ရန်ကုန်ဘူတာကြီး ယာဒ်ဝင်းနယ်မြေတွင် ရင်းနှီးတည်ဆောက်လိုသူများ ဖိတ်ခေါ်

ရန်ကုန်ဘူတာကြီး ယာဒ်ဝင်းနယ်မြေတွင် ရင်းနှီးတည်ဆောက်လိုသူများ ဖိတ်ခေါ်
by -
မဇ္ဈိမ
ရန်ကုန်မြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ကုန်ဘူတာကြီး ယာဒ်ဝင်းနယ်မြေကို မြန်မာ့ မီးရထားနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိသော ရင်းနှီးတည်ဆောက်လိုသူ ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များ ကုမ္ပဏီများ အဆိုပြုနိုင်ကြောင်း မြန်မာ့မီးရထား၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဦးအောင်ကိုက ပြောသည်။

အဆိုပါ စီမံကိန်းအတွက် လျှောက်ထားလိုသူသည် စိတ်ပါဝင်စားမှုဖော်ပြချက် Expression of Interest (EOI) ကို ဒုတိယအထွေထွေမန်နေဂျာ (ထောက်ပံ့ဌာန) မြန်မာ့မီးရထား၊ သိမ်ဖြူလမ်းနှင့် ကုန်သည်လမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်တွင် ရယူနိုင်ပြီး၊ (EOI) မူရင်း၊ မိတ္တူတစ်စုံနှင့် CD Copy တစ်စုံကို နိုင်ဝင်ဘာ ၆ ရက် နောက်ဆုံးပေးပို့ ရမည်ဖြစ်သည်။

ဦးအောင်ကိုက ''လျှောက်လွှာကြေးက EOI နဲ့လုပ်တာဖြစ်လို့ ငါးထောင်လောက်ပဲ ရှိမှာပါ။ စာရွက် စာတမ်းစုံဖို့ တပတ်လောက်ကြာဦးမယ်၊ အတိအကျဖြစ်ရင် လာလျှောက်လို့ ရပါပြီး''ဟု ဆိုသည်။

ရန်ကုန်ဘူတာကြီးယာဒ်ဝင်းနယ်မြေ ဖွ့ံဖြိုးတိုးတက်မှု ဖြစ်စေရန် ဒီဇိုင်းပုံထုတ်ခြင်း၊ တည်ဆောက်ခြင်း၊ လုပ်ငန်းလည်ပတ်လုပ်ကိုင်လွဲပြောင်းခြင်းအတွက် ၂၀၁၄၊ ၂၀၁၅ ခုနှစ်အတွင်း တင်ဒါခေါ်ယူခဲ့ဖူးပြီး မြန်မာ့မီးရထား၏ မျှော်မှန်းချက်နှင့် သတ်မှတ်ချက်များ ပြည့်မီခြင်းမရှိ၍ ယခုကဲ့သို့ ပြန်လည် ခေါ်ယူခြင်းဖြစ်သည်။

ရန်ကုန်ဘူတာယာဒ်ဝင်းနယ်မြေသည် ၂၅.၇၄၆ ဟက်တာ (၆၃.၆၂၂ ဧက) ရှိပြီး ရထားလုပ်ငန်းနှင့် ဆက်စပ်လျှက်ရှိသော စီးပွားရေးလုပ်ငန်းများ၊ အထပ်မြင့်အဆောက်အအုံများ၊ ဘက်စုံဖွံ့ဖြိုးရေးနှင့် ပို့ဆောင်ရေးစနစ်များကို နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့် အညီဆောက်ရွက်မည်ဖြစ်သည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...