UWSA နှင့် မိုင်းလားအဖွဲ့တို့ ရေဘေးသင့်ပြည်သူများအတွက် ဒုတိယအကြိမ် သိန်း ၁၂၀၀ လှူ

UWSA နှင့် မိုင်းလားအဖွဲ့တို့ ရေဘေးသင့်ပြည်သူများအတွက် ဒုတိယအကြိမ် သိန်း ၁၂၀၀ လှူ
by -
မဇ္ဈိမ
မိုးသည်းထန် သဖြင့်ရေကြီးနစ်မြုပ် ပြီးရေဘေးသင့်နေသူများအား ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးဆောင်ရွက်နိုင်ရန် 'ဝ' အထူးဒေသ ၂ (UWSA)နှင့် မိုင်းလား အထူးဒေသ ၄ တို့က ကျပ် သိန်း ၆၀၀ စီ ဒုတိယအကြိမ် ထပ်မံလှူဒါန်းကြသည်။

နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ သြဂုတ် ၁၃ ရက်နေ့က ပေးအပ်ခြင်းဖြစ်ပြီး အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့် ခွဲမှုကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးဘုန်းဆွေက လက်ခံခဲ့သည်။

လှူဒါန်းပွဲသို့ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်၊ ဒုတိယဥက္ကဌ ဦးမြညိမ်းနှင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များတက်ရောက်ကြသည်ဟု နိုင်ငံပိုင်သတင်းစာက ဖော်ပြသည်။

(UWSA) နှင့် မိုင်းလားအဖွဲ့တို့သည် သြဂုတ် ၁၁ ရက်နေ့ကလည်း နေပြည်တော်၌ သိန်း ၆၀၀ စီပေးအပ်ခဲ့ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်က လက်ခံရယူခဲ့သည်။

သြဂုတ် ၁၃ လှူဒါန်းပွဲ၌မူ အမျိုးလွှတ်တော်ကိုယ်စားလှယ်များက သိန်း ၈၀ ကျော်နှင့်၊ အမျိုးသား လွှတ်တော်ကယ်ဆယ်ရေးနှင့် ကူညီစောင့်ရှောက်ရေးကော်မတီ ဥက္ကဌဒေါက်တာခင်ရွှေက သိန်း ၁၀၀ ခန့် တန်ဘိုးရှိ အဝတ်အထည်များ ပေးအပ်လှူဒါန်းကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်က လက်ခံရယူသည်။

ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၇၂)၊ စီမံ/စီးပွားဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံမှ ကိုယ်စားလှယ်တစ်ဖွဲ့တို့ကလည်း အသီးသီးလှူဒါန်းကြသည်။

May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...