လှေစီးရွှေ့ပြောင်းများကို ခေါ်ဆောင်လာသူ မြန်မာနိုင်ငံသား ၂၀ ဦးကို ထောင် ၅ နှစ်ချ လူကုန်ကူးမှုဖြင့်လည်း တရားစွဲထား

လှေစီးရွှေ့ပြောင်းများကို ခေါ်ဆောင်လာသူ မြန်မာနိုင်ငံသား ၂၀ ဦးကို ထောင် ၅ နှစ်ချ လူကုန်ကူးမှုဖြင့်လည်း တရားစွဲထား
by -
မဇ္ဈိမ
 လှေစီးဒုက္ခသည်များကို တင်ဆောင်လာသည့် မြန်မာနိုင်ငံသား သင်္ဘောသား ၂၀ ဦးကို ဇွန် ၂၃ ရက်တွင် မောင်တောမြို့နယ် တရားရုံးက ထောင်ဒါဏ် ငါးနှစ်စီ ချမှတ်လိုက်သည်။

လှေစီးဒုက္ခသည်များကို တင်ဆောင်လာသည့် စက်လှေတွင် မြန်မာနိုင်ငံသားလှေလုပ်သား ၂၀ ဦး ပါ၀င်ခဲ့ပြီး ၄င်းတို့ကို တရားမဝင်နယ်စပ်ဖြစ်ကျော်မှု၊ လူကုန်ကူးမှုတို့ဖြင့် တရားစွဲဆိုထားရာ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုဖြင့် ပြစ်ဒါဏ် ချလိုက်ခြင်းဖြစ်သည်။

"ထောင်ဒါဏ်ငါးနှစ်က ပထမ တစ်မှုကို ချတာဖြစ်ပါတယ်။ လူကုန်ကူးမှုက သပ်သပ်ထပ်ရှိပါသေးတယ်။" ဟု မောင်တောမြို့နယ် လ.၀.က ဦးစီးမှူး ဦးစောနိုင်ကပြောသည်။

လှေလုပ်သား ၂၀ ဦးမှာ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းတို့မှ ဖြစ်ပြီး ၄င်းတို့အပြင် လှေပိုင်ရှင်နှင့် အပေါင်းအပါ ၄ ဦး ကိုလည်း လူကုန်ကူးမှု ဥပဒေဖြင့် စစ်တွေတွင် တရားစွဲဆိုထားသေးသည်။

"လေပိုင်ရှင် နှစ်ယောက်မှာ တစ်ယောက်ကို လိုက်လံဖမ်းဆီးနေတုန်းပါ တိမ်းရှောင်နေတယ်ပေါ့။" ဟု ရခိုင်ပြည်နယ် လူကုန်ကူးမှုတားဆီးရေးတာဝန်ခံ ဒုရဲမှူးကျော်ညွှန့်ကပြောသည်။

မေ ၂၁ ရက်က ဖမ်းဆီးမိခဲ့သော ရွှေ့ပြောင်းအခြေချ လှေစီးဒုက္ခသည် ၂၀၈ ဦးပါ လှေနှစ်စီးတွင် ပါ၀င်သော လှေလုပ်သားများကို ရခိုင်ပြည်နယ်အစိုးရက အရေးယူခြင်းဖြစ်သည်။

လှေတွင်ပါ၀င်သော ဒုက္ခသည်များအနက် ၁၈၃ ဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည် လွှဲအပ်ပြီး ရှစ်ဦးကို ရခိုင်ပြည်နယ်တွင် ထားရှိသည်။

ကျန် ၁၇ ဦးမှာ တောင်ပြိုလက်ဝဲမြို့နယ် ယာယီစစ်ဆေးရေး စခန်းတွင် စိစစ်နေဆဲဖြစ်သည်။

May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...