ယာယီဒုက္ခသည်စခန်းမှ လှေစီးဒုက္ခသည် ဆယ်ဦးထိ ထွက်ပြေး

ယာယီဒုက္ခသည်စခန်းမှ လှေစီးဒုက္ခသည် ဆယ်ဦးထိ ထွက်ပြေး
by -
မဇ္ဈိမ
ရခိုင်ပြည်နယ် တောင်ပြိုလက်ဝဲမြို့နယ်တွင် ယာယီစစ်ဆေးမှုခံယူနေသော လှေစီးဒုက္ခသည်များ ထွက်ပြေးလျက်ရှိရာ ဇူလိုင် ၂၈ ရက်တွင် ငါးဦးထပ်မံထွက်ပြေးသွားပြီး စုစုပေါင်း ဆယ်ဦးထိ ရှိပြီဖြစ်သည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ဆိုသည်။

မောင်တောနယ်စပ်တွင် ဖမ်းဆီးမိသော လှေစီးရွှေ့ပြောင်းဒုက္ခသည်များနှင့် ဟိုင်းကြီးကျွန်းမှ ဖမ်းဆီးမိသော အမျိုးသမီးနှင့် ကလေးတချို့ကို တောင်ပြိုလက်ဝဲမြို့နယ်တွင် ယာယီစိစစ်ရေး စခန်းဖွင့်ကာ ထားရှိစစ်ဆေးနေခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက "အဲဒီဘက်က ဘင်္ဂလားဒေ့ရှ်နဲ့ နီးတော့ ထွက်ပြေးသွားကြ တာ ဖြစ်နိုင်တယ်၊ ဘယ်လိုပုံစံနဲ့ ထွက်ပြေးတာ အတိအကျတော့မပြောနိုင်ဘူး၊ စုစုပေါင်း ဆယ်ယောက်ရှိပြီ"ဟု ပြောသည်။

ထိုစိစစ်ရေးစခန်းကို မောင်တောနယ်ခြားစောင့်ရဲတပ်ဖွဲ့က ကြီးကြပ်စောင့်ထိန်းခြင်းဖြစ်ပြီး ယာယီ စိစစ်ရေးစခန်းများဖြစ်သဖြင့် လုံခြံုမှုမရှိဟုဆိုသည်။

မောင်တောနယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်မှ တာဝန်ရှိသူ တစ်ဦးက "သူတို့က အချုပ်သားတွေ မဟုတ်တော့ ချုပ်ထားလို့လည်းမရ ဒုက္ခသည်လိုထားရတာ ဒီနေရာက ဘယ်နေရာကြည့်ကြည့် တောဖြစ်နေတဲ့အတွက် လစ်တဲ့ အချိန်မှာထွက်ကြတာ" ဟု ပြော သည်။

မြန်မာရေပိုင်နက်အတွင်း မေလတွင်းက ရွှေ့ပြောင်း ဒုက္ခသည်များပါ၀င်သည့် သင်္ဘောနှစ်စီးကို ဖမ်းမိခဲ့ပြီး စုစုပေါင်း လှေစီးဒုက္ခသည် ၉၀၀ ကျော်ကို ရခိုင်ပြည်နယ်တွင် ထားရှိစိစစ်ခဲ့သည်။

ထိုအနက် ၁၈၇ ဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားဝင်လွဲပြောင်းထားပြီး ၁၉၅ ဦးမှာ ရခိုင်ပြည်တွင် နေထိုင်သူများဖြစ်ကာ သက်ဆိုင်ရာမြို့နယ်များသို့ လွဲပြောင်းနေခြင်းဖြစ်သည်။

 ကျန်ငါးရာကျော်မှာ မိုင်တိုင် ၃၇ တွင် ထားရှိကာ ဘင်္ဂလားဒေ့ရှ် အစိုးရ၏ အတည်ပြုမှုကို ခံယူလျှက်ရှိသည်။

May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...