ရခိုင်ပြည်နယ် ရေဘေးအန္တရာယ်ကြောင့် သေဆုံးသူ ခန့်မှန်းခြေ ၄၃ ဦးရှိ

ရခိုင်ပြည်နယ် ရေဘေးအန္တရာယ်ကြောင့် သေဆုံးသူ ခန့်မှန်းခြေ ၄၃ ဦးရှိ
by -
မဇ္ဈိမ
ဇူလိုင်လ ၂၆ ရက်နေ့က ရခိုင်ပြည်နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုနှင့် မြစ်ရေကြီးမှုကြောင့် မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ဘူးသီးတောင်၊ မောင်တော မြို့များတွင် ရေနစ်သေဆုံးသူ ခန့်မှန်းခြေ ၄၃ ဦးထိ ရှိနေကြောင်း ဒေသခံ ကယ်ဆယ်ရေးပေးအဖွဲ့အစည်း များထံက သိရသည်။

မင်းပြား အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့အစည်းတာဝန်ခံ ဦးဦးခင်ဇော်ဝင်းက “အသေအပျောက်တွေ ရှိပါတယ်။ တိကျတဲ့ အချက်အလက်တွေတော့ မရသေးဘူး။ ဒါပေမယ့် ဒေသခံတွေရဲ့ သတင်းပေးပို့ချက်အရ အယောက် ၂၀ လောက်ကို ရှိပါတယ်။ အသေးစိတ်ကိုတော့ စုံစမ်းနေပါတယ်”ဟု ပြောသည်။

မြောက်ဦးမြို့နယ်တွင်လည်း ဓမ္မရာဇ်ရပ်ကွက်ကနေ မိမိနေရပ်ဖြစ်သည့် ပုဇွန်ဖေကျေးရွာသို့ ရေကြီးနေသည့် အချိန်တွင် လောင်းလှေဖြင့် သွားစဉ် မိသားစု ၄ ဦးသေဆုံးသွားကြောင်း ပုဇွန်ဖေဒေသခံတစ်ဦးဖြစ်သူ ဒေါ်ဦးယိုင်စိန်က ယခုလိုပြောသည်။

“ဦးမောင်ကျော်စိန်ရဲ့ သမီးတွေ မြေးတွေ ဖြစ်ကြပါတယ်။ သမီးနာမည်ကတော့ ဦးတင်ညွှန့် (အသက် ၃၀)၊ အဲဒီမိန့်ကလေးရဲ့ ညီမ ပန်းနုခိုင် (အသက် ၁၄ နှစ်)၊ ပြီးတော့ သူ့ရဲ့ သမီး ခင်အေးနွယ် (အသက် ၅ နှစ်)၊ ပြီးတော့ သားတစ်ယောက် ချစ်နိုင် (အသက် ၃ နှစ်) သားငယ်ဖြစ်ပါတယ်”ဟု ပြောသည်။

ကျောက်တော်မြို့နယ်တွင်လည်း မြို့ပေါ်က ကားဂိတ်ဟောင်းရပ်ကွက်မှ ဂွတိုအမေ အသက် ၅၈ နှစ်ခန့်ရှိ အဘွားအို ဒေါ်စံမဖြူ အပါအဝင် ရ ဦးထိ သေဆုံးမှုရှိကြောင်း ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသည့် ဦးထွန်းလှက ပြောကြားသည်။

အလားတူ ဘူးသီးတောင်မြို့တွင်လည်း လက်ရှိ စာရင်းအရ ၁ ဦးသေဆုံးနေကြောင်းနှင့် မောင်တောတွင် ၁၁ ဦးသေဆုံးကြောင်း သိရသည်။

ရေဘေးအန္တရာယ်၊ မုန်တိုင်းအန္တရာယ်ကြောင့် လက်ရှိတွင် နယ်ကျေးရွာများနှင့် ဆက်သွယ်မှု ပြတ်တောက်နေပြီး သေဆုံးမှုစာရင်းများနှင့် ပျက်စီးဆုံးရှုံးမှုများကို အတိအကျမရသေးကြောင်း၊ သို့သော်လည်း စုံးစမ်းစစ်ဆေးနေကြောင်း မင်းပြားကယ်ဆယ်ရေးပေးအဖွဲ့က ဦးဦးခင်ဇော်ဝင်းက ဆိုသည်။

ရခိုင်ပြည်နယ်တွင် ယခုမိုးရာသီအတွင်း မိုးဦးကာလနှင့် မိုးလယ်ကာလတွင် ရေကြီးမှုနှစ်ကြိမ် ဖြစ်ပေါ်ခဲ့သောကြောင့် တစ်ပြည်နယ်လုံးအနေဖြင့် လယ်ဧက ၁၀ သိန်းကျော်ရှိသည့်အထဲက ၅ သိန်းကျော် ပျက်စီးသွားကြောင်း ရခိုင်အမျိုးသားပါတီ (ANP)က ဇူလိုင်လ ၃၁ ရက်နေ့က ထုတ်ပြန်ထားသည်။

May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...