ထိုင်းနယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်းများမှ ဒုက္ခသည် တစ်သိန်း တစ်သောင်းကို မှတ်ပုံတင်မတင် ကုလအကူညီဖြင့် မှတ်တမ်းတင်

ထိုင်းနယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်းများမှ ဒုက္ခသည် တစ်သိန်း တစ်သောင်းကို မှတ်ပုံတင်မတင် ကုလအကူညီဖြင့် မှတ်တမ်းတင်
by -
မဇ္ဈိမ
ထိုင်းနိုင်ငံ၏ နယ်စပ် ဒုက္ခသည်စခန်း ၉ ခုတွင်ရှိသော မြန်မာဒုက္ခသည်များကို ခွဲခြားရန်အတွက် နောက်ဆုံးပေါ် စနစ်တစ်ခုကို ကနဦးစမ်းသပ်သုံးစွဲမှု အောင်မြင်သွားပြီဟု ကုလဒုက္ခသည်အေဂျင်စီက ဇွန် ၃၀ ရက်နေ့က မီဒီယာထုတ်ပြန်ချက်တစ်ခု တွင် ပြောကြားခဲ့ သည်။

ယခုနှစ် ဇန်နဝါရီနဲ့ မေလများအတွင်းက ကုလဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)နဲ့ ထိုင်းဘုရင့်အစိုးရတို့ ပူးပေါင်းပြီး၊ UNHCR ၏ ဇီဝမှတ်ကျောက်ဥပဓိစီမံခန့်ခွဲမှုစနစ်သစ် (Biometrics Identity Management System – BIMS)အကူအညီနဲ့ မြန်မာနိုင်ငံမှ မှတ်ပုံတင်ပြီးနဲ့ မှတ်ပုံမတင်ရသေးသည့် ဒုက္ခသည်ပေါင်း ၁၁၀၀၀၀ (တစ်သိန်း တစ်သောင်း) နီးပါးကို မှန်မမှန် စစ်ဆေးခွဲခြားပြီး မှတ်တမ်းသစ် ပြုစုခဲ့ကြသည်။

ထိုင်းနိုင်ငံကို ကမ္ဘာနှင့်အဝန်း စခန်းလူဦးရေ၏ ဇီဝအချက်အလက်များကို မှန်မမှန် စစ်ဆေးခွဲဲခြားသည့် ကနဦးအထောက်အကူစီမံကိန်း၏ ပထမဆုံးနေရာအဖြစ် ရွေးချယ်ထားသည်။ စခန်းများတွင် ပုံမှန်မှတ်ပုံတင်မှုကို ၁၀နှစ်အလွန်ကတည်းက ရပ်ဆိုင်းထားခဲ့ရာ မိသားစုဖွဲ့စည်းပုံ၊ မွေးသေနှင့် လက်ထပ်မှုများအတွက် နောက်ဆုံးသတင်းအချက်အလက်များရရန် အရေးတကြီးလိုအပ်လျှက်ရှိသည်။

“မြန်မာနိုင်ငံမှာ အခြေအနေတွေက ပြောင်းလဲနေတော့ ဒုက္ခသည်တွေက စခန်းပြင်ပမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြဿနာကို အဖြေရှာလာကြတယ်’’ဟု UNHCR ၏ ထိုင်းနိုင်ငံကိုယ်စားလှယ် မီရီး ဂီးရတ်က ပြောကြားခဲ့ပြီး၊ အရေအတွက်အနည်းငယ်က ကိုယ့်နည်းကိုယ့်ဟန်နဲ့ နေရပ်ကို ပြန်စပြုနေပြီလို့လည်း သူမက ဆိုပါတယ်။

UNHCR၏ NGO ပါ့တနာများ အထောက်အပံ့ဖြင့် ထိုင်းပြည်ထဲရေးဝန်ကြီးဌာန အရာရှိများနှင့် ပူးတွဲအကောင်အထည်ဖော်သော ကနဦးလှုပ်ရှားမှုတွင် မိသားစုတစ်ခုလုံး၏ ရှိပြီးသား စာရွက်စာတမ်းအထောက်အထားများနှင့် ရုပ်ပိုင်းသက်သေခံချက်များကို အသေးစိတ် စစ်ဆေးခြင်းများ ပါ၀င်သည်။ စခန်းတစ်ခုစီမှ ဒုက္ခသည်ခေါင်းဆောင်များက လှုပ်ရှားမှုတွင် ဒုက္ခသည်များ ပါ၀င်ပူးပေါင်းလာစေရန် အကူညီပေးကြသည်။ အကျိုးရလဒ်မှာ ၁၀နှစ်တာအတွင်း ဒုက္ခသည်လူထုကို စာရင်းဇယားအရေအတွက် ရှုထောင့်မှ ပြန်လည်သုံုး သပ်ရန်နှင့် ယခင်ကထက် ပိုမိုကျယ်ပြန့်လွှမ်းခြံုသော ကာကွယ်မှုပေးရန်ပင်ဖြစ်သည်။

ဇီဝမှတ်ကျောက် ဥပဓိစီမံခန့်ခွဲမှုစနစ် (BIMS)ကို UNHCR သမိုင်းတွင် ပထမဆုံးအကြိမ် အသုံးပြုခြင်းဖြစ်ပြီး၊ ဒုက္ခသည်တစ်ဦးချင်းစီ၏ လက်ဗွေနှင့် မျက်စိသူငယ်အိမ်စကင်ဖတ် အချက်အလက်များကို UNHCR၏ အွန်လိုင်းဒေတာဗေ့စ်ထဲတွင် စုစည်းသိုမှီးထားကာ ကမ္ဘာ၏ မည်သည့်နေရာမှမဆို ပြန်လည်ထုတ်ယူနိုင်မည်ဖြစ်သည်။

“သူတို့ (ဒုက္ခသည်တွေ)ဟာ ဒီစနစ်ကို ဖြတ်သန်းလိုက်ရုံနဲ့ သူတို့ရဲ့ လက်ဗွေတွေနဲ့ သူငယ်အိမ်တွေကို မှတ်တမ်းတင်လိုက်ပြီဆိုတော့ သူတို့ ဘယ်သူတွေလဲဆိုတာ ကျွန်တော်တို့ အမြဲတမ်းသိနိုင်နေလို့ ဒီဇီဝမှတ်ကျောက်စနစ်က အနာဂတ်မှာ ဒုက္ခသည်တွေကို အများကြီးအကူအညီပေးနိုင်ပါလိမ့်မယ်’’ဟု ဂျနီဗာမှ UNHCR၏ တွဲဖက် ဇီဝမှတ်ကျောက်စနစ် ဖြန့်ချထားရေးအရာရှိ ဆမ် ဂျက်ဖရီက ပြောကြားခဲ့သည်။ “တကယ်လို့ သူတို့ရဲ့ စာရွက်စာတမ်းအထောက်အထားတွေ ပျောက်ဆုံးသွားခဲ့ရင်လည်း ကျွန်တော်တို့ဆီ အချိန်မရွေး ပြန်လာတောင်းလို့ ရတာပေါ့’’ဟုလည်း ၄င်းက ပြောကြားသည်။

သို့ရာတွင် ၀န်ထမ်းများနှင့် နည်းပညာကို ထိုင်းနိုင်ငံ၏ အဝေးခေါင်ဆုံးသောနေရာသို့ ဆောင်ယူလာရန်မှာ လမ်းပန်းဆက်သွယ်ရေးအရ စိန်ခေါ်မှုတစ်ခုပင်ဖြစ်သည်။ ဖုန်းနှင့် အင်တာနက် လုံးဝမရှိသည့် ဒုက္ခသည်စခန်းများသို့ ဂြိုဟ်တုစလောင်းကိရိယာများကို အရောက်ပို့ကြရသည်။ UNHCR ၀န်ထမ်း ရ၅ယောက်တို့မှာ မြစ်များကိုဖြတ်၊ ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်မှ ကီလိုမီတာ ရာနှင့်ချီသည့် တောင်ပေါ် မြွေလိမ်မြွေကောက်လမ်းများကို ရက်သတ္တ ၁၃ ပတ်မျှသောအချိန်အတွင်း ခရီးနှင်ကြရသည်။

ထိုင်းနိုင်ငံအတွင်း မှတ်ကျောက်တင်လှုပ်ရှားမှု၏ အဆုံးတွင်မူ ဒုက္ခသည်များမှာ အင်တာနက်အဆက်အသွယ်မရှိ သည့် ဝေးခေါင်သော နေရာများတွင်ပင် UNHCR ကတ်ဖက်စက်များဖြင့် ပြန်လည်ထုတ်ယူနိုင်သော လုံခြံုစွာ ကုတ်ပြုလုပ်ထားသည့် ၄င်းတို့ မိသားစုဝင်များ၏ ဇီဝအချက်အလက်နှင့် ဓာတ်ပုံများပါသော စမတ်ကတ်ကိုယ်စီနှင့် ဖြစ်သွားကြသည်။

“ဒီကတ်တွေနဲ့ဆိုတော့ ကျွန်တော်တို့ ဆာဗာလို လေးလံကြီးမားတဲ့ ကိရိယာကြီးတွေနဲ့ လျှောက်သွားနေစရာ မလိုအပ်တော့ဘူးပေါ့’’ဟု UNHCR ကိုယ်စားလှယ် ဂီးရတ်က ပြောကြားသည်။ “မိမိဆန္ဒအလျောက် ပြန်တဲ့အခါများမှာလည်း၊ အိမ်ပြန်သူတွေ ဘာဖြစ်သွားသလဲ၊ ပြန်လည်ပေါင်းစည်းဖို့ အကူအညီအထောက်အပံ့ရသလားဆိုတာကို မှတ်တမ်းတင်ဖို့ ကွင်းဆင်းတဲ့အခါ မြန်မာပြည်တွင်းက ကျွန်တော့်တို့အဖွဲ့တွေရဲ့ ကျောပိုးအိတ်တွေထဲမှာ ကတ်ဖတ်စက်တစ်ခု ရှိနေလိမ့်မယ်။ ကျွန်တော်တို့က ဒီဇီဝမှတ်ကျောက် အချက်အလက်တွေကို အခြား လူသားချင်းစာနာထောက်ထားမှုကူညီသူတွေနဲ့ အာဏာပိုင်တွေထံကို လွှဲပေးမယ်ဆိုရင် သူတို့အနေနဲ့လည်း ဒုက္ခသည်တွေကို လိုအပ်တဲ့ အကူအညီတွေ ပေးနိုင်မယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ရတ်ချဘူရီမှ သန်ဟင်းစခန်းတွင် ကရင်ဒုက္ခသည်ကော်မတီအတွက် အလုပ်လုပ်ပေးနေသည့် ဒုက္ခသည်တစ်ယောက်ဖြစ်သည့် ဂျွန်စမစ်ကမူ “ဒီမှတ်ကျောက်တင်မှုက ကျွန်တော်အပါအဝင် ဒုက္ခသည်အားလုံးအတွက် အရေးကြီးပါတယ်။ ဒီကတ်က အနာဂတ်မှာ ကျွန်တော့်ဘဝအတွက် အဆုံးအဖြတ်ဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့ မြန်မာပြည်ပြန်ဖို့ အခွင့်အရေးတစ်ခု ရလာခဲ့မယ်ဆိုရင် UNHCR ဒါမှမဟုတ် ထိုင်းအစိုးရကို ပြဖို့ ဒီကတ်က ကောင်းမွန်တဲ့ အထောက်အထားဖြစ်ပါလိမ့်မယ်။ ကျွန်တော်ကတော့ ဒီကတ်ကို အခြားသူတို့ရဲ့ တန်ဖိုးကြီးရတနာတွေနဲ့အတူ လုံလုံခြံုခြံုသိမ်းထားဖို့ ဘဝတူဒုက္ခသည်တွေကို အမြဲတမ်းတိုက်တွန်းနေပါတယ်’’ဟု ပြောကြားသွားခဲ့သည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...