မွန်ဘုရင်မရှင်စောပု၏ အမှတ်တရများကို မွန်အမျိုးသားနေ့မြေစိုက်ပိုစတာတွင် ဖော်ပြမည်

မွန်ဘုရင်မရှင်စောပု၏ အမှတ်တရများကို မွန်အမျိုးသားနေ့မြေစိုက်ပိုစတာတွင် ဖော်ပြမည်
by -
မွန်သတင်းအေဂျင်စီ
၇၀ ကြိမ်မြောက်မွန်အမျိုးသားနေ့ မြေစိုက်ပိုစတာပုံကြမ်း(MNA)
၇၀ ကြိမ်မြောက်မွန်အမျိုးသားနေ့ မြေစိုက်ပိုစတာပုံကြမ်း(MNA)
ယခုနှစ် တပို့တွဲလပြည့်ကျော်(၁) ရက်နေ့တွင် ကျရောက်မည့် ရ၀ ကြိမ်မြောက် မွန်အမျိုးသားနေ့ မြေစိုက်ပိုစတာတွင် ကျိုက်မရောဘုရားကြီးအတွင်း မွန်ဘုရင်မရှင်စောပု တည်ဆောက်လှူဒါန်းခဲ့သည့် ဘုရားဆောင်၊ ထုလုပ်ခဲ့သည့် ကျောက်စာနှင့် ဘုရင်မကြီး၏ရုပ်ပုံလွှာအမှတ်တရများကို ဖော်ပြသွားမည်ဟု မွန်အမျိုးသားနေ့ကျင်ပရေး ဗဟိုကော်မတီထံမှ သိရသည်။

“ကျိုက်မရောမြို့နယ်မှာ အများသိတာက ရှင်စောပုဘုရားပါပဲ။ ပြီးတော့ ရှင်စောပုရဲ့ရာဇာဝင်သမိုင်းကြောင်းကိုလည်း အများသိစေ လိုတာပါ။ သူ့ရဲ့စွမ်းဆောင်ရည်တွေကိုလည်း ဂုဏ်ပြုချင်တဲ့သဘောနဲ့ ရွေးချယ်ဖြစ်သွားတာပါ” ဟု မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီ(ဗဟို) အထွေထွေအတွင်းရေးမှူး မိစန္ဒာနွန်က ဆိုသည်။

အောက်တိုဘာ ၂၀ ရက်နေ့က မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကျိုက်မရောဘုရားကြီးကျောင်း၌ တတိယကြိမ်မြောက် မွန်အမျိုးသားနေ့ ဗဟိုကော်မတီအစည်းအဝေးကျင်းပရာ မြို့နယ်အသီးသီးမှ ကိုယ်စား လှယ် ရ၅ ဦးက အကြံပြုဆွေးနွေးပြီး ရှင်စောပုဘုရင်မနှင့်သက်ဆိုင်သည့် အမှတ်တရအား မွန်အမျိုးနေ့ မြေစိုက်ပိုစတာတွင် သတ်မှတ်ဖော်ပြရန် သဘောတူညီခဲ့ခြင်း ဖြစ်သည်။

မွန်အမျိုးသားနေ့ ကျင်းပရေးဗဟိုကော်မတီဝင် နိုင်မွန်ရာဇာက “မြေစိုက်ပိုစတာဟာ အဓိက ၃ ချက်ကို အခြေခံထား တာပါ။ ကျိုက်မရောဘုရားဆောင် (ဘုတ်ကျာ်မြဟ်) ကို အလယ်မှာထားမယ်။ ဘေးနှစ်ဖက်ကိုတော့ ဘုရင်မရှင်စောပုပုံတူနဲ့  မွန်ဘုရင်မရှင်စောပု ဆုတောင်းကျောက်စာကို ထားရှိသွားမယ်” ဟု ဆိုသည်။

မွန်မျိုးသားနေ့ (ဗဟို) ဖြစ်မြောက်ရေးကော်မတီမှ လက်ရှိတွင် ဘဏ္ဍာရှာဖွေးရေးဆပ်ကော်မတီ၊ စာပေပြိုင်ပွဲ ဆပ်ကော်မတီ၊ ယဉ်ကျေးမှုဆပ်ကော်မတီ၊ ဖျော်ဖြေရေးဆပ်ကော်မတီနှင့် ပြန်ကြားရေးဆပ်ကော်မတီများအား ဖွဲ့စည်းထားရှိပြီး လိုအပ်သည့်ဆပ်ကော်မတီများအား နောက်လာမည့် စတုတ္ထအကြိမ် ဗဟိုကော် မတီအစည်းအဝေး နိုဝင်ဘာ ၅ ရက်နေ့တွင် ထပ်မံဖွဲ့စည်းသွားမည်ဟု ကျင်းပရေးကော်မတီမှ သိရသည်။

၁၉၉၇ ခုနှစ်တွင်ကျရောက်ခဲ့သည့် ၅၀ ကြိမ်မြောက် မွန်အမျိုးသားနေ့ရွှေရတုသဘင်မှ မွန်အမျိုးသားနေ့ဗဟို စတင်ဖွဲ့စည်းနိုင်ခဲ့ပြီး နှစ်အလိုက်အထိမ်းအမှတ်မြေစိုက်ပိုစတာကို ကျေးရွာများနှင့်မြို့ပေါ်အသီးသီးတွင် စိုက်ထူခဲ့ခြင်း ဖြစ်သည်။

မွန်အမျိုးသားနေ့ကျင်းပရေးဗဟိုတွင် မွန်ပြည််နယ်အတွင်းရှိ မြို့နယ်ကိုယ်စားလှယ်များအပြင် ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းရှိ ကျင်းပရေးကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး တစ်နှစ်လျင် မြို့နယ်တစ်ခုသို့ ပြောင်းရွှေ့ကျင်းပလျက်ရှိသည်။

ပြီးခဲ့သည့် ၆၉ ကြိမ်မြောက် မွန်အမျိုးသားနေ့ဗဟိုအခမ်းအနားကို ချောင်းဆုံမြို့နယ်၊ ကလော့ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ပြီး ထိုင်းနိုင်ငံတွင်တည်ရှိသည့် ‘ပရပထုံ’  မွန်ကျောက်စာပုံအား မြေစိုက်ပိုစတာအဖြစ် သတ်မှတ်ဖော်ပြခဲ့သည်။

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...