အမျိုးသမီးများ နိုင်ငံရေးတွင် ပိုမို ပါ၀င်လာရန် ကိုတာစနစ် မဖြစ်မနေ သတ်မှတ်ပေးရန် လိုအပ်နေဟုဆို

အမျိုးသမီးများ နိုင်ငံရေးတွင် ပိုမို ပါ၀င်လာရန် ကိုတာစနစ် မဖြစ်မနေ သတ်မှတ်ပေးရန် လိုအပ်နေဟုဆို
by -
မဇ္ဈိမ
အမျိုးသမီးများ နိုင်ငံရေးတွင် ပါ၀င်ခွင့်များလာစေရန်  ကိုတာ (ခွဲတမ်း) စနစ်သတ်မှတ်ပေးရေးမှာ မရှိမဖြစ် လိုအပ်နေသည်ဟု ချင်းဒီမိုကရက်တစ်ပါတီမှ အတွင်းရေးမှူး ဦးငိုက်ဆာ့ခ်က ဇွန် ၃၀ ရက်က ပြောသည်။

ဦးငိုက်ဆာ့ခ်က”ယဉ်ကျေးမှုအရ၊ ဘာသာရေး၊ ဓလေ့ထုးံတမ်းတွေက အစဉ်လာ အရိုးစွဲ အတွေးအခေါ်အရ အမျိုးသမီးတွေဟာ အမျိုးသားတွေလောက် စွမ်းဆောင်ရည်မရှိဘူးလို့ လက်ခံမှုတွေက ရှိနေဆဲပဲ၊ ဒါတွေကို အသိပညာပေးပြောင်းလဲပြီးမှ ပြင်မယ်ဆိုရင် ၁၀ နှစ် ၁၅နှစ် မကဘူး။ အနှစ်၂၀ လောက်လည်း ကြာသွားနိုင်တယ်၊ ဒါတို့ အရည်အချင်းရှိတဲ့အမျိုးသမီးတွေ နစ်နာသွားနိုင်တယ်။ ဒါကြောင့် ဥပဒေအရ နည်းဥပဒေအရ ကိုတာ(ခွဲတမ်း) သတ်မှတ်လိုက်ဖို့က မဖြစ်မနေ လိုတယ်လို့ ဆိုချင်ပါတယ်” ဟု ဆိုသည်။

ဇွန် ၃၀ ရက်က  ရန်ကုန်မြို့ Summit Parkview ဟိုတယ်တွင် ပြုလုပ်သည့် “အမျိုးသမီးများနှင့် နို်င်ငံရေးခေါင်းဆောင်မှု တွင်ကြံုတွေ့ရသည့် အတားအဆီးများနှင့် အခွင့်အလမ်းများအပေါ် လေ့လာတွေ့ရှိချက်” အမည်ရှိ  Gender Development Intitative အဖွဲ့၏ သုတေသနစာတမ်း စာနယ်ဇင်း ရှင်းလင်းပွဲတွင် ၄င်းကပြောခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ လက်ရှိအုပ်ချုုပ်ရေးပိုင်းဆိုင်ရာတွင်လည်း တိုင်းနှင် ့ပြည်နယ်အဆင့် ၀န်ကြီးများ၊ အထွေထွေအုပ်ချုုပ်ရေးမှူး ရာထူးများတွင် အမျိုးသမီးများ ရှိမနေခြင်းကလည်း  အရည်အချင်းမရှိ၍ မဟုတ်ဘဲ အစဉ်အလာအတွေးအခေါ်များကြောင့် ၀င်ရောက်ယှဉ်ပြိုင်သူ နည်း၍ဖြစ်ပြီး ယင်းအတွက် ကိုတာစနစ်သာ သတ်မှတ်လိုက်ပါက အမျိုးသမီးများအတွက် နိုင်ငံရေးတွင် ပါ၀င်ခွင့်များလာစေရန် အရည်အချင်း ထုတ်ဖော်ပြသခွင့်ရလာနို်င်မည်ဟု ၄င်းကဆိုသည်။

လက်ရှိတွင်လည်း ကျား မ တန်းတူညီမျှရေး၊ အမျိုးသမီးအခွင့်အရေးများ လှုပ်ရှားနေသည့် အဖွဲ့များကလည်း အဖွဲ့အစည်းများ၊ ၀န်ကြီးဌာနများနှင့် လွှတ်တော်တွင်းတွင် အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါ၀င်ရေး လှုပ်ရှားမှုများရှိနေပြီး ဇွန်လ ဒုတိယပတ်အတွင်းက ကျင်းပခဲ့သည့် လေ်ာခီးလာ တို်င်းရင်းသားညီလာခံတွင်လည်း အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးသည့်နောက်ပို်င်း နိုင်ငံရေးဆွေးနွေးပွဲများတွင် အမျိုးသမီး ၃၀ ရာခို်င်နှုန်းပါ၀င်ခွင့်ပြုရန်  သဘောတူညီခဲ့သည်။

ယင်းစာနယ်ဇင်းရှင်းလင်းပွဲသို့ တက်ရောက်လာသည့်  မြန်မာအမျိုးသမီးများကွန်ရက်မှ သဘာပတိအဖွဲ့ဝင် ဒေါ်ရွှေရွှေစိန်လတ်က ”ဘာလို့ ကိုတာစနစ်သတ်မှတ်ဖို့ လိုသလဲဆိုတော့ မြန်မာနိုင်ငံကနှစ်ပေါင်းများစွာ စစ်တပ်ကပဲ အုပ်စိုးလာတယ်၊ ဒီတော့ အမျိုးသားတွေ အုပ်စိုးမှုကပဲ အသားကျနေပြီး အမျိုးသမီးတွေ ရှေ့ရောက်ဖို့က mindset (စိတ်ပိုင်းဆိုင်ရာအတွေးအခေါ်) ပြောင်းလဲဖို့ အသိပညာပေးမှုတွေသာမက စနစ်ထဲမှာပါပြောင်းဖို့လိုအပ်တဲ့တွက်ကြောင့် ပါ”ဟု ဆိုသည်။

အမျိုးသမီးများ အုပ်ချုပ်ရေးကဏ္ဍတွင်ပိုမိုပါ၀င်လာနိုင်ရေးအတွက်  လက်ရှိကျင့်သုးံနေသော စနစ်ကိုပြန် လေ့လာသုံးသပ်ရန် လိုအပ်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးရုံးမှ  အကြီးတန်း အကြံပေး ပုဂ္ဂိုလ် ဒေါ်စုစုသာထွန်းက ဒီဇင်ဘာ ၆ ရက်တွင်  ရန်ကုန်မြို့၌ ကျင်းပသော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးဖိုရမ် ဒုတိယနေ့တွင် ပြောကြားခဲ့ဖူးသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...