ထိုင်းဗုံးပေါက်ကွဲမှုတွင် မြန်မာနိုင်ငံသားများ လုံးဝ ပါဝင်ခြင်းမရှိကြောင်း သံအမတ်ပြောကြား

ထိုင်းဗုံးပေါက်ကွဲမှုတွင် မြန်မာနိုင်ငံသားများ လုံးဝ ပါဝင်ခြင်းမရှိကြောင်း သံအမတ်ပြောကြား
by -
မဇ္ဈိမ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ပေါ် ဗုံးပေါက်ကွဲမှုတွင် မြန်မာနိုင်ငံသားများ ပါဝင်ခြင်း လုံးဝ မရှိကြောင်း မြန်မာသံအမတ်ကြီး ဦးဝင်းမောင်က မဇ္စျိမကို ပြောသည်။

သြဂုတ် ၁၇ ရက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံ လုပ်သားများနှင့် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသော မြန်မာနိုင်ငံသားများအား အထူးသတိပြု နေထိုင်သွားလာကြပါရန် သြဂုတ် ၁၈ ရက်တွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက နှိုးဆော်စာ ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်း အလုပ်သမားများ၊ ပညာသင်ကြားနေသော ကျောင်းသူ ကျောင်းသားများ၊ အစိုးရဝန်ထမ်း ပညာတော်သင်များနှင့် မြန်မာနိုင်ငံသားခရီးသွားများနှင့် ဆေးကုသရန် ရောက်ရှိနေသော မြန်မာနိုင်ငံသားများအား အထူးသတိပြု နေထိုင်သွား လာကြပါရန်လည်း  သတိပေး နှိုးဆော်လိုက်ခြင်း ဖြစ်သည်။

ဗုံးပေါက်ကွဲမှုတွင် မြန်မာနိုင်ငံသားများ ပါဝင်မှု မရှိခြင်းကို မြန်မာသံအမတ်ကြီး ဦးဝင်းမောင်က “မပါဘူး။ လုံးဝ မပါဘူး။ သေတဲ့ ၂၁ ယောက်ထဲမှာလည်း မပါဘူး။ ၁၂၅ ယောက်မှာလည်း မပါဘူး။ အန္တရာယ်ရှိတဲ့ နေရာမို့လို့ မသွားဖို့ ထုတ်ပြန်ထားတာပါ။ အဲဒီနေရာတွေက ကုန်တိုက်တွေ ရှိတယ်။ ဒါကြောင့်မို့လို့ ကျောင်းသားတွေ၊ ဆေးလာကုတဲ့လူတွေ၊ အလုပ်သမားတွေ စျေးသွားဝယ်ရင် မသွားဖို့ ရှောင်နိုင်အောင်လို့ သတိပေးထားတာပါ”ဟု မဇ္စျိမကို ပြောသည်။

သြဂုတ်လ ၁၇ ရက်က ဘန်ကောက်မြို့ပေါ် လူစည်ကားရာ လေးမျက်နှာ ဧရာဝဏ်ဘုရားအနီး Ratchprson လမ်းဆုံတွင် ဗုံးပေါက်ကွဲမှုကြောင့်  ၂၁ ဦးသေဆုံးကာ ၁၂၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ထို့ပြင် အန္တရာယ်ဖြစ်ပွားရန် စိုးရိမ်ဖွယ်ပစ်မှတ် ဆောင်ရွက်နိုင်သည့် နယ်မြေ (Dangerous Areas) အဖြစ် ထိုင်းအစိုးရက သတ်မှတ်ထားသည့် နေရာ (၁၀) ခု လတ်ချ်ပစုံလမ်းဆုံ၊ ပထွန်းဝမ် လမ်းဆုံ။ စီလုံလမ်းဆုံ၊ ခေါင်းဆန်လမ်းဆုံ၊ နာရာထိဝတ် လမ်းဆုံ၊ အနုစာဝရီ၊ တုချိုင်းလမ်းဆုံ၊ ဘိန်ကျစီရီပန်းခြံ၊ ထောင်လော်လမ်းသွယ်နှင့် စုခွန်ဗစ်လမ်းတို့တွင် ရှောင်ရှားသတိပြုနိုင်ကြပါရန် အထူးသတိပေး နှိုးဆော်ထားသည်။

ယင်းအပြင် သြဂုတ် ၁၈ တွင် ဘန်ကောက်မြို့လယ်ရှိ တံတားတစ်ခုအနီး လက်ပစ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက်မှု ဖြစ်ပေါ်ခဲ့သေးသည်။

May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...