ရခိုင်ပြည်တွင် ရေကြီးမှုကြောင့် ရန်ကုန် - စစ်တွေပြေးဆွဲနေသည့် အဝေးပြေးကား အစီး ၂၀၀ ခန့် လမ်းမှာ ပိတ်မိနေ

ရခိုင်ပြည်တွင် ရေကြီးမှုကြောင့် ရန်ကုန် - စစ်တွေပြေးဆွဲနေသည့် အဝေးပြေးကား အစီး ၂၀၀ ခန့် လမ်းမှာ ပိတ်မိနေ
by -
မဇ္ဈိမ
ရခိုင်ပြည်နယ်တွင် ရေကြီးရေလျှံမှုများကြောင့် လမ်းတွင် ရေများလျှံနေပြီး တံတားများလည်း ပျက်စီးသွားခြင်းကြောင့် ရန်ကုန်- စစ်တွေ ပြေးဆွဲနေသော လူစီးကားနှင့် ကုန်တင်ကား အစီး ၂၀၀ ခန့်မှာ သွားလို့မရဘဲ ပိတ်မိလျှက်ရှိသည်။

ဇူလိုင် ၂၆ ရက်နေ့က သြဂုတ် ၂ ရက်နေ့အထိ မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ရေလွှမ်းမိုးမှု များဖြစ်ပြီး အဝေးပြေးကားများမှာ လုံးဝသွားမရဘဲ လမ်းတွင်ပိတ်မိနေပြီး ခရီးသည်များလည်း အခက်တွေ့နေသည်ဟု စစ်တွေ မ.ထ.သ ဥက္ကဋ္ဌ ဦးချမ်းအေးက ပြောသည်။

“၃၀ ရက်နေ့ထိပဲ ကားတွေ သွားလာလို့ ရတယ်။ မြောက်ဦးထိပဲ သွားလို့ရတယ်။ ဟိုဘက်မှာက ရေကြီးနေလို့ ရန်ကုန်သွားလို့ မရဘူး။ ကားတွေ ပိတ်မိနေတာက စစ်တွေမြို့မှာ ကုန်ကားရယ်၊ လူစီး ကားတွေဆိုရင် အစီး ၁၀၀ ကျော်လောက်ရှိပါတယ်။ မြောက်ဦးမှာ ၂၀ ကျော်ရှိတယ်။ မြောက်ဦးနဲ့ မင်းပြားဆိုရင် အစီး ၁၀ ကျော်ရှိတယ်။ ရန်ကုန်ဘက်က တံတားနဲ့ မြို့ပေါ်မှာ ကားအစီး ၁၀၀ နီးပါးလောက်ရှိတယ်”ဟု ပြောသည်။

ကားဒရိုင်ဘာများမှာလည်း ကားရပ်ထားရာ နေရာနှင့် ထမင်းဆိုင်နှင့်ဝေးနေပြီး ထမင်းဆိုင်နှင့် နီးလျှင်လည်း ထမင်းဆိုင်ဖွင့်ထားခြင်း မရှိသည့်အတွက် ထမင်းစားဖို့ အခက်အခဲ ဖြစ်နေကြောင်း သူက ဆိုသည်။

“ရေကြီးသွားတာကြောင့် ကားဒရိုင်ဘာတွေ ဘယ်ဆိုင်မှာမှ ထမင်းဝင်စားလို့မရဘူး။ အခုဆိုရင် နှစ်ရက်သုံးရက်လောက်ရှိပြီ။ ထမင်းမစားရသေးဘူး။ ရွာနဲ့နီးတဲ့ဆိုင်တွေမှာ အဲလောက်ထိ မလုံလောက်ဘူးလေ။ ပြီးတော့ အခုလို ကားပိတ်နေတော့ ထမင်းစားစရိတ်တွေ ကုန်တာပေါ့။ လူတစ်ယောက် တစ်ရက်ဆို ၅ ထောင်ကုန်တယ်။ တချို့ကားတွေဆိုရင် နှစ်ယောက်ပါတာရှိတယ်။ သုံးယောက်ပါတာရှိတယ်”ဟု ပြောသည်။

လူစီးကားများတွင် လိုက်ပါလာသော ခရီသည် ၅၀၀ ကျော်မှာလည်း အခက်အခဲဖြစ်နေကြပြီး နီးစပ်ရာ ကျေးရွာနှင့် မြို့များတွင် ခိုလှုံနေရကြောင်း သိရသည်။

ယင်းရေကြီးမှုကြောင့် ရခိုင်ပြည်နယ်မှာ ရေလမ်းရော၊ ကုန်းလမ်းပါ ဆက်သွယ်ရေး ပြတ်တောက်သွား ခဲ့ပြီး ရေလမ်းကို သြဂုတ် ၂ ရက်နေ့က ရှပ်ပြေးများ ပြေးဆွဲနေပြီး ကုန်လမ်းမှာ လမ်းနှင့် တံတား ပျက်စီးနေသောကြောင့် သွားလို့မဘဲ နောက်တစ်ပတ်လောက် ကြာအုံးမည်ဟု ဦးချမ်းအေးက ဆိုသည်။

May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...