ပုဒ်မ ၅၉ (ဃ) မှ လွဲ၍ ပုဒ်မ ၄၃၆ နှင့် ၅၉(စ) အပါအဝင် ကျန်ပုဒ်မများ ပြင်ဆင်ရန် ရှုံးနိမ့်

ပုဒ်မ ၅၉ (ဃ) မှ လွဲ၍ ပုဒ်မ ၄၃၆ နှင့် ၅၉(စ) အပါအဝင် ကျန်ပုဒ်မများ ပြင်ဆင်ရန် ရှုံးနိမ့်
by -
မဇ္ဈိမ
 ဖွဲဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်နေသည်ကို တွေ့ရစဉ် ။ (ဓါတ်ပုံ - မောင်သင်တုန်း၊ မဇ္စျိမ)
ဖွဲဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်နေသည်ကို တွေ့ရစဉ် ။ (ဓါတ်ပုံ - မောင်သင်တုန်း၊ မဇ္စျိမ)
ပြည်ထောင်စုလွှတ်တော်တွင် ဇွန်လ ၂၅ ရက်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရန်အတွက် မဲခွဲဆုံးဖြတ်ရာတွင် သမ္မတ အရည်အချင်း ဆုံးဖြတ်ချက် ဖြစ်သော ပုဒ်မ ၅၉ (ဃ)  (နိုင်ငံတော် အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေးအမြင်များ ရှိရမည်) ဟူသော ပုဒ်မ တစ်ခုသာ ရ၅ ရာခိုင်နှုန်းကျော် ထောက်ခံသည့်အတွက် ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး ကျန်ပုဒ်မများ ပြင်ဆင်ရန် အဆို ရှုံးနိမ့်သွားပြီ ဖြစ်သည်။

အခြား ရှုံးနိမ့်သွားသည့် ပုဒ်မများမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် အရေးကြီးသည့် ပုဒ်မ ၄၃၆ (က) နှင့် (ခ)၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့် တားမြစ်ထားသည့် ပုဒ်မ ၅၉ (စ) ၊ ပုဒ်မ  ၆၀ (ဃ) (ဒုသမ္မတများသည်
နိုင်ငံတော် သမ္မတအတွက် သတ်မှတ်ထားသည့် အရည်အချင်းနှင့် ပြည့်စုံခြင်း ရှိ/မရှိကို ပြည်ထောင်စုလွှတ်တော်နှင့်
ပြည်ထောင်စု လွှတ်တော်တွင် ပါ၀င်သော လွှတ်တော်နှစ်ရပ်၏ အကြီးအမှူးများနှင့် ဒုတိယ အကြီးအမှူးများ ပါ၀င်သည့် အဖွဲ့က စီစစ်ရမည်) နှင့် ပုဒ်မ  ၄၁၈ (ခ)  (တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို နိုင်ငံတော် အာဏာ လွှဲအပ်ပြီးသည့် အချိန်မှစ၍ သမ္မတနှင့် ဒုတိယ သမ္မတမှအပ လွှတ်တော်များ၏ သဘောတူညီချက်ဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဦးစီး အဖွဲ့ဝင်များ တာဝန်မှ ရပ်စဲပြီးဖြစ်သည်ဟု မှတ်ယူရမည်) တို့့မှာ ရှုံးနိမ့်ခဲ့သည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...