မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ရန်ဟီလီးက အစိုးရက သူ့တောင်းဆိုမေတ္တာရပ်ခံ ချက်ကို ငြင်းပယ်လိုက်ကြောင်း သြဂုတ် ရ ရက်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ကိုယ်စားလှယ် ရန်ဟီလီးသည် ပြီးခဲ့သည့်တစ်ခေါက် မြန်မာနိုင်ငံခရီးစဉ်တွင် ရိုဟင်ဂျာဆိုသူများနှင့် ပတ်သက်သည့် သဘောထားထုတ်ပြန်ချက်ကြောင့် အစိုးရနှင့် ပြည်သူအချို့က စိတ်ဆိုးဒေါသကို ဖြစ်ခဲ့သည်။
ရခိုင်ဒေသတွင် ၂၀၁၂ ခုနှစ်က ဖြစ်ပွားသည့် ပဋိပက္ခများကြောင့် ယာယီခိုလှုံရေးစခန်းများသို့ ပြောင်းရွှေ့နေထိုင်ရသူ ရိုဟင်ဂျာဆိုသူပေါင်း ၁၄၀၀၀၀ ဝန်းကျင်ရှိခဲ့သည်။
ထိုသို့ ဒုက္ခဖြစ်ပေါ်စဉ် ကိုမန်ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်၍ ဘေးဒုက္ခပိုမိုဆိုးဝါးစေခဲ့သည်။
ရန်လီဟီးကို ရခိုင်သွားခွင့် ပိတ်ပင်ခြင်းသည် မြန်မာအစိုးရက ရိုဟင်ဂျာဆိုသူများကို ရေဘေးတွင် လျစ်လျူရှုထားသည်ဆိုသော သတင်းများထွက်ပေါ်ချိန်တွင်ဖြစ်သော်လည်း ထိုသို့လျစ်လျူရှုသည်ဆိုသော သတင်းများအတွက် ရန်ဟီလီးက အတည်ပြုပေးနိုင်ခြင်းမရှိပေ။
“ရိုဟင်ဂျာဆိုသူများနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်က ကျွန်မကိုယ်တိုင် မြေပြင် ကွင်းဆင်းပြီး တွေ့မြင်ခဲ့တာတွေကို တင်ပြထားတာပါ။ ရခိုင်ပြည်နယ်တာဝန်ရှိသူတွေအနေနဲ့ ရန်ကုန်မှာ ကျွန်မနဲ့ လာတွေ့နိုင် ရန်ကောင်းပါမယ်”ဟု ရန်ဟီလီးက ပြောခဲ့သော်လည်း ရိုဟင်ဂျာဆိုသူများ လျစ်လျူရှုခံနေရသည်ဆိုသော သတင်းအတွက်မှု တုံ့ပြန်နိုင်ခြင်း မရှိပေ။
ရန်လီဟီးက ယခင်ခရီးစဉ်အားဖြင့်လည်း ယခုတစ်ခေါက်တွင် ဆယ်ရက်ကြာ သွားရောက်လည်ပတ်ခွင့် တောင်းလာခြင်းဖြစ်ပြီး အစိုးရ၏ ငြင်းပယ်မှုကို ခံရခြင်းဖြစ်သည်။







