မောင်တော၊ ရမ်းဗြဲနှင့် ကျောက်ဖြူမှ ဘင်္ဂလီ ၆၈၄ ဦးသာနိုင်ငံသား စိစစ်ရန်လျှောက်ထားသေး

မောင်တော၊ ရမ်းဗြဲနှင့် ကျောက်ဖြူမှ ဘင်္ဂလီ ၆၈၄ ဦးသာနိုင်ငံသား စိစစ်ရန်လျှောက်ထားသေး
by -
မဇ္ဈိမ
ရခိုင်ပြည်နယ်အတွင်းရှိ မောင်တော၊ ရမ်းဗြဲနှင့် ကျောက်ဖြူမှ ဘင်္ဂါလီ ၆၈၄ ဦးသာ နိုင်ငံသား စိစစ်ရေးအတွက် လျှောက်ထားသေးကြောင်း ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ဦးစီးဌာနမှ ဌာနမှူး ဦးခင်စိုးက မဇ္စျိမကို ပြောသည်။

၎င်းက "လာလျောက်သူတွေအများစုက အမျိုးသားမှတ်ပုံတင်ကဒ်ရှိသူတွေပဲ။ သူတို့ကိုတော့ အဲဒီ ကဒ်တွေ မသိမ်းဘူး။ ပြန်ပေးထားတယ် စိစစ်နေတဲ့ကာလအတွင်း အထောက်အထားရအောင်လို့ ဝှိုက်ကဒ်တွေကိုတော့ နိုင်ငံသား စိစစ်ရေးအသိအမှတ်ပြု ကဒ်တွေပြန်ထုတ်ပေးထားတယ်"ဟု ဆိုသည်။

လျောက်ထားသည့် ၆၈၄ဦးတွင် မောင်တောမှ ၁၃၈ဦး၊ အများဆုံးပါ၀င်ပြီး ရမ်းဗြဲ၊ ကျောက်ဖြူနှင့် အခြားမြို့နယ်များမှ အနည်းငယ်သာ ပါဝင်ပြီး ၄င်း ၆၈၄ဦးတွင် ၂၀၈ဦးမှာ  ပြည်နယ်အဆင့် စိစစ်မှု အဆင့်ရှိ ကာ၊ ရ၀ မှာမူ ပြည်နယ်အဆင့်စိစစ်မှုပြီးစီးပြီး ဗဟိုအဆင့်သို့ရောက်ရှိနေသည်။ ကျန် ၄၀၀ ကျော်မှာမူ မြို့နယ်အဆင့်စိစစ်ခြင်းသာ ရှိသေးကြောင်း ရခိုင်ပြည်နယ် လဝက မှ သိရသည်။

နိုင်ငံသားစိစစ်မှုကို မြို့နယ်အဆင့်၊ ပြည်နယ်အဆင့်တို့တွင် လဝက၊ ပြည်ထဲရေး၊ ရခိုင်ကိုယ်စားလှယ်၊ ဘင်္ဂါလီကိုယ်စားလှယ်တို့ဖြင့် ဖွဲ့စည်းထားသည့်အဖွဲ့များဖြင့် စိစစ်ပြီး ဗဟိုအဆင့်တွင် နိုင်ငံတော် ဒုတိယသမ္မတတစ်ဦး ဦးဆောင်ပြီး လဝက ဝန်ကြီးက အတွင်းရေးမှူးအဖြင့် ပါရှိသည့်အဖွဲ့ဖြင့် စိစစ်မှု များ ပြုလုပ်ခြင်းဖြစ်သည်ဟု လဝက ဝန်ကြီး ဦးခင်ရီက သတင်းစာများကို ရှင်းလင်းပြောကြားထားသည်။

ဗဟိုအဆင့်ဟူ၍ နိုင်ငံသားစိစစ်မှု လာရောက်လျောက်ထားသူများကို ထုတ်ပေးသည့် NVC (နိုင်ငံသား စိစစ်သည့် အထောက်အထားကဒ်) ကို အစမ်းနုရောင်နှင့် အပြာရောင်ရှိ ကဒ်ပြားများကို သက်တမ်း ၂နှစ်ဖြစ်သက်မှတ် ပေးထားပြီး၊ သက်တမ်းကုန်ဆုံးမှုရှိပါကလည်း ပြန်လည်ထုတ်ယူနိုင်ကြောင်း လဝကမှ သိရသည်။

မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် ဘင်္ဂါလီဟု လဝက က သတ်မှတ်ထားသူ ၁ ဒဿမ ၃၅သန်းထိရှိပြီး ၎င်းတို့ထဲမှ ၁ ဒဿမ ၀၅သန်း (၁၀သိန်း ၅သောင်း) သည်ရခိုင်ပြည်နယ်တွင် နေထိုင်ကာ ဘင်္ဂါလီ ရ သန်းခန့်က ယာယီ သက်သေခံကဒ် (ဝှိုက်ကဒ်)ကို ကိုင်ဆောင်ထားသူများဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဝှိုက်ကဒ်ကိုင်ဆောင်သူများသည် နိုင်ငံတော်သမ္မတ၏ ၂၀၁၅ခုနှစ် မတ်လတွင် ထုတ်ပြန်သည့် သက်တမ်းကုန်ဆုံးခြင်း သက်မှတ်ရက်နှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ လုပ်ကိုင်နေရခြင်းတို့ကြောင့် ၂၀၁၅ ခုနှစ် မဲပေးခွင့်ကို ရရှိကြမည်မဟုတ်ပေ။

၁၉၈၂ နိုင်ငံသား စိစစ်မှုဥပဒေအရ နိုင်ငံသားစိစစ်ခြင်းလုပ်ငန်းများကို ၂၀၁၄ ခုနှစ် ဇွန်လအတွင်းမှ စတင်ကာ မြေပုံမြို့နယ်တွင် စမ်းသပ်စစ်ဆေးခဲ့ပြီး လူဦးရေ တစ်ထောင်ကျော်စိစစ်နိုင်ခဲ့သည်။ လူပေါင်းလေးဆယ်ကျော် နိုင်ငံသားလက်မှတ်ထုတ်ပေးခဲ့ပြီး တစ်ရာကျော်ကို နိုင်ငံသားပြုခွင့်ရ သူအဖြစ် ကြေညာခဲ့သည်။

ထို့နောက် စမ်းသပ်စိစစ်ခြင်းလုပ်ငန်းကို ၂၀၁၅ ဇန်နဝါရီလတွင် ပြန်လည်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ထိုစိစစ်ခြင်းကို လ.ဝ.က ၏ လုပ်ငန်းစဉ်များအတိုင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စိစစ်ခြင်းသာဖြစ် ပြီး အထူးစီမံချက်များအဖြစ် စိစစ်ခြင်းမဟုတ်ပေ။ ရခိုင်ပြည်နယ်တွင် နိုင်ငံသားဖြစ်ခွင့်မရှိ သေးသူများကို စိစစ်မည်ဆိုပါက ဆယ်သိန်းကျော်ကို စိစစ်ရမည်ဖြစ်သည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...