မြန်မာနိုင််ငံ၏ ပထမဆုံးသော ကျန်းမာရေး ဖိုရမ်ကို ဇူလိုင်လအတွင်း ကျင်းပမည်

မြန်မာနိုင််ငံ၏ ပထမဆုံးသော ကျန်းမာရေး ဖိုရမ်ကို ဇူလိုင်လအတွင်း ကျင်းပမည်
by -
မဇ္ဈိမ
မြန်မာနိုင််ငံ၏ ပထမဆုံးသော ကျန်းမာရေး ဖိုရမ်( Myanmar Health Forum -MHF)ကို ဇူလိုင် ၂၈ ရက်နှင့် ၂၉ ရက်တွင် နေပြည်တော်ရှိ Myanmar International Convention Centre II ၌ ကျင်းပသွားမည်ဟု ကျန်းမာရေး ဝန်ကြီးဌာန၊ နိုင်ငံခြားဆက်သွယ်ရေးဌာန မှ ညွှန်ကြားရေးမှူး ဒေါက်တာကျော်ခိုင်က ပြောသည်။

၎င်းက “ကျွန်တော်တို့ ဝန်ကြီးဌာနရဲ့ အနာဂတ် အစီအစဉ်က ၂၀၃၀ မှာ လူတိုင်း လက်လှမ်းမီတဲ့ ကျန်းမာရေး ရရှိဖို့ဆိုတဲ့ ကြိုးပမ်းချက် ရှိတယ်။ ဒါကို လုပ်ဖို့အတွက်က ကျွန်တော်တို့ ကျန်းမာရေးဝန်ကြီးဌာန တစ်ခုတည်း လုပ်လို့ မရဘူး။

တစ်နည်းအားဖြင့် public sector တစ်ခုတည်း လုပ်လို့မရဘူး၊ private sector တွေ ပါရမယ်၊ department  partner တွေပါ ရမယ်၊ အဲဒီ  department partner တွေအားလုံးကို ဒီလုုပ်ငန်း လုပ်ဖို့ အတွက်တော့ ဒီဧရိယာတွေကို  high light လုပ်ဖို့ လိုနေတယ်။ ဒါကြောင့် ဒီဧရိယာတွေမှာ အားလုံး ပူးပေါင်း ဆောင်ရွက်ကြဖို့ ကျွန်တော်တို့ က ဖိတ်ခေါ်လိုက်တဲ့အနေနဲ့ လုပ်တာပါ” ဟု ဆိုသည်။

အဆိုပါ ကျန်းမာရေးဆွေးနွေးပွဲကို ကျန်းမာရေးဦးစီးဌာနမှ မြန်မာနိုင်ငံကျန်းမာရေး ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရေးကော်မတီနှင့်အတူ UNAIDS ဌာနေရုံး၏ ရန်ပုံငွေထောက်ပံ့မှု၊ အခြားသော ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ မိတ်ဖက်များ၏ ကူညီထောက်ပံ့မှုများဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကာ “လူထုဗဟိုပြု ဖွ့ံဖြိုးတိုးတက်ဖို့ ကျန်းမာရေးကဏ္ဍမှာ မြှုပ်နှံစို့”ဆိုသည့် ဆောင်ပုဒ်ဖြင့် ကျင်းပသွားမည် ဖြစ်သည်။

ယင်းဆွေးနွေးပွဲကို ကျန်းမာရေးကဏ္ဍ လက်ရှိတိုးတက်ပြောင်းလဲမှုများနှင့် လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးဆောင်ရွက်ချက်များ ရရှိရေးနှင့် အခြား ပြုပြင်ပြောင်းလဲမှုများ အပါအဝင်အနာဂတ်တွင် ဆောင်ရွက်မည့် အစီအမံများကို အသိပေးတင်ပြနိုင်ရေး၊ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များတွင် ကျန်းမာရေးကဏ္ဍ၏ အရေးကြီးသော အစီအစဉ်များကို အလေးထားဆောင်ရွက်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်သည်။

အဆိုပါ ကျန်းမာရေးဆွေးနွေးပွဲတွင် ကျန်းမာရေးကဏ္ဍပြုပြင်ပြောင်းလဲမှု၏ အကျိုးသက်ရောက်မှု၊ ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးသော ကျန်းမာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လိုအပ်ချက်များမှစ၍ ကျန်းမာရေးကဏ္ဍနှင့် အခြားသောကဏ္ဍများ၏ အချင်းချင်းအပြန်အလှန် အကျိုးပြုအားထားရမှုမှ အရေးပါသည့် ကိစ္စရပ်များကို ဆွေးနွေးကြမည် ဖြစ်သည်။

ယင်းဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားသောဝန်ကြီးဌာနများမှ ကျွမ်းကျင်ပညာရှင်များ နှင့် အဆင့်မြင့် ကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အပြည်ပြည်ဆိုင်ရာ ဟောပြောပို့ချ သူများ၊ အပြည်ပြည်ဆိုင်ရာ အဖွွဲ့အစည်းများ၊ ပညာရှင်များ အပါအဝင် ကျန်းမာရေးဆိုင်ရာနှင့် ကျန်းမာရေးဆိုင်ရာ မဟုတ်သော လှုပ်ရှားဆောင်ရွက်သူ ရ၀၀ ခန့်တက်ရောက်မည်ဖြစ်ကာ ဆွေးနွေးပွဲအပြီးတွင် ပါဝင်သူများက အတည်ပြု လက်မှတ်ရေးထိုးထားသည့် ကျန်းမာရေး ဝန်ကြီးဌာန၏ အနာဂတ်ဆောင်ရွက်မှုဆိုင်ရာကိုလည်း သတင်းထုတ်ပြန်မည်ဖြစ်သည်။

May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...