ဧရာဝတီ နှင့် ချင်းတွင်းမြစ်ရေလျှံကာ ရန်ကုန်၊ ပဲခူးတွင် ရေလွှမ်းနိုင်

ဧရာဝတီ နှင့် ချင်းတွင်းမြစ်ရေလျှံကာ ရန်ကုန်၊ ပဲခူးတွင် ရေလွှမ်းနိုင်
by -
မဇ္ဈိမ
လာမည့် တစ်ပတ်အတွင်း ဧရာဝတီမြစ် နှင့် ချင်းတွင်းမြစ်ရေလျှံကာ ရန်ကုန်တိုင်း နှင့် ပဲခူးတိုင်းတို့ တွင် ရေဖုံးလွှမ်းမှု အနေအထား မြင့်တက်နိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်က မဇ္ဈိမကို ပြောသည်။

“မိုးများတော့ အခုလည်းရေတက်နေတာပဲ။ နောက်တစ်ပတ်လောက်ဆို ပိုပြီးရေကြီးနိုင်တယ်၊ မိုးရွာ ချိန်ကများတော့ ဧရာဝတီမြစ်ကနေ ချင်းတွင်းမြစ်ရေက ဆင်းလားမှာလေ၊ အပေါ်ကနေ အောက်ကို ဆင်းတာပဲ မြင့်ရာကနေ နိမ့်တဲ့အပိုင်းတွေကို ဆင်းလာတာပေါ့။ အဲဒါကြောင့် ရန်ကုန်တို့၊ ပဲခူးတို့မှာ ရေကြီးနိုင်တာပေါ့”ဟု ၎င်းက ပြောသည်။

ဇူလိုင် ၁၆ရက်မှစပြီး ငါးရက်မှ ခုနှစ်ရက်အတွင်း ရေကြီးနိုင်သည်ဟုလည်း ခန့်မှန်းထားသည်။

မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွင် မြစ်ရေကြီးမှု စတင်ဖြစ်လာခြင်းကိုနာဆာရဲ့ ဂြိုဟ်တုတိုင်းတာချက် အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုတ်လေ အားကောင်းသာကြောင့် မိုးရွာချိန်များခြင်းဖြစ်သည်။

လက်ရှ်ိတွင်ဧရာဝတီမြစ်(ပူတာအိုဒေသ) နှင့် ချင်းတွင်းမြစ်(ဟုမ္မလင်းဒေသ)များတွင် ရေဖုံးလွှမ်းခံရမှု အခြေအေနေသည် သာမာန်ထက် ပိုများသည့် အလယ်အလတ်အဆင့်ကို ရောက်ရှိနေသည်ဟု ၎င်းက ပြောသည်။

May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...