အမျိုးသား လွှတ်တော် အစည်းအဝေး ရပ်နားပေးရန် အရေးကြီး အဆိုတင်၊ လက်ခံဆွေးနွေးရန် အတည်ပြု

အမျိုးသား လွှတ်တော် အစည်းအဝေး ရပ်နားပေးရန် အရေးကြီး အဆိုတင်၊ လက်ခံဆွေးနွေးရန် အတည်ပြု
by -
မဇ္ဈိမ
အမျိုးသားလွှတ်တော် အစည်းအဝေး ရပ်နားပေးရန်အတွက် အရေးကြီး အဆိုနှစ်ခုကို ကိုယ်စားလှယ် နှစ်ဦးက  သြဂုတ် ၁၈ ရက်တွင် ကျင်းပသည့် ပထမအကြိမ် အမျိုးသားလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့ပြီး  လက်ခံဆွေးနွေးရန် အတည်ပြုခဲ့သည်။

ယင်းအဆိုကို မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၂ မှ  အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကြည်ထွန်းက တင်သွင်းခဲ့ခြင်းဖြစ်ပြီး ရေဘေးဒုက္ခသည်များအား ကာကွယ်ရေးလုပ်ငန်း၊ ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အနီးကပ် လုပ်ဆောင်ပေးနိုင်ရန် နှင့် ၂၀၁၅ ခု နှစ်ပါ တီစုံ အထွေထွေ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် ပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ဆောင်ရွက်ရန်ရှိသည်များ လုပ်ဆောင်နိုင်ရန်အတွက် အမျိုးသားလွှတ်တော်အစည်းအဝေးကို ရပ်နားပေးနိုင်ပါရန် အရေးကြီးအဆို တင်သွင်းခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် အလားတူ အရေးကြီးအဆို တစ်ခုကိုလည်း စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၅ မှ ဒေါက်ဝင်းမြင့်အောင်ကလည်း တင်သွင်းခဲ့သည်။

အဆိုပါ အရေးကြီးအဆို  နှစ်ခု လုံးကို အမျိုးသားလွွှတ်တော်ဥက္ကဌက အကြောင်းအရာ တူသည့်အတွက် လွှတ်တော်တွင် လက်ခံ  ဆွေးနွေးရန်သင့်မသင့်ကို  နှစ်ခု ပေါင်း၍ မတ်တပ်ရပ် မဲခွဲဆုံးဖြတ် ခဲ့သည်။

ယင်းအဆိုကို ယနေ့ တက်ရောက်သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အားလုံးအနက် ဦးဖုန်းမြင့်အောင် တစ်ဦးသာ ထိုင်၍ ကန့်ကွက်မဲပေးခဲ့သည်။ ယင်းကဲ့သို့သော အဆိုမျိုးကို အမှန်တကယ် တင်သင့်သည်မှာ ပြည်ထောင်စုလွှတ်တော်တွင်ဖြစ်ပြီး အမျိုးသားလွှတ်တော်တွင် မတင်သင့်ဟုလည်း ၎င်းက ဆိုသည်။

ဦးဖုန်းမြင့်အောင်က “အမျိုးသားလွှတ်တော်က မိန်းမဟုတ်ဘူးဗျ။  အမျိုးသားလွှတ်တော်ကြီးကို ဘရိတ်လုပ်ပြီး ပြည်ထောင်စုလွှတ်တော် ဘရိတ် မလုပ်ဘူးဆိုရင် ကျွန်တော်တို့က မနက်ပိုင်းမှာ ငုတ်တုတ် ထိုင်ပြီးညနေပိုင်းမှာ ပြည်ထောင်စု လွှတ်တော်တက်ဆိုရင် ရှေ့နောက် မညီတော့ဘူး။ ဒါကြောင့် အဆိုရှင်တွေကိုလည်း စဉ်းစားနိုင်အောင် မနက်ဖြန်မှာ ဒါကို ဆွေးနွေးမှာပါ”ဟု ဆိုသည်။

သို့ဖြစ်၍ အမျိုးသားလွှတ်တော် အစည်းအဝေးများ ရပ်နားပေးရန် အဆိုကို သြဂုတ် ၁၉ ရက်တွင် ဆွေးနွေးသွားမည်ဖြစ်သည်။ ယနေ့ ပြန်လည် ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင်း ယင်းကဲ့သို့ အရေးကြီး အဆိုတင်သွင်းခဲ့သေးပြီး ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက လွှတ်တော်အစည်းအဝေးကို အမြန်ဆုံးကျင်းပပြီးမှ ရပ်နားမည်ဟု ဆုံးဖြတ်လိုက်သည်။ 

May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...