ရေဘေးကြောင့် ပျက်စီးသီးနှံ ဧက ၄ သိန်း ၈ သောင်းကျော်ရှိသော်လည်း ပြန်စိုက်ဧက ၅သောင်းကျော်သာရှိ

ရေဘေးကြောင့် ပျက်စီးသီးနှံ ဧက ၄ သိန်း ၈ သောင်းကျော်ရှိသော်လည်း ပြန်စိုက်ဧက ၅သောင်းကျော်သာရှိ
by -
မဇ္ဈိမ
တိုင်းနှင့်ပြည်နယ် ၁၄ ခုနှင့် နေပြည်တော်ဒေသတို့တွင် ယခုနှစ် ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လအတွင်း သီးနှံများရေကြီး ရေမြုပ်ပြီး ဧကပေါင်း ရ သိန်း ၄ သောင်း ၅ ထောင်ကျော် ထိခိုက်ပြီး၊ ပျက်စီးမှု ဧကပေါင်း ၄ သိန်း ၈ သောင်းကျော် ရှိသည်ဟု သိရသည်။

ရေမြုပ်ဧက ၁၃ သိန်းခြောက်သောင်းခုနှစ်ထောင်ကျော်ရှိခဲ့ရာမှ ၁၀ သိန်းနှစ်သောင်းခုနှစ်ထောင်ကျော် ရေပြန်ပေါ်သည်ဟုလည်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လယ်ယာမြေစီမံခန့် ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက သြဂုတ် ၁၁ ရက်တွင် ထုတ်ပြန်သည်။ ပြန်လည်စိုက်ပျိုးနိုင်သည့် တစ်နိုင်ငံလုံး စုစုပေါင်း ဧကမှာမူ ၅ သောင်း ရ ထောင်ကျော်သာရှိသည်။

ထုတ်ပြန်ထားသည့်စာရင်းအရ ထိခိုက်ပျက်စီးမှုများတွင် ရခိုင်ပြည်နယ်၌ အများဆုံးဖြစ်သည်။ ထိခိုက် ၂ သိန်း ရ သောင်းကျော်ရှိပြီး ပျက်စီးပြီး ဧက ၂ သိန်းတစ်သောင်းကျော်ရှိသည်။ ရေမြုပ်ဧက ၂ သိန်း ၉ သောင်းကျော်လုံး ပြန်ပေါ်သည်ဟု သိရသော်လည်း ပြန်လည် စိုက်ပျိုးနိုင်သည့်ဧကမှာ ၄ သောင်း ရ ထောင်ကျော်သာဖြစ်သည်။

စစ်ကိုင်းတိုင်းသည် ထိခိုက်မှု ဧက တစ်သိန်းသုံးသောင်းကျော်ဖြင့် ဒုတိယအများဆုံးဖြစ်ပြီး ပျက်စီးမှု ဧက ၈ သောင်း ရ ထောင် ကျော် ရှိနေသည်။ ပြန်စိုက်နိုင်သည့်ဧကမှာမူ ရှစ်ထောင်သုံးရာကျော်သာ ဖြစ်သည်။

ပဲခူးတိုင်းသည် ထိခိုက်မှု ဧက တစ်သိန်းနှစ်သောင်းကျော်၊ ပျက်စီး ဧက လေးသောင်းနှစ်ထောင်ကျော်ဖြင့် တတိယ ဖြစ်သည်။ ပြန်လည် စိုက်ပျိုးနိုင်ခြင်းလည်း လုံးဝမရှိသေးကြောင်း တွေ့ရသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...