တရုတ်နိုင်ငံကသာ ဆန္ဒရှိပါက ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာနိုင်ရန် ဖိတ်ကြားမည်

တရုတ်နိုင်ငံကသာ ဆန္ဒရှိပါက ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာနိုင်ရန် ဖိတ်ကြားမည်
by -
မဇ္ဈိမ
တရုတ်နိုင်ငံအနေဖြင့် လာမည့် နိုဝင်ဘာရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာလိုပါက ရွေးကောက်ပွဲကော်မရှင်က ဖိတ်ကြားမည်ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်အသစ် မစ္စတာဟုန်လျန်အား နေပြည်တော်၌ သြဂုတ် ၁၂ ရက်နေ့က တွေ့ဆုံစဉ် သံအမတ်ကြီး၏ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးနှင့်ပတ်သက်၍ မေးမြန်းမှုကို ပြန်လည်ရှင်းလင်းစဉ် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

အာဆီယံနိုင်ငံများ၏ ရွေးကောက်ပွဲကော်မရှင်များကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေနှင့် ဖိတ်ကြားမည်ဟု ဆိုသည်။ ၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကဲ့သို့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများကိုလည်း လေ့လာခွင့်ပြုသွားမည်ဟု ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာထဲ၌ ဖော်ပြထားသည်။

ထို့အပြင် ပြည်တွင်း/ပ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များအား လေ့လာခွင့်ပြုသွားမည် ဖြစ်ပြီး Carter Center၊ EU၊ ANFREL၊ IRI နှင့် Gender Concern အဖွဲ့တို့ လေ့လာလိုကြောင်း အဆိုပြုထားပြီး Carter Center၊ EU တို့မှာ MoU ရေးထိုးထားပြီးဖြစ်သည်။ ပြည်ပမှ အန်ဂျီအိုများကို လေ့လာခွင့် မပြုထားသော်လည်း ပြည်တွင်းမှ လူမှုအဖွဲ့အစည်းများကိုမူ ခွင့်ပြုမည်ဖြစ်သည်။

စောင့်ကြည့်လေ့လာခြင်းကို ကာလရှည်နှင့် ကာလတို နှစ်မျိုးသတ်မှတ်ထားပြီး ကာလရှည်မှာ ၃-၄ လခန့် စောင့်ကြည့် လေ့လာခြင်းဖြစ်ပြီး MoU ထိုးရန်လိုအပ်သည်။ ကာလတိုမှာမူ ရွေးကောက်ပွဲနေ့ မတိုင်မီ ၂ ရက်နှင့် ရွေးကောက်ပွဲအပြီး တစ်ရက်-နှစ်ရက်ခန့်သာ လေ့လာခြင်းဖြစ်သည်။

ကော်မရှင်ဖွဲ့စည်းပုံနှင့် တာဝန်များ၊ ရွေးကောက်ပွဲစနစ်၊ မဲပေးပုံစနစ်၊ မဲစာရင်းပြုစုပုံ၊ ရွေးကောက်ပွဲ ဖြစ်စဉ်များနှင့် ပြင်ဆင် ဆောင် ရွက်ထားမှုများကိုလည်း ဥက္ကဋ္ဌ ဦးတင်အေးက တရုတ်သံအမတ်ကြီး အား ရှင်းလင်းပြောကြားခဲ့သေးသည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်အသစ် မစ္စတာဟုန်လျန်နှင့် တွေ့ဆုံရာတွင် ဥက္ကဌနှင့်အတူ အဖွဲ့ဝင်များ၊ အတွင်းရေးမှူး နှင့် ကော်မရှင်ရုံးတာဝန်ခံများ ပါဝင်သည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...