Published
Thursday, July 09, 2015
ရွေးကောက်ပွဲရက်နှင့် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းရမည့်ရက် ထုတ်ပြန်
၂၀၁၅ခုနှစ်အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌက ဇူလိုင်လ ၈ ရက်တွင် လက်မှတ်ရေးထိုး ထုတ်ပြန်သည်။
"ထုတ်ချက်ကို လက်မှတ်ထိုးလိုက်ပြီ။ ဒီနေ့ ထုတ်ပြန်ချက် နှစ်ခုကို ထုတ်မှာပါ။ တစ်ခုက ရွေးကောက်ပွဲကျင်းပမယ့်ရက်ရယ် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်ရမယ့်ရက်ကို ထုတ်တာ" ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးညွှန့်တင်က မဇ္စျိမကိုပြောသည်။
၂၀၁၅ရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ရက်တွင် ကျင်းပမည်ဖြစ်ပြီး ၀င်ရောက်ယှဉ်ပြိုင်မည့် ပါတီမှ လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အမည်ကို ဇူလိုင်လ ၂၀ရက်မှစတင်ကာ ၁၄ရက်အတွင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြရမည်ဖြစ်ကြောင်း ဦးညွှန့်တင်ကပြောသည်။







