လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုတ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို လက်ရှိလွှတ်တော်တွင် ပြဌာန်းမည်ဟု သူရဦးရွှေမန်းပြော

လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုတ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို လက်ရှိလွှတ်တော်တွင် ပြဌာန်းမည်ဟု သူရဦးရွှေမန်းပြော
by -
မဇ္ဈိမ
လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည် ရုတ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို လက်ရှိကျင်းပဆဲ လွှတ်တော် အစည်းအဝေးတွင် အတည်ပြုပြဌာန်းသွားမည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက သြဂုတ် ၁၈ရက်နေ့တွင် ပြောဆိုလိုက်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက အမြန်ဆုံးပြဌာန်းပေးရန် အကြောင်းကြားထားသည့် အဆိုပါ ဥပဒေကြမ်းအား လက်ရှိလွှတ်တော်တွင် ပြဌာန်းနိုင်ရေး ပါဝင်ဆောင်ရွက်ကြရန်လည်း သူရဦးရွှေမန်းက လွှတ်တော်အမတ်များကို အသိပေးပြောဆိုသည်။

“ရွေးကောက်ပွဲကော်မရှင်ရဲ့ စာကို အလေးအနက်ထားတဲ့အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုတ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ကျင်းပဆဲ လွှတ်တော်အစည်းအဝေးကာလ အတွင်းမှာ အတည်ပြုနိုင်ရေး စီမံဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ပြည်ထောင်စုလွှတ်တော်တွင် သူရဦးရွှေမန်းက ပြောဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၃၉၆)၊ ပုဒ်မခွဲ(ခ)အရ ရွေးကောက်ခံလွှတ်တော်အမတ် တစ်ဦးဦးအား တာဝန်မှ ရုပ်သိမ်းရန် သက်ဆိုင်ရာမဲဆန္ဒနယ်မှ မဲဆန္ဒရှင် (၁)ရာခိုင်နှုန်း လက်မှတ်ရေးထိုးတိုင်ကြား နိုင်သည်ဟု ပါရှိသော်လည်း အဆိုပါ မဲဆန္ဒရှင် (၁)ရာခိုင်နှုန်းအတိုင်း ထားရှိပါက လွှတ်တော်အမတ် အချင်းချင်း၊ ပါတီများအချင်းချင်း အားပြိုင်မှုများဖြစ်ပေါ်လာနိုင်သဖြင့် သင့်တော်သည့် မဲဆန္ဒရှင် ရာခိုင်နှုန်းပြင်ဆင်ရန် ယင်းဥပဒေကြမ်းအား တင်သွင်းခဲ့ခြင်းဖြစ်သည်။

“ဒီလို တစ်ရာခိုင်နှုန်းက လက်မှတ်ထိုးမယ်ဆို လုပ်ရမယ့် ကိစ္စက အများကြီး လွှတ်တော်အတွင်းမှာ ဒါမျိုးတွေ ဖြစ်နေမယ်ဆိုရင် တခြားအလုပ်တောင် လုပ်ဖို့အချိန်ရှိမှာ မဟုတ်တော့ဘူး”ဟု အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပြုသည်။

ယင်းဥပဒေကြမ်းအပေါ် ပြည်ထောင်စုလွှတ်တော်၏ ဥပဒေကြမ်းပူးပေါင်းကော်မတီနှင့် လွှတ်တော်တွင်းရှိ နိုင်ငံရေးပါတီများ ဆွေးနွေးပြီး နှစ်ရက်အတွင်း လွှတ်တော်သို့ အစီရင်ခံရန်လည်း သူရဦးရွှေမန်းက တိုက်တွန်းထားသည်။

May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...