ပြည်ခိုင်ဖြိုး ပါတီအခြေအနေများ ရှုပ်ထွေးနေပြီး ဦးရွှေမန်းနှင့် ဦးမောင်မောင်သိမ်း နေအိမ်များတွင်သာရှိနေ

ပြည်ခိုင်ဖြိုး ပါတီအခြေအနေများ ရှုပ်ထွေးနေပြီး ဦးရွှေမန်းနှင့် ဦးမောင်မောင်သိမ်း နေအိမ်များတွင်သာရှိနေ
by -
မဇ္ဈိမ
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွ့ံဖြိုးရေး ပါတီ အခြေအနေများ ရှုပ်ထွေးနေပြီး ပါတီ ဥက္ကဌ ဦးရွှေမန်းနှင့် အထွေထွေ အတွင်းရေးမှုး ဦးမောင်မောင်သိမ်းတို့ နေအိမ်များတွင်သာ ရှိနေကြောင်း ဦးမောင်မောင်သိမ်းက မဇ္စျိမကို သြဂုတ် ၁၃ရက် နံနက် ၁၀နာရီ ၃၂မိနစ်တွင် ဖြေကြားသည်။

ဦးမောင်မောင်သိမ်းက “အခြေအနေတွေက ရှုပ်ထွေးနေတာ၊ သူ(ဦးရွှေမန်း)အိမ်မှာ ကျန်းကျန်းမာမာ ရှိတယ်။ ကျွန်တော်လည်း အိမ်မှာပဲ၊ ရုံးမှာတော့ ဗဟိုအလုပ်အမှုအဆောင် အစည်းအဝေး လုပ်နေတယ်။ နေရာအပြောင်းအလဲတွေကိုတော့ ဦးဌေးဦးကိုပဲ မေးကြည့်လိုက်ပါ”ဟု ဆိုသည်။

အာဏာရပါတီ အခြေနေနှင့် ပါတီဥက္ကဌ ဦးရွှေမန်းကို ထိန်းသိမ်းသည်ဟု ထွက်ပေါ်နေသည့် သတင်း များအပေါ် မဇ္စျိမက ဆက်သွယ်မေးမြန်းရာ အထက်ပါအတိုင်း ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးရုံးတွင် ဗဟိုအလုပ်မှုဆောင်အစည်းအဝေး ပြုလုပ်နေသော်လည်း ပါတီဥက္ကဌနှင့် အထွေထွေအတွင်း ရေးမှုးတို့မှာ မိမိနေအိမ်များတွင်သာရှိနေပြီး ဦးဌေးဦးအပါအဝင် တခြား ဗဟို အလုပ်အမှုဆောင်များဖြင့်သာ အစည်းအဝေးကို ပြုလုပ်နေခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးရုံးတွင် ပြုလုပ်နေသည့် အစည်းအဝေးက မည်သည့်အတွက်ပြုလုပ်သည်ကိုမူ ဦးမောင်မောင်သိမ်း အနေဖြင့် ဖြေကြားပေးလိုခြင်းမရှိကြောင်းနှင့် တခြားအကြောင်းအရာများကို လည်း ဦးဌေးဦးသို့သာ ဆက်သွယ်မေးမြန်းရန် ပြောဆိုသည်။

လက်ရှိတွင် ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်အပြောင်းအလဲနှင့် ခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်း သည် ဆိုသည့် သတင်းများမှာ လူမှုကွန်ယက်စာမျက်နှာတွင် ပျံနှံ့လျက်ရှိသည်။ သူရဦးရွှေမန်းသည် ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲကို ဇာတိမြေ ကညွတ်ကွင်းပါသည့် ဖြူးမြို့နယ်မှ ဝင်ရန် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းထားပြီးဖြစ်သည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...