သြဂုတ်လ ၁၂ ရက်မှ ၁၅ ရက်နေ့အထိ ချင်းသမိုင်းဆိုင်ရာနှင့် ချင်းပြည်နယ်ပြန်လည်ထူထောင်ရေးဟု အပိုင်းနှစ်ပိုင်းခွဲ၍ နှစ်နေရာ ကျင်းပမည်ဖြစ်သည်။
၁၂-၁၃ ရက်နေ့ နံနက် ၉ နာရီမှ စတင်ကာ ချင်းသမိုင်းဆိုုင်ရာနှီးနှောဖလှယ်ပွဲကို ရန်ကုုန်မြို့၊ ဒဂုံမြို့နယ်၊ တော်ဝင်ဂါးဒင်းဟိုတယ်၊ Ball Room တွင် ပြုလုုပ်မည်ဖြစ်သည်။
တော်ဝင်ဂါးဒင်းဟိုတယ်၌ ကျင်းပမည့်ပွဲကို ၂၀၁၄ ခုုနှစ် သန်းခေါင်စာရင်းဆိုုင်ရာ ချင်းအမျိုးသား အထောက်အကူပြု ကော်မတီနှင့် ဂျီဒီအိုင်အဖွဲ့တို့ ပူးပေါင်း စီစဉ်ခြင်းဖြစ်သည်။
Dr. Chum Awi (ယခင် ဇက်တီစီကျောင်းအုုပ်ကြီးဟောင်း)၊ Dr. Salai Lian Hmung Sakhong၊ Dr. Kenneth Van Bik (ဘာသာဗေဒပညာရှင်)၊ Dr. Aye Aye Ngun (သမိုုင်းပါမောက္ခ)၊ Salai Ro Sang (ချင်းသမိုင်းသုုတေသန ပညာရှင်) တိုု့က ဦးဆောင်ဆွေးနွေးဆောင်ကြမည်။
ဆလိုင်းအိုင်ဇက်ခင်က "သန်းခေါင်စရင်းမှာ ချင်းလူမျိုးအမည် တော်တော်များများ မှားယွင်းနေတယ်။ အဲ့ဒါတွေ ပြန်လည်တည့် မတ် ပြင်ဆင်နိုုင်ရေးအတွက် အဓိက ဆွေးနွေးကြမှာပါ။"ဟု ပြောသည်။
၁၄-၁၅ ရက် နံနက် ၉ နာရီမှ စတင်မည့် ချင်းဒေသပြန်လည်ထူထောင်ရေးနှီးနှောဖလှယ်ပွဲကိုု ဒဂုံုမြို့နယ်၊ တော်ဝင်ဂါးဒင်းဟိုုတယ်ရှေ့၊ အင်္ဂလီကန်ဘီးရှော့ဟုမ်းဝင်း ခန်းမဆောင်၌ ကျင်းပမည်။
ချင်းဒေသရှိ သဘာဝဘေးကယ်ဆယ်ရေးကော်မတီအသီးသီးမှ ကိုယ်စားလှယ်များ၊ သဘာဝဘေး အန္တရာယ် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးချင်းကော်မတီ (CCERR)၊ ချင်းအမျိုးသားတပ်ဦး နှင့် ချင်းလူ့အခွင့်အရေးအဖွဲ့တိုု့က ချင်းဒေသရေရှည်ပြန်လည်ထူထောင်ရေးကိစ္စရပ်များကို ဆွေးနွေးပြီး ပူးတွဲမဟာဗျူဟာတစ်ရပ် ရေးဆွဲနိုင်ရန် ရည်မှန်းထားသည်ဟု ဆလိုင်းအိုက်ဇက်ခင်က ဆိုသည်။







