MPT နှင့် အကျိုးတူ ဂျပန်ကုမ္ပဏီ KDDI နှင့် Sumitomo တို့ မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှု တိုးချဲ့မည်

MPT နှင့် အကျိုးတူ ဂျပန်ကုမ္ပဏီ KDDI နှင့် Sumitomo တို့ မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှု တိုးချဲ့မည်
by -
မဇ္ဈိမ
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT နှင့် အကျိုးတူဆောင်ရွက်နေသော ဂျပန်ကုမ္ပဏီများဖြစ်သည့် KDDI နှင့် Sumitomo တို့သည် ၄င်းတို့၏ မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုကို တိုးချဲ့သည့်အနေဖြင့် ရေဒီယိုလှိုင်းလက်ခံနှင့် ဖြန့်ဖြူးသည့် base station ၅၀၀၀ အထိတိုးချဲ့သွားမည်ဟု သိရသည်။

ယင်းသို့တိုးချဲ့ခြင်းကြောင့် လက်ရှိအရေအတွက်ထက် နှစ်ဆကျော်ဖြစ်သွားပြီး မိုဘိုင်းလုပ်ငန်းတွင် ဂျပန်ယန်းငွေ ဘီလီယံ ၂၀၀ နှင့်ညီမျှ သည့် အမေရိကန်ဒေါ်လာ ၁.၆၁ သန်းကို ရင်းနှီးမြှုပ်နှံမည်ဟု ၄င်းကုမ္ပဏီများကိုကိုးကား၍ ဂျပန်နိုင်ငံ Nikkei သတင်းဌာန က ဖော်ပြသည်။

၂၀၁၃ ခု တင်ဒါအောင်ခဲ့သည့် ကွာတာအခြေစိုက် အော်ရီဒူးနှင့် နော်ဝေအခြေစိုက် တယ်လီနောတို့မတိုင်မီအထိ MPT သည် မြန်မာ့ဆက်သွယ်ရေးကဏ္ဍတွင် အဓိကဖြစ်နေခဲ့သည်။

ဂျပန်ကုမ္ပဏီနှစ်ခုမှာမူ တင်ဒါရှုံးခဲ့သော်လည်း MPT ၏ ဖိတ်ခေါ်မှုဖြင့် ၂၀၁၄ ခုတွင် အကျိုးတူများ ဖြစ်လာခဲ့သည်။

လာမည့်နွေရာသီတွင် KDDI နှင့် Sumitomo တို့သည် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် MPT ရောင်းဝယ်ရေးဆိုင်များ ဖွင့်လှစ်ပြီး ၄င်းတို့၏ စမတ်ဖုံးများကို တိုးမြှင့်ရောင်းချသွားရန် ရည်ရွယ်ထားသည်။

ယင်းဂျပန်ကုမ္ပဏီနှစ်ခုက မြန်မာနိုင်ငံတွင် တနှစ်အတွင်း ဆင်းကဒ်အရေအတွက် ၁၂ သန်း ရောင်းချသွားရန်လည်း အစီအစဉ်ရှိ သည်။

အော်ရီဒူးနှင့် တယ်လီနောကုမ္ပဏီများက သုံးစွဲသူများအား စျေးနှုန်းလျော့ချပေးပြီး စွဲဆောင်နေစဉ် ဂျပန်ကုမ္ပဏီနှစ်ခုက ပိုမိုကောင်းမွန်သည့် ဆက်သွယ်ရေးစနစ်ဖြင့် စွဲဆောင်ရန် စီစဉ်ထားသည်။

မြန်မာနိုင်ငံအတွင်း မိဘိုင်းဖုံးအသုံးပြုမှုမှာ စျေးကွက်ပွင့်လာသည့် တစ်နှစ်တာအတွင်း ၂၀ ရာခိုင်နှုန်း မြင့်တက်လာ ပြီးမြန်မာ အစိုးရအနေဖြင့် ၂၀၁၆ ခုတွင် ၈၀ ရာခိုင်နှုန်းအထိမြင့်တက်လာစေရန်ရည်ရွယ်ထားသည်ဟု ဂျပန်နိုင်ငံ Nikkei သတင်းဌာနက ဇူလိုင် ရ ရက်နေ့တွင် ဖော်ပြထားသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT သည် လှိုင်းနှုန်းအခွန်ပေးဆောင်ရခြင်းမရှိသော်လည်း အောရီဒူး အနေဖြင့် ၁၅ နှစ်ကာလ အတွက် လှိုင်းနှုန်းအခွန်ပေးရမည့်ငွေမှာ အမေရိကန် ဒေါ်လာ ၁.၀၁၀ ဘီလီယံ ကို သုံးရစ် ပေးသွင်းရမည်ဖြစ်သည်။

ယင်းမှ ရ၅ ရာနှုန်းဖြစ်သည့် အမေရိကန်ဒေါ်လာ ရ၅၇.၅ သန်းနှင့်ညီမျှသည့် ကျပ်ငွေ ရ၄၁.၆၅၃ ဘီလီယံကို ပေးသွင်းထားပြီး ၂၅ ရာနှုန်းဖြစ်သည့် အမေရိကန်ဒေါ်လာ ၂၅၂.၅ သန်းကိုမူ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ပေးသွင်းရမည်ဖြစ်ကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းသန်းက ဇူလိုင် ၁၀ ရက်နေ့တွင် ပြည်သူ့လွှတ်တော်၌ ပြောသည်။

အလားတူ တယ်လီနောသည် အမေရိကန်ဒေါ်လာ သန်း ၅၀၀ အနက် ရ၅ ရာနှုန်းဖြစ်သည့် အမေရိကန်ဒေါ်လာ ၃၇၅ သန်းနှင့် ညီမျှသည့် ကျပ်ငွေ ၃၆၇.၁၅၅ ဘီလီယံကို ပေးသွင်းထားပြီး ကျန် ၂၅ ရာနှုန်းဖြစ်သည့် အမေရိကန်ဒေါ်လာ ၁၂၅ သန်းကို ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ပေးသွင်းရမည်ဖြစ်သည်။

၀န်ကြီးဌာနအနေဖြင့် MPT ကို ၂၀၁၄ ခုမတ်လမှ ၂၀၃၀ ခု မတ်အထိ ၁၅ နှစ်၊ အော်ရီဒူးကို ၂၀၁၄ ခုဖေဖော်ဝါရီမှ ၂၀၂၉ ဖေော်ဝါရီအထိ ၁၅ နှစ်၊ တယ်လီနောအား ၂၀၁၄ ခု ဖေဖော်ဝါရီမှ ၂၀၂၉ ဖေဖေါ်ဝါရီအထိ ၁၅ နှစ် အသီးသီး လုပ်ငန်းဆောင်ရွက်ခွင့်ပြုထားကြောင်း ၀န်ကြီးကဆက်လက်ပြောကြားသည်။ ဥပဒေ၊ နည်းဥပဒေများနှင့် ကိုက်ညီပါက သက်တမ်းဆက်တိုးခွင့်ပြုမည်ဟုလည်းဆိုသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...