သဘာဝဘေးအန္တရာယ်ကြောင့် သေဆုံးသူ ရခိုင်ပြည်နယ် အများဆုံးဖြစ်

သဘာဝဘေးအန္တရာယ်ကြောင့် သေဆုံးသူ ရခိုင်ပြည်နယ် အများဆုံးဖြစ်
by -
မဇ္ဈိမ
မြန်မာနိုင်ငံတစ်ဝန်းလုံး ဇွန်လမှစတင်ဖြစ်ပွားခဲ့သော သဘာဝဘေးအန္တရာယ်ကြောင့် လူသေဆုံးမူ အများဆုံးမှာ ရခိုင်ပြည်နယ်ဖြစ်သည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဇွန်လ ၂၄ ရက်မှ သြဂုတ်လ ၁၁ ရက်နေ့အထိ စာရင်းအရ သေဆုံးသူ စုစုပေါင်း ၁၀၃ ဦးရှိသည့် အနက် ရခိုင်ပြည်နယ်၌ သေဆုံးရသူ စုစုပေါင်း ၆၂ ဦးရှိနေသည်။ ဇွန်လ ၂၄ ရက်မှ ၂၈ ရက်နေ့ အထိ သေဆုံးသူ ရ ဦး၌ ရခိုင်ပြည်နယ်မှ ၆ ဦးနှင့် ဧရာဝတီတိုင်း မှ ၁ဦး ပါဝင်သည်။ ဇူလိုင်လ ၁၆ ရက်မှ သြဂုတ်လ ၁၁ ရက်နေ့ထိ တိုင်းနှင့်ပြည်နယ် ၁၂ ခုတွင် စုစုပေါင်း ၉၆ ဦးသေဆုံးခဲ့ရာ ရခိုင်ပြည်နယ်မှ ၅၆ ဦးထပ်မံပါဝင်ခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့တွင် ၁၁ ဦးစီနှင့် ဒုတိယအများဆုံးဖြစ်ပြီး၊ ရှမ်းပြည်နယ်တွင် ၉ ဦး၊ ချင်းပြည်နယ်တွင် ၄ ဦး၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းတို့တွင် ၂ ဦးစီ၊ ကချင်ပြည်နယ်တွင် ၁ ဦး တို့ဖြစ်ကြ သည်။

သေဆုံးမှုထောက်ပံ့ကြေးငွေကျပ် ၈၈,၀၀၀,၀၀ ပေးပို့ထောက်ပံ့ခဲ့သည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနက သြဂုတ် ၁၂ ရက်နေ့တွင် စာရင်းထုတ်ပြန်သည်။

ဇွန် ၂၄ ရက်မှ ၂၈ ရက်အထိ တိုင်းဒေသကြီး ၃ ခုနှင့် ပြည်နယ် ၂ ခုတွင်လည်းကောင်း၊ ဇူလိုင် ၁၆ မှ သြဂုတ် ၁၁ ရက်ထိ တိုင်းဒေသကြီး ၆ ခုနှင့် ပြည်နယ် ၆ ခုတို့တွင်လည်းကောင်း သဘာဝဘေး အန္တရာယ်များ ကျရောက်ခဲ့ရာ ရေဘေးသင့် အိမ်ထောင်စု ၂,၅၇၅,၄၄ မှ လူဦးရေ ၁၁,၅၂၈,၇၉ ဦးရေဘေးသင့်ခဲ့သည်ဟု အစိုးရက ထုတ်ပြန်သည်။

ဆန်ရိက္ခာ၊ အရေးပေါ်အစားအစာ၊ အိမ်ဆောက်ပစ္စည်း၊ ကယ်ဆယ်ရေးပစ္စည်းနှင့် သေဆုံးသူများ အတွက် ထောက်ပံ့ငွေအပါအဝင် စုစုပေါင်း ငွေကျပ် ၅၁၀၇,၃၅၁,၉၆ ကျကုန်ခဲ့သည်ဟု သိရသည်။

May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...