ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ ဝင်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ် ၃၇၈ ဦးရှိကြောင်း ပြည်နယ်ရွေးကောက် ပွဲကော်မရှင်ပြော

ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ ဝင်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ် ၃၇၈ ဦးရှိကြောင်း ပြည်နယ်ရွေးကောက် ပွဲကော်မရှင်ပြော
by -
မဇ္ဈိမ
လာမည့် အောက်တိုဘာလတွင် ကျင်းပမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ ရခိုင်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၇၈ ဦးရှိကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောကြားသည်။

“ပြည်သူ့လွှတ်တော်အတွက်က ၉၅ ဦး၊ အမျိုးသားလွှတ်တော် အတွက်က ရ၁ ဦး၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်အတွက်က ၂၀၇ ဦး၊ ချင်းတိုင်းရင်း ကိုယ်စားလှယ်က ၅ ဦး၊ စုစုပေါင်း ၃၇၈ ဦး ရှိပါတယ်။ အဲဒီအထဲမှာ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်က ၅၀ ဦးပါတယ်။”ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပါတီ ၂၂ ပါတီရှိပြီး၊ ထိုအထဲတွင် တစ်သီးပုဂ္ဂလ တစ်ပါတီ ပါဝင်ကြောင်း ဦးအောင်မြင့်က ဆိုသည်။

ရခိုင်ပြည်နယ်တွင် ရေဘေးသင့် ပြည်သူများမှာ နိုင်ငံသားတစ်ဦးဖြစ်ကြောင်း စာရွက်စာတမ်းများ၊ မှတ်ပုံတင်များ ပျောက်ဆုံးသွားသောကြောင့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ စိုးရိမ်မှုများရှိနေ ကြပြီးပြည်နယ်ရွေးကောက် ပွဲကော်မရှင်က စိုရိမ်စရာမရှိဘဲ အားလုံးသူ မဲပေးနိုင်အောင် ဆောင်ရွက်နေကြေင်း ပြောသည်။

“ရေဘေးသင့်တဲ့ဒေသတွေ၊ မဲဆန္ဒတွေမှာ ရေဘေးကြောင့် ပျောက်သွားတာရှိမယ်၊ မှတ်ပုံတင်တွေ၊ အိမ်ထောင်စုစာရင်းတွေ မျောပါသွားတာ ရှိမယ်။ ဒီလို မဲဆန္ဒရှင်တွေ အနေနဲ့ ပူစရာမလိုပါဘူး။ ပထမ ကတည်းက မဲဆန္ဒရှင် စာရင်းက ကောက်ပြီးသား၊ အဲဒီမှာ ပါသွားရင် ဘာမှ ပူစရာမလိုဘူး။ အားလုံး သူ မဲပေးလို့ရအောင် ကော်မရှင်က စီစဉ်ထားတာ ရှိပါတယ်။ မှတ်ပုံတင်တောင် ယူလာစရာလိုမဘူး။ ရွေးကောက်ပွဲမကျမီ မဲထည့်ခွင့် လက်မှတ်လည်း၊ အားလုံးသူကို ထုတ်ပေးမှာပါ။ အဲဒီလက်မှတ်သာ ပါရင် ရပြီ၊ အဲဒီလက်မှတ်လည်းရှိရင်တော့ မဲပေးပိုင်ခွင့် ရရပါမယ်။”ဟု ပြောသည်။

လာမည့် စက်တင်္ဘာလ နောက်ဆုံးအပတ်တွင် မဲဆန္ဒရှင်စာရင်း အားလုံးကို အပြီးသတ် ကြေညာမည် ဖြစ်ပြီး၊ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး အသိပညာပေး လုပ်ငန်းစဉ်များကိုလည်း မဲပေးကြမည့် ပြည်သူ များပါ၊ မဲရုံစောင့်ကြမည့် ဝန်ထမ်းများပါ အားလုံးသူကို မဲဆန္ဒရှင် အတည်ပြုစာရင်း ထုတ်ပြန်ပြီးသည့် နောက်ပိုင်းတွင် အပြီးဆောင်ရွက်သွားမည်ဟု ဦးအောင်မြင့်ကဆိုသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ၂၀၁၂ ခုနှစ်က ပြည်ပရောက် မြန်မာ့အရေးလှုပ်ရှားသူများကို နိုင်ငံရေးတွင် ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ရန် ဖိတ်ခေါ်ထားသော်လည်း ရွေးကောက်ပွဲကော်မရှင်၏ ဥပဒေအရ လွှတ်တော်ကိုယ်စားလှယ်များသည် မည်သည့် နိုင်ငံကိုမှ သွားရောက်နေထိုင်ခွင့် မရှိရဘဲ မြန်မာနိုင်ငံတွင် ဆက်တိုက် ၁၀ နှစ် နေထိုင်နေသူ ဖြစ်ရမည်ဆိုသည့် ဥပဒေမှာ ၂၀၁၂ ခုနှစ်နောက် ပိုင်းမှ ပြည်ပကနေဝင်လာသည့် မြန်မာ့အရေးလှုပ်ရှားသူများ အနေဖြင့် လွှတ်တော် နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်ရန် အခက်အခဲရှိနေကြပြီး၊ ယင်းဥပဒေကိုလည်း ဖျက်သိမ်းသင့်သလို မဟုတ်ပါက ပြန်လည်ပြင်ဆင်သင့်ကြောင်း ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် မြောက်ပိုင်း မဲဆန္ဒရှင် အမှတ် (၁) က ဝင်ရောက်ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ဦးအောင်မင်းဦးက တောင်းဆိုထားသည်။

May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...