ရှေးဟောင်းပစ္စည်းများသယ်ဆောင်သွားသည့် ရခိုင် ယဉ်ကျေးမှုဦးစီးဌာနမှ အရာရှိကို ဒေသခံများ တားဆီးခဲ့

ရှေးဟောင်းပစ္စည်းများသယ်ဆောင်သွားသည့် ရခိုင် ယဉ်ကျေးမှုဦးစီးဌာနမှ အရာရှိကို ဒေသခံများ တားဆီးခဲ့
by -
မဇ္ဈိမ
သယ်ဆောင်သွားသော  ရှေးဟောင်းယဉ်ကျေးမှုပစ္စည်းများကို တားဆီးပြီးနောက် တွေ့ရစဉ်။ ဓါတ်ပုံ -  ရခိုင်လူငယ် အဖွဲ့။
သယ်ဆောင်သွားသော ရှေးဟောင်းယဉ်ကျေးမှုပစ္စည်းများကို တားဆီးပြီးနောက် တွေ့ရစဉ်။ ဓါတ်ပုံ - ရခိုင်လူငယ် အဖွဲ့။
ရခိုင်ပြည်နယ် ယဉ်ကျေးမှူ ပြတိုက်မှ ရှေးဟောင်းယဉ်ကျေးမှုပစ္စည်းအချို့ကို ပြည်နယ် ယဉ်ကျေးမှု ဦးစီးဌာန မှ ဦးစီးအရာရှိ က သယ်ဆောင်သွားမှုကို ဒေသခံလူမှုအဖွဲ့အစည်းများနှင့် ရဟန်းတော်များ က တားဆီးခဲ့သည် ဟု ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်ကပြောသည်။

ပြည်နယ် ယဉ်ကျေးမှုဦးစီးဌာန မှ ဦးစီးအရာရှိ သယ်ယူရာတွင်ဒေသခံများက စစ်တွေ မြို့ အဝေးပြေး ကားဂိတ်၌ တားဆီး ခဲ့ခြင်းဖြစ်သည် ဟု ဦးအောင်မြကျော်ကပြောသည်။

ဦးအောင်မြကျော်က  "သူက အပေါ်က တာဝန်ပေးချက်အရသယ်ဆောင်တာလား။ ဘာကြောင့် ယူတာလဲ မသိဘူး။ဒါပေမယ့် ရခိုင်နဲ့ဆိုင်တဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ ကို ရခိုင်မှာပဲ ထားဖို့ အတွက် သွားတားကြတာပါ ၊သယ်သွားပြီးရင် ရခိုင်ကို ပြန် မရောက်တော့ဘူး"ဟု ပြောသည်။

"ဘယ်လိုကြောင့်သယ်ဆောင်တာလဲ ဆိုတာ ကို စုံစမ်းနေပါတယ်။ သူ့သဘောနဲ့ သူသယ်ဆောင် တာဆိုရင်တော့ တရားစွဲဖို့ စီစဉ်ပါမယ်၊ အပေါ်က သယ်ခိုင်းတာဆိုရင်လည်း ဒါမျိုးနောက်ထပ် မလုပ်ရအောင် ကန့်ကွက်ပါတယ်"ဟု လည်း ၄င်းက ဆက်ပြောသည်။

သယ်ဆောင်သွားသော ပစ္စည်းများသည်  ရခိုင်ပြည်နယ် ယဉ်ကျေးမှု ပြတိုက်တွင်းမှ ပစ္စည်းများဖြစ်ပြီး ဒေသခံများ၏ တားဆီး မှုကြောင့် သယ်ဆောင်ခြင်းမပြုတော့ပဲ ယဉ်ကျေးမှု ပြတိုက်တွင်ပြန်လည် ထားရှိသည် ဟုလည်း  ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ဆိုသည်။

ဦးတင်မောင်ဆွေက  "ပစ္စည်းတွေကတော့ စစ်တွေက ယဉ်ကျေးမှုပြတိုက်ထဲ ကို ပြန်ရောက် သွားပြီ"ဟု ပြောသည်။

ဒေသခံများတားဆီးရာတွင် သယ်ဆောင်လာသည့် ပစ္စည်းများကို သစ်သားသေတ္တာဖြင့် ထည့်သွင်း ထားခြင်းဖြစ်သည်။

သယ်ဆောင်ခဲ့သူ ရခိုင်ပြည်နယ် ယဉ်ကျေးမှုဦးစီးဌာန မှ တာဝန်ရှိသူကို  မဇ္စျိမက ဆက်သွယ်ရာ တွင် အပြင်သို့ ထွက်သွားသည် ဟု မိသားစုဝင် တစ်ဦးက ဖြေကြားခဲ့သည်။

၂၀၁၃ ခုနှစ်အတွင်းက ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ရွှေဖြင့်သွန်းလုပ်ထားသော ရှေးဟောင်း ဘုရားများနှင့် ဆက်စပ်ပစ္စည်း ထိုသို့သယ်ဆောင်စဉ် ဒေသခံများက တားဆီးခဲ့သေးသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...