NCA စာချုပ်ကို တိုင်းရင်းသား အဖွဲ့များနှင့် တပြိုင်တည်း လက်မှတ်ရေးထိုးရေးမူကို စွဲကိုင်မည်ဟု KIO ထုတ်ပြန်

NCA စာချုပ်ကို တိုင်းရင်းသား အဖွဲ့များနှင့် တပြိုင်တည်း လက်မှတ်ရေးထိုးရေးမူကို စွဲကိုင်မည်ဟု KIO ထုတ်ပြန်
by -
မဇ္ဈိမ
တစ်နုုိင်ငံလုံုး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA)ကို တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့အစည်း အားလုံး တပြိုင်တည်း လက်မှတ်ရေးထုုိးသွားရေးမူကုုိ ဆက်လက် စွဲကုုိင်ထားမည်ဟု ကချင် လွတ်လပ်ရေးအဖွဲ့(KIO) က သြဂုုတ်  ၂၁ ရက်နေ့တွင်  ထုုတ်ပြန်လုုိက်သည်။

သြဂုုတ် ၁၇နှင့် ၁၈ ရက်နေ့တွင် NCA နှင့်ပတ်သက်၍ ၁၀ ကြိမ်မြောက် အရပ်ဘက်လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးဖုုိရမ်၊ အရက်ဘက် လူ့အှုအဖွဲ့အစည်းများ ဖုုိရမ်ညှိနှိုင်းဆောင်ရွက်ရေးကော်မတီနှင့် ကချင်ပြည်နယ် အရပ်ဘက်လူ့အဖွဲ့အစည်းများ ငြိမ်းချမ်းရေးကွန်ယက်တုုိ့မှ အကြံပြုတင်ပြချက်များကုုိ KIO ဗဟုုိကော်မတီက လက်ခံရရှိပြီး ၎င်းတိုု့၏ သဘောထားကုုိ ထုုတ်ပြန်လုုိက်ခြင်းဖြစ်သည်။

ထုုတ်ပြန်ချက်တွင် “ခုုိင်မာသည့် အပစ်အခတ် ရပ်စဲရေး ဖြစ်စေရေးအတွက် တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့အစည်း အားလုံး တပြိုင်တည်း NCA တွင် လက်မှတ် ရေးထုုိးသွားရေးမူကုုိ ဆက်လက် စွဲကုုိင်ထားမည် ဖြစ်ပါသည်”ဟု ဖော်ပြထားသည်။

ထုုိအရပ်ဘက်လူ့အဖွဲ့အစည်းများ၏ အကြံပြုချက်များကုုိ တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့ အစည်း များ (EAOs)ကလည်း တည်ငြိမ်သည့် ငြိမ်းချမ်းဖြစ်လာစေရန် ဆန္ဒသဘောထားရှိပြီး စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုု ပေါ်ထွန်းလာရေးအတွက် လုုိအပ်သော အကြံပြုချက်များ လက်တွဲ ဆောင်ရွက်မှုများကုုိလည်း လက်ခံကြိုဆုုိသွားမည် ဖြစ်ကြောင်း KIO က အသိပေး ထုုတ်ပြန်ထားသည်။

KIO ပြန်ကြားရေးဌာနမှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက “အများအားဖြင့်က လက်မှတ်ထိုးဖို့ ကိစ္စကို စိုးရိမ်တယ်။ တိုင်းရင်းသားအားလုံးနဲ့ ဆွေးနွေးပြီးမှ အားလုံးပါဝင်ရေးကို အဓိက အကြံပြုတာ တော့ ရှိတယ်။ ဒါကြောင့် အားလုံးပါဝင်ရေးကို အားလုံးက အကြံပြုတယ်”ဟု မဇ္စျိမကို ပြောဆိုထားသေးသည်။

သြဂုတ် ၁၇ နှင့် ၁၈ နှစ်ရက်ကြာ ဌာနချုပ်လုုိင်ဇာမြို့တွင် လူထုုအကြံပြုချက်ရယူရေး အစည်းအဝေး ကျင်းပပြီး KIO ၏ ဒုဥက္ကဌ ဗိုလ်ချုပ် အင်ဘန်လနှင့် အထွေထွေအတွင်းရေးမှူး ဒေါက်တာ လဂျာတို့က အစိုးရနှင့် NCA အပေါ် တွေ့ဆုံ ဆွေးနွေးမှုများကို ပြန်လည်တင်ပြခဲ့ပြီး လူထုု၏ အကြံပြုချက်များ ရယူခဲ့ခြင်းဖြစ်သည်။

ထုုိကချင်အရပ်ဘက်လူအဖွဲ့အစည်းများ၏ အကြံပြုချက်များကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် သြဂုတ်လ ၂၁ ရက်မှ ၂၃ ရက်နေ့အထိ ကျင်းပနေမည့် တုုိင်းရင်းသား ထိပ်သီးခေါင်းဆောင်များ၏ အစည်းအဝေးတွင် ပြန်လည်တင်ပြဆွေးနွေးနေပြီဖြစ်သည်။

KIO 21.8.2015 statement

NCA လက်မှတ်ရေးထုုိးနုုိင်ရေးအတွက် တုုိင်းရင်းသား လက်နက်ကိုုင်အဖွဲ့အစည်းများ အားလုံုး ပါဝင်ရန် သြဂုုတ်  ၂၅ ရက်နောက်ပုုိင်း တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့အစည်း ၅ ဖွဲ့မှ ခေါင်းဆောင်များနှင့် အဆင့်မြင့် ညှိနှိုင်းရေး ကုုိယ်စားလှယ်အဖွဲ့မှ ၃ ဦး အပါအဝင် ထိပ်သီး ခေါင်းဆောင် ၈ ဦးက နေပြည်တော်သုုိ့ သွားရောက်၍ သမ္မတ ဦးသိန်းစိန်နှင့် ကာကွယ်ရေး စစ်ဦးစီးချုပ် ဗုုိလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံုဆွေးနွေးသွားမည် ဖြစ်သည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...