သဘာဝဘေး အန္တရာယ်အတွက် ကျပ်ငွေ ၃၉ ဘီလီယံကျော် သုံးစွဲခဲ့ပြီးဖြစ်

သဘာဝဘေး အန္တရာယ်အတွက် ကျပ်ငွေ ၃၉ ဘီလီယံကျော် သုံးစွဲခဲ့ပြီးဖြစ်
by -
မဇ္ဈိမ
မြန်မာနိုင်ငံတစ်ဝန်း ရေကြီးရေလျှံနှင့် သဘာဝဘေးအန္တရာယ်ကျရောက်သည့် တိုင်းနှင့်ပြည်နယ် များတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက လုပ်ငန်းစဉ် သုံးခု ချမှတ်ဆောင်ရွက်နေပြီး ငွေကျပ် ၃၉ ဘီလီယံကျော် သုံးစွဲခဲ့ပြီးဖြစ်သည်ဟု သိရသည်။

သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက် သီးသန့်ရံပုံငွေမှ ထုတ်ယူသုံးစွဲခဲ့ခြင်းဖြစ်ပြီး ယင်းရံပုံငွေမှ ဆက်လက်သုံးစွဲခွင့်ပြုပေးရန် အမြန်ဆုံးစီစဉ်ဆောင်ရွက်နေသည်ဟု သြဂုတ် ၁၈ ရက် နိုင်ငံပိုင် သတင်းစာ၌ ဖော်ပြသည်။

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က အမေရိကန်ဒေါ်လာ ၃ သန်းထောက်ပံ့ရန် မြန်မာဘဏ္ဏာရေး ဝန်ကြီးဌာနနှင့် သဘောတူလက်မှတ်ရေးထိုးပြီးဖြစ်သကဲ့သို့ ဂျပန်နိုင်ငံကလည်း ကန်ဒေါ်လာ ၁ ဒဿမ ၅ သန်း ထောက်ပံ့ရန် အကြောင်းကြားခဲ့သည်ဟု ဆိုသည်။

အပြည်ပြည်ဆိုင်ရာငွေကြေးရံပုံငွေအဖွဲ့ (IMF) နှင့် ကမ္ဘာ့ဘဏ် (WB) တို့မှလည်း အတိုးမဲ့ချေးငွေများ ထောက်ပံ့ပေးနိုင်ရန်ဆောင်ရွက် လျှက်ရှိနေရာ WB က ယခင်လွှတ်တော်မှ ချေးငွေများအနက် ၅ ရာခိုင်နှုန်းအား ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင်သုံးနိုင်ရန် ကန်ဒေါ်လာ ၃၅ သန်း အဆိုပြုချက်ရရှိခဲ့ပြီးဟု သတင်းက ဖော်ပြသည်။

၎င်းသဘောတူညီမှုများသည် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက် သီးသန့်ရံပုံငွေနှင့် မည်သို့ သက်ဆိုင်သည်ကိုမူ သတင်း၌ ရှင်းရှင်းလင်းလင်း မသိရပါ။

ထို့အပြင် အမေရိကန်အပါအဝင် ဥရောပနိုင်ငံများနှင့် အာရှနိုင်ငံများကလည်း ကုလသမဂ္ဂအေဂျင်စီ များမှ တစ်ဆင့်သော်လည်းကောင်း၊ မြန်မာအစိုးရဝန်ကြီးဌာနမှ တစ်ဆင့်သော်လည်းကောင်း လှူဒါန်းမှု များလည်း ရှိနေသည်။

May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...