ရေဘေးသင့်နေချိန်အတွင်း ရခိုင် မြောက်ဦး၊ မင်းပြား၌ မီးဖွားသည့် မိခင် ၅၀ကျော်ရှိပြီး အစာအာဟာရလိုအပ်နေ

ရေဘေးသင့်နေချိန်အတွင်း ရခိုင် မြောက်ဦး၊ မင်းပြား၌ မီးဖွားသည့် မိခင် ၅၀ကျော်ရှိပြီး အစာအာဟာရလိုအပ်နေ
by -
မဇ္ဈိမ
ရေဘေးဒဏ် အဆိုးရွာဆုံးခံခဲ့ရသော မြောက်ဦးနှင့် မင်းပြားမြို့တို့တွင် ရေကြီးနေသည့်အချိန် ကလေးမွေဖွားသည့် မိခင် ၅၀ ကျော်ရှိပြီး သူတို့မှာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အစာအာဟာရ အကူအညီများ လိုအပ်နေကြောင်း ရခိုင်အမျိုးသမီးအစည်းအရုံး(RWU) အဖွဲ့က ပြောကြားသည်။

စစ်တွေမြို့၊ ရိန်ဘိုးဖောင်ဒေးရှင်းရုံးတွင် သြဂုတ် ၁၄ရက်က ပြုလုပ်သည့် ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ၊ ရခိုင်အမျိုးသမီးအစည်းအရုံး (RWU) နှင့် ရိန်းဘိုးဖောင်ဒေးရှင်းအဖွဲ့ သုံးဖွဲ့ ရေဘေးသင့် ပြည်သူများသို့ ဆန်နှင့် အစားအသောက်များ သွားရောက်လှူဒါန်းခဲ့သည့် အကြောင်းအရာနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတွင် RWU ၏ ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

“မွေးမိခင်တွေရဲ့ ဘဝဟာ သာမန်လူသားတွေရဲ့ ဘဝနဲ့ မတူဘူး။ အင်မတန်မှ အခက်အခဲတွေ ရှိတယ်။ အာဟာရတွေ လိုအပ်တယ်။ ကလေးတွေရဲ့ အဟာရ၊ ကလေးအမေရဲ့ အဟာရ၊ ပြီးလို့ရှိရင် ကလေးရဲ့ ကျန်းမာရေး၊ မိခင်ရဲကျန်းမာရေး တအားအရေးကြီးတယ်။ အဲဒါကို မြို့ပေါ်အနေနဲ့လည်း လုံးဝ မလုပ်ပေးနိုင်ဘူး။ မင်းပြားမှာဆိုရင် မြို့တခုလုံး နစ်မြုပ်တယ်။ သောက်ရေလည်း မရှိဘူး။ လုံးဝကို အခက်အခဲဖြစ်သွားကြတယ်။ တစ်ယောက်ကို တစ်ယောက် မကူနိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ လူနာတွေ ခွဲစိတ်လူနာတွေဆိုရင် အခုထိရှိနေတယ်။ ဒါကို အစိုးရက အမြန်ဆုံး ကူညီဆောင်ရွက်သင့်ပါတယ်။”ဟု ပြောသည်။

ကလေးမွေးမိခင်မှာ မင်းပြားမှာ ၃၀ ကျော်နှင့် မြောက်ဦးမှာ ၂၀ ကျော်ရှိပြီး သူတို့ကို အစိုးရအနေဖြင့် ကြက်ခြေနီအဖွဲ့အစည်းတွေကို စေလွှတ်ပေးသင့်ပြီး ကျန်းမာရေးစောင့်ရှောက်မှုကို အနီးကပ် လုပ်ဆောင်ပေးရန်နှင့် RWU အနေဖြင့်လည်း ယင်းမွေးမိခင်များကို ကျန်းမာရေးစောင့်ရှောက်မှုနှင့် အစာအဟာရ ထောက်ပ့ံမှုများ ပြုလုပ်ပေးစီစဉ်ထားကြောင်း သူကဆိုသည်။

ယင်း မွေးမိခင် ၅၀ ကျော်မှာ လက်ရှိ စာရင်းအရသာဖြစ်ပြီး ထပ်မံလည်း စာရင်းပြုစုနေသလို ကျောက်တော်၊ ပုဏ္ဏားကျွန်းမြို့များတွင်လည်း စာရင်းပြုစုနေပြီး မွေးမိခင် ထပ်တိုးလာနိုင်ကြောင်း၊ ယင်းအပြင် ရေဘေးသင့် ပြည်သူများမှာ လက်ရှိအချိန်ထိ အကူအညီမရသေးသည့် ကျေးရွာများရှိပြီး ပြည်နယ်အစိုးရအနေဖြင့်လည်း လာရောက်ကူညီမှု အလွန်းနည်းနေသေးကြောင်း ဒေါ်စောမြရာဇာလင်းက ဆိုသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...