ဓမ္မစေတီခေါင်းလောင်းပြန်လည်ဆယ်ယူမည့် ဦးစံလင်းပြောဆိုမှုကို မွန်သမိုင်းသုတေသီအချို့ရှုပ်ချ

ဓမ္မစေတီခေါင်းလောင်းပြန်လည်ဆယ်ယူမည့် ဦးစံလင်းပြောဆိုမှုကို မွန်သမိုင်းသုတေသီအချို့ရှုပ်ချ
ဓမ္မစေတီခေါင်းလောင်းဆယ်မည့်သူ ဦးစံလင်း(Internet)
ဓမ္မစေတီခေါင်းလောင်းဆယ်မည့်သူ ဦးစံလင်း(Internet)
လာမည့်ဝါခေါင်လတွင် ဓမ္မစေတီခေါင်းလောင်းကြီးကို ကုန်းပေါ်သို့ အရောက်ဆယ်ယူမည်ဟု ဦးစံလင်း၏ပြောဆိုနေမှုအပေါ် အချို့သော မွန်သုတေသီတို့က ရှုပ်ခဲ့ကြသည်ဟု သိရသည်။

လာမည့်သြဂုတ်လတွင် ဓမ္မစေတီခေါင်းလောင်း ပြန်လည်ဆယ်ယူရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းထံတင်ပြထားပြီဟု ဦးစံလင်းက ဇွန် ၂၁ ရက်နေ့တွင် သတင်းမီဒီယာများသို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

မွန်သမိုင်းသုတေသနအသင်း၏ တွဲဖက်အတွင်းရေးမှူး နိုင်ရဲဇော်က “ဒါဟာ မလုပ်သင့်တဲ့ကိစ္စပါ၊ သုတေသနသေသေချာချာလုပ်ပြီးမှသာ လုပ်မယ်ဆိုရင် ဖြစ်နိုင်ပါတယ်၊ အခုဟာက နတ်တွေနဲ့ ဘာနဲ့ဆိုတော့ အရာမရောက်တဲ့ကိစ္စတခုလို့ကျွန်တော်မြင်တယ်၊ ဒီအပေါ်မှာ မွန်တွေရဲ့ ထိုးနှက်တိုက်ခိုက်တာတွေဖြစ်လာမယ်၊ ဒါဟာမဖြစ်သင့်ဘူး ကျွန်တော်တို့ကန့်ကွက်သွားဖို့ အစီစဉ်ရှိတယ်”ဟု ဆိုသည်။

ဇွန်လ (၂၁) ရက်နေ့က ရန်ကုန်မြို့ City star hotel ၌ ပြုလုပ်ခဲ့သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအား “ဓမ္မစေတီခေါင်း လောင်းတော်ကြီးကို အခုလာမယ့် ၁၃၇၈ ခုနှစ် ဝါခေါင်လအပြီး ရေထဲမှ ကုန်းပေါ်သို့ အရောက် ဆယ်ယူ တင်လှူသွားမယ်” ဟု ဦးစံလင်း ပြောကြားခဲ့သည်။

လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်တွင် ဓမ္မစေတီခေါင်းလောင်းဆယ်ယူခဲ့ကြောင်း၊ အချို့သော အစိုးရအရာရှိများက ပြင်ပမှပယောဂ အခေါ်ခိုင်းသည့်ကိစ္စကြောင့် ဆယ်ယူမရခဲ့ကြောင်း၊ ပြီးတဲ့ကိစ္စမပြောချင်ကြောင်း ဦးစံလင်းက ပြောကြားခဲ့သည်။

ဦစံလင်းပြောဆိုနေသော ဓမ္မစေတီခေါင်းလောင်းကြီး ဆယ်ယူမည့်ကိစ္စကို အများက စိတ်ဝင်စားမှုမရှိ ယုံကြည်ဖွယ်မရှိဟု (facebook) စာမျက်နှာများတွင် ပြောဆိုဝေဖန်သည်ကို တွေ့ရသည်။

ယင်းခေါင်းလောင်းဆယ်ယူမည့် အစီအစဉ်ကို ဦးစံလင်း (ရေတပ် အငြိမ်းစား) က ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးဟောင်း ဦမြင့်ဆွေထံမှ ခွင့်ပြုချက်ရရှိပြီး ၂၀၁၄ သြဂုတ်လ ၉ ရက်နေ့မှ ၁ လနီးပါး ကြိုးစားဆယ်ယူသော်လည်း မအောင်မြင်ခဲ့ပေ။

Most read this week

ပုံ-CJ (ပုံဟောင်း)
June 15, 2026
ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာတွင် ယနေ့နံနက်ပိုင်း၌ ပစ်ခတ်မှုဖြစ်ပြီးနောက်...
June 13, 2026
စစ်အုပ်စုက ရက် ၁၀၀ စီမံကိန်းအဖြစ် ကြေညာခဲ့သည့် ဧပြီလ ၂၀ ရက်နေ့မှ ဇွန်လ ၁၀ ရက်နေ့အတွင်း စစ်တပ်၏...
June 12, 2026
မွန်ပြည်နယ်တွင် အသက် ၁၅ နှစ်အောက်ကလေးများ သွေးလွန်တုပ်ကွေး စတင်ဖြစ်ပွားနေပြီးဖြစ်သဖြင့်...
June 11, 2026
မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာ မူလတန်းအဆင့်တွင် မွန်တိုင်းရင်းသားစာပေကို Grade 5 အထိ...