မြန်မာနိုင်ငံရေဘေးအတွက် ဗြိတိန်အကူအညီပေး

မြန်မာနိုင်ငံရေဘေးအတွက် ဗြိတိန်အကူအညီပေး
မြန်မာနိုင်ငံ ရေဘေးဒုက္ခအတွက် အကူအညီအထောက်အပံ့များနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များအတွက် ဗြိတိန်နိုင်ငံက ထောက်ပ့ံပေးသွားမည်ဟု ဗြိတိန် နိုင်ငံတကာဖွ့့ံဖြိုးရေးဝန်ကြီး Baroness Verma က သြဂုတ် ၅ရက်က ကြေညာလိုက်သည်။

နိုင်ငံတကာဖွံ့ဖြိုးရေးဌာန DFID က ကူညီကယ်ဆယ်ရေး လုပ်ငန်းများအတွက် ပေါင် ၅၀၀,၀၀၀ မတည်သွားမည်ဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှု နှင့် ခိုလှုံနေထိုင်ရေး၊ ရောဂါကာကွယ်ရေး ပစ္စည်များ နှင့် ရေသန့်ဆေးဝါးများအတွက် ယင်းငွေကို မတည်ခြင်းဖြစ်သည်။

"အကူအညီတွေ အမြန်ဆုံးရောက်စေမှာပါ။ နောက်ဆုံးမတည်ကူညီငွေက နိုင်ငံအနှံ့ အကူအညီများ ပေးသွားနိုင်ရေး နဲ့ ပြန်လည်တည်ထောင်ရေး လုပ်ငန်းတွေအတွက်ဖြစ်ပါတယ်။ အခြေအနေတွေကို ဆက်လက်စောင့်ကြည့်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံ ခုလိုဒုက္ခကြံုနေရချိန်မှာ ဗြိတိန်အစိုးရက ကူညီပေးရေးအတွက် အမြဲအသင့်ရှိနေပါတယ်”ဟု Baroness Verma က ပြောခဲ့သည်။

DFID က မြန်မာနိုင်ငံတွင် ပြည်သူ ၄၈,၀၀၀ ကျော်အတွက် အားပြည့်ဘီစကစ်များနှင့် ပြည်သူ ၂၀,၀၀၀ ကျော်အတွက် ရောဂါကာကွယ်ရေးပစ္စည်းများနှင့် ရေသန့်ပစ္စည်းများကို ထောက်ပံ့ပေးပြီး ဖြစ်သည်ဟု ဆိုသည်။

ရေဘေးကြောင့် စစ်ကိုင်း၊ ချင်း၊ မကွေး၊ ရခိုင်၊ ကချင်၊ ဧရာဝတီတိုင်း အပါအဝင် နိုင်ငံအနှံ့တွင် အိမ်ထောင်စုပေါင်း နှစ်သိန်းကျော် ဒုက္ခရောက်နေရသည်။ ရေကြီးမှုအတွင်း သေဆုံးသူ ၄၀ နီးပါး ရှိသည်ဟုလည်း အစိုးရက ထုတ်ပြန်ထားသည်။

ဗြိတိန်သည် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားရေးဆိုင် အကူအညီများ ၂၀၁၂ ခုနှစ် စတင်ကာ ပေါင်း သန်း ၄၃ ဒသမ ၃ သန်း ပေးအပ်ကူညီခဲ့သည်။

May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...