာ အစည်းအဝေးတွေလုုိဘဲ။ ဆုံုးဖြတ်ခွင့်၊ ဆောင်ရွက်ခွင့် ရှိတဲ့အကြောင်း။ အစည်းအဝေးရဲ့ အဆင့်အတန်းကုုိ ဆွေးနွေးခဲ့တယ်”ဟုု မဇ္စျိမကိုု ပြောသည်။
လာမည့် သြဂုုတ်လ ၂၅ ရက်နောက်ပုုိင်း နေပြည်တော်၌ သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တုုိ့နှင့် သွားရောက်တွေ့ဆုံုမည့် တုုိင်းရင်းသား အဖွဲ့အစည်း ငါးဖွဲ့မှ ထိပ်သီးခေါင်းဆောင် ငါးဦးအား NCA နှင့် ပတ်သက်၍ ဆွေးနွေးပုုိင်ခွင့်ကုုိ ယခုု အစည်းအဝေးမှ အမြင့်ဆုံုး တာဝန်ပေးရမည် ဖြစ်၍ အပြီးသတ် ဆုံုးဖြတ်နုုိင်သည့် အစည်းအဝေးအဖြစ် သတ်မှတ်လုုိက်ခြင်း ဖြစ်သည်ဟုုလည်း ၎င်းက ပြောသည်။
နေပြည်တော်သုုိ့ တက်ရောက်မည့် တုုိင်းရင်းသား လက်နက်ကုုိင်အဖွဲ့အစည်း ၅ ဖွဲ့သည် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ရှမ်းပြည်တုုိးတက်ရေးပါတီ(SSPP) နှင့် ကရင်နီအမျိုးသားတုုိးတက်ရေးပါတီ (KNPP)တို့ ဖြစ်သည်။
သြဂုတ် ၂၃ ရက်နေ့တွင် ထုုိအဖွဲ့အစည်းများမှ ထိပ်သီးခေါင်းဆောင် ငါးဦးနှင့် အဆင့်မြင့် ညှိနှိုင်းရေး ကုုိယ်စားလှယ်အဖွဲ့မှ ၃ ဦး စုုစုုပေါင်း ၈ ဦးကုုိ ဆုံုးဖြတ်မည်ဖြစ်ကြောင်း သိရသည်။
သြဂုတ် ၂၂ ရက် အစည်းအဝေးတွင် တုုိင်းရင်းသားလက်နက်ကုုိင် အဖွဲ့အစည်းများ အားလုံုး ပါဝင် လက်မှတ်ရေးထုုိးရေးကုုိ တင်ပြဆွေးနွေးခဲ့ကြပြီး အစုုိးရဘက်မှ လက်မခံပါက စစ်ရေး၊ နုုိင်ငံရေး အာမခံချက်များ ရယူရေး ညှိနှိုင်းဆွေးနွေးခဲ့သည်ဟုုလည်း ခွန်မြင့်ထွန်းက ဆက်လက်ပြောဆုုိသည်။
ယင်းအပြင် သြဂုုတ်လ ၂၃ ရက် တတိယနေ့ အစည်းအဝေးတွင် NCA တွင် လက်မှတ်ရေး ထုုိးရေးမူ နှင့်ပတ်သက်၍ ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ပြီး တစုံတရာ ဆုံုးဖြတ်ချက်ချမည် ဖြစ်ကြောင်းလည်း သိရသည်။
ငြိမ်းချမ်းရေးလက်မှတ်ထုုိးမည့် အဖွဲ့များကုုိ ကြိုဆုုိနေသည်ဟုု မြန်မာနုုိင်ငံဆုုိင်ရာ ဥရောပသမဂ္ဂအဖွဲ့ အသံအမတ်ကြီး မစ္စတာ ရိုလန်ကုုိဘီယာနှင့် နေပြည်တော်တွင် သြဂုုတ် ၂၁ ရက်နေ့က တွေ့ဆုံုစဉ် ဗုုိလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သေးသည်။
ပြီးခဲ့သည့် ၂၀၁၃ နှစ်ကုုန်ပုုိင်းက ကျင်းပခဲ့သော တုုိင်းရင်းသား လက်နက်ကုုိင်အဖွဲ့အစည်း ထိပ်သီး ခေါင်းဆောင်များ၏ လုုိင်ဇာညီလာခံတွင် အစုုိးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် တစ်နုုိင်ငံလုံုး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့(NCCT)ကုုိ ဖွဲ့စည်းနုုိင်ခဲ့သလုုိ၊ လောခီးလာညီလာခံတွင်လည်း NCA ကုုိ ပြင်ဆင်ဖြည့်စွက်နုုိင်ခဲ့သည်။







