ညောင်တုန်းမြို့ရေတားတာ ကျိုးပေါက်မှုမရှိသေး၊ ဒေသခံ ၂၂၅၂ ဦးရွှေ့ပြောင်းထား

ညောင်တုန်းမြို့ရေတားတာ ကျိုးပေါက်မှုမရှိသေး၊ ဒေသခံ ၂၂၅၂ ဦးရွှေ့ပြောင်းထား
by -
မဇ္ဈိမ
ညောင်တုန်းမြို့ကို ကာရံထားသည့် ရေတားတာကြံ့ခိုင်မှုနည်းသော်လည်းကျိုးပေါက်ခြင်းမရှိသေးဘဲ ရေဘေးကြိုတင်ကာကွယ်ရေးအတွက် ဒေသခံ ၂,၂၅၂ ဦးကို ကာကွယ်ရေးစခန်း ၁၄ခုသို့ ရွှေ့ပြောင်း ပေးထားရကြောင်း ညောင်တုန်း သဘာဝဘေးအန္တရာယ်ကွပ်ကဲရေးရုံးမှ ဒေါ်အိကေခိုင်က သြဂုတ် ၅ရက်တွင် မဇ္စျိမကို ပြောသည်။

၎င်းက "ရေက မနေ့ကလည်း ၂၅ ဒသမ  ၆ ရေ (စိုးရိမ်ရေမှတ် အထက်)က တိုးလားမှု မရှိပါဘူး။ အခြေအနေမကောင်းဘူးဆိုတာ ကတာရဲ့ သက်တမ်းရယ်၊ ရေရဲ့ အင်အားရယ်ကြောင့် စိုးရိမ်မှုရှိလို့ ကာကွယ်မှုတွေ ပြုလုပ်နေတာ။ တာကပေါက်တာ ကျိုးတာတော့ မရှိသေးပါဘူး"ဟု ဆိုသည်။

ရွှေ့ပြောင်းရသည့် အိမ်ထောင်စု ၅၃၄ စုမှ မိသားစုဝင် ၂,၂၅၂ဦးအတွက် ညောင်တုန်းမြို့ရှိ ဘုန်းကြီး ကျောင်း အစိုးရ အထက်တန်းကျောင်းနှင့် အလယ်တန်းကျောင် ၁၄ခုတို့တွင် ကြိုတင်ကာကွယ်ရေးစခန်းများကို ဖွင့်လှစ်ကာ ပြောင်းရွှေ့ပေးထားသည်ဟု သိရသည်။

သွန်းဘုရားကြီး ရေဘေးကာကွယ်ရေးစခန်း တာဝန်ခံ ဒေါ်စိုးစိုးက "မနေ့ကတော့ ဆန် ၄ပြည်  (အိမ်ထောင်စု တစ်စု) တိုင်းအစိုးရကပေးတာရှိတယ်။ ကျန်းမာရေးအတွက် ဆေးတွေပေးတာရှိတယ်။ ကြိုတင်ကာကွယ်တာဖြစ်လို့ ရောဂါဖြစ်တာ မရှိဘူး။ အားလုံးကလည်း စခန်းတွေမှာအမြဲ နေတာ မဟုတ်ဘူး။ အသက်ကြီးသူ၊ ကလေးတွေပဲ လူလတ်ပိုင်းတွေက တာစောင့်ရှောက်ရေးနဲ့ သူတို့အိမ်ကို နေ့ပြန်တယ် ညတော့ ဒီမှာ အိပ်ကြတယ်"ဟု မဇ္စျိကို ပြောသည်။

ညောင်တုန်းမြို့ သွန်းဘုရားကြီးစခန်းတွင်မူ ပြောင်းရွှေ့ရသည့် အိမ်ထောင်စု ၅၃၄ စု၏ မိသားစုဝင် ၂,၂၅၂ဦးမှ အိမ်ထောင်စု ၁၁စု၏ လူဦးရေ ၅၀ကို ကြိုတင်ကာကွယ်ရေးရွှေ့ပြောင်းပေးထားခြင်း ဖြစ်သည်။

ရွှေ့ပြောင်းပေးထားရသူများ စားသောက်ရေးအတွက် လာရောက်လှူဒါန်းသည့် ထမင်းထုပ်၊ ကြာဇံ၊ ခေါက်ဆွဲကြော်ထုပ်များဖြင့် အဓိကစားသောက်နေကြသည်ဟု စခန်းမှသိရသည်။ သြဂုတ်လ ၈ရက်အထိ ဧရာဝတီမြစ်ရေသည် ညောင်တုန်းမြို့တွင် စိုးရိမ်ရေအမှတ် ၂၄ ဒဿမ ၅၏ အထက် ၁ပေသို့ ရောက်ရှိနေပြီး ညောင်တုန်းမြို့ကို ပတ်ကာရံထားသည့် တာ၏ကြံခိုင်မှုကလည်း ရေတိုးသဖြင့် စိုးရိမ်ရကာ ကြိုတင်ကာကွယ်မှုများကို သြဂုတ် ၄ရက်ကပင် စတင်ပြုလုပ်နေရခြင်းဖြစ်သည်။

ပြန်ကြားရေးဝန်ကြီးဌာနကမူ မိုဘိုင်းဖုန်းသုံးစွဲသူများကို "ညောင်တုန်းတာ စိုးရိမ်ရ ရွှေ့ပြောင်းရန်" ဟူသည့် စာတိုများကို သြဂုတ်လ ၅ရက် နံနက် ၉နာရီ ၄၈မိနစ်အချိန်တွင် ပေးပို့ထားသည်။

May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...