ရေကြီးမှုကြောင့် ဧရာဝတီတိုင်းတွင် ကျောင်း ခုနှစ်ကျောင်း ပျက်စီးခဲ့

ရေကြီးမှုကြောင့် ဧရာဝတီတိုင်းတွင် ကျောင်း ခုနှစ်ကျောင်း ပျက်စီးခဲ့
by -
မဇ္ဈိမ
ဧရာဝတီတိုင်းဒေသကြီးအတွင်း ဇူလိုင်၊ သြဂုတ် နှစ်လအတွင်း မြစ်ရေတိုးကာ ရေကြီးရေလျှံမှုများ ကြောင့် မူလတန်းလွန်ကျောင်း ခုနှစ်ကျောင်း ပျက်ဆီးခဲ့သည်ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါ်ခင်စောမူက မဇ္ဈိမသို့ ပြောသည်။

"ကျောင်းတွေ မြစ်ရေတက်ပြီး ကမ်းပြိုတာတွေကြောင့် ဖြစ်တာပါ။ တချို့ကျောင်းတွေ အသစ်ဆောက်ဖို့ လုပ်ထားတဲ့ ကျောင်းတွေဖြစ် တယ်။ ကျောင်းသားကျောင်းသူတွေမှာ အဲဒီလိုဖြစ်တာမှ ထိခိုက်မှုတော့ မရှိဘူး"ဟု လူမှုရေးဝန်ကြီး ဒေါ်ခင်စာမူက ပြောသည်။

လက်ရှိတွင် နေရာအချို့တွင် ရေမကျသေးသည့်အတွက် သွားလာရခက်ခဲသောကြောင့် ကျောင်းအချို့မှာ ပိတ်ထားရဆဲဖြစ်ပြီး အချို့နေရာများတွင်မူ ကျောင်းများကို ကယ်ဆယ်ရေး စခန်းအဖြစ် အသုံးပြုထားသည့်အတွက် ကျောင်းပိတ်ထားရခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

အချို့ရေနစ်မြှုပ်သည့် ကျောင်းများမှာ အသစ်ပြန်ဆောက်ရမည့် အနေအထားတွင်ရှိသည်ဟုလည်း ပြောသည်။ ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်တွင် တောင်တန် အ.မ.က ကျောင်းနှင့် အေးရွာ အ.မ.က ကျောင်း၊ ဇလွန်မြို့ ဗေဒံ အ.မ.က ကျောင်း၊ ညောင်တုန်းမြို့နယ်တွင် ရွှေသောင်ယံ အ.မ.က ကျောင်း၊ ဓနုဖြူမြို့တွင် ကျားဂျံု အ.မ.က ကျောင်း၊ အင်္ဂပူမြို့တွင် ညောင်တုန်းကြီး အ.မ.က ကျောင်းနှင့် ဂွေး တောက် အ.မ.က ကျောင်းတို့မှာ အသစ်ပြန်ဆောက်ရမည့် အခြေအနေတွင် ရှိနေသည်ဟု ဆိုသည်။

ကမ်းပြိုမှုကြောင့် R.C ၆၀ ပေ ၃၀ ပေ ၄ကျောင်း၊ R.C ၉၀ ပေ ၃၀ ၁ကျောင်းနှင့် R.C ၄၅ ပေ ၃၀ ပေ ကျောင်း ၁ကျောင်း ပြိုကျခဲ့ပြီး ရေကြီးနစ်မြှုပ်မှုကြောင့် ဧရာဝတီတိုင်းအတွင်း ကျောင်းပေါင်း ၁,၆၀၀ ဝန်းကျင် ပိတ်ထားရသည်။

May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...