သစ်ခိုးထုတ်သူများအပေါ် ထောင်ဒဏ်နှစ်ရှည် ချမှတ်သဖြင့် တရုတ်အစိုးရ စိုးရိမ်

သစ်ခိုးထုတ်သူများအပေါ် ထောင်ဒဏ်နှစ်ရှည် ချမှတ်သဖြင့် တရုတ်အစိုးရ စိုးရိမ်
by -
မဇ္ဈိမ
သစ်ခိုးထုတ်သည့် တရုတ်နိုင်ငံသား ၁၅၀ ကျော်အား မြန်မာအာဏာပိုင်များ ကထောင်ဒဏ်နှစ်ရှည် များပေးခဲ့မှုအပေါ် အလွန်စိုးရိမ်နေသည်ကို သတိပြုစေလိုကြောင်း တရုတ်အစိုးရက တုန့်ပြန်လိုက်သည်။

“တရုတ်သစ်ခိုးထုတ်သူတချို့ကို ဒီနှစ်အစောပိုင်းက ဖမ်းမိထဲက အဖြစ်မှန်ကို စိစစ်ပြီး မျှမျှတတနဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့နဲ့ တရုတ်အစိုးရဖက်က နည်းလမ်းစုံနဲ့ ကြိုးစားခဲ့ပါတယ်။ အဲဒီတရုတ် နိုင်ငံသားတွေကို အမြန်ဆုံးမိခင်နိုင်ငံ ပြန်လာနိုင်ရေးဆောင်ရွက်ပေးဖို့ တောင်းဆို နေတာပါ”ဟု တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ Lu Kang က ဇူလိုင် ၂၃ တွင် ပြောဆိုသည်။

အဆိုပါ တရုတ်နိုင်ငံသားများကို သစ်ခိုးထုတ်မှုအတွက် ၁၉၆၃ ခုနှစ် အများနှင့် သက်ဆိုင်သည့် ပစ္စည်းများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေ ပုဒ်မ (အပက ၃) ဖြင့် ဇူလိုင် ၂၂ ရက်၌ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်ခြင်းဖြစ်သည်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း တရားမဝင် သစ်ခိုးထုတ်သဖြင့် မြစ်ကြီးနားခရိုင်တရားရုံးက ပြစ်ဒဏ်ချမှတ်ခံလိုက်သည့် တရုတ်နိုင်ငံသား စုစုပေါင်း ၁၅၅ ဦးတွင် ၈၅ ဦးအမှုထဲမှ နှစ်ဦးမှာ လူငယ်ဖြစ်၍ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ပြီး ရ၀ ဦးပါဝင်သော အမှုကိုမူ ထောင်ဒဏ် တစ်သက်တစ်ကျွန်းစီ ချမှတ်လိုက်ခြင်းဖြစ်သည်။

လူ ရ၀ ဦးပါ အမှုထဲမှ အမျိုးသမီးတစ်ဦးကိုမူ မူးယစ်ပုဒ်မဖြင့် ထောင်ဒဏ် ၁၅ နှစ်နှင့် တစ်သက်တစ်ကျွန်း အပါအဝင် ထောင်ဒဏ် ၃၅ နှစ် ချမှတ်လိုက်သည်ဟုလည်း တရုတ်နိုင်ငံ သားများဘက်က အမှုလိုက်ပါဆောင်ရွက်ပေးနေသူ အထက်တန်းရှေ့နေ ဦးခင်မောင်က ပြောသည်။

သို့သော် ခရိုင်တရားရုံးမှတဆင့် ကချင်ပြည်နယ် တရားလွတ်တော်သို့ ရက်ပေါင်း ၆၀ အတွင်း ဆက်လက် အယူခံဝင်နိုင်သည် ဟုသိရသည်။

May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...