ရွာသစ်မြို့နယ်ခွဲတွင် ပိတ်ချင်းနှင့် အုန်းသီးစိုက်ပျိုးအဓိက စီးပွားဖြစ်

ရွာသစ်မြို့နယ်ခွဲတွင် ပိတ်ချင်းနှင့် အုန်းသီးစိုက်ပျိုးအဓိက စီးပွားဖြစ်
by -
ကန္တရဝတီ
ရွာသစ်မြို့နယ်ခွဲတွင် စီးပွားအဖြစ် ပိတ်ချင်းစိုက်ပျိုးခြင်းနှင့် အုန်းသီးစိုက်ပျိုးခြင်း လုပ်ငန်းလုပ်သူများ တခြား သီးနှံ စိုက်ပျိုးခြင်းထက် အဆင်ပြေကြောင်း ရွာသစ်မြို့ ဒေသခံများက ပြောသည်။

ရွာသစ်မြို့တွင် ဒေသထွက် သီးနှံအဖြစ် ပိတ်ချင်း၊ အုန်းသီးနှင့် နှမ်းများ အဓိက ထွက်ရှိပြီး လွိုင်ကော်တို့ ပို့ကြကြောင်း ရွာသစ်မြို့ မြောက်ပိုင်း ဆယ်အိမ်မှုး ကိုခိုင်ဖြိုးစိုးက ပြောသည်။

ကိုခိုင်ဖြိုးစိုးက “တခြားဝင်ငွေ မရှိပေမယ့် တစ်နှစ်စာအတွက် ဒီဟာတွေနဲ့ အဆင်ပြေနေတယ်။ ပိတ်ချင်းကို ရစ်ပြီး မှည့်ရင် ခူးလို့ရပြီ။ ပြီး ခြောက်လှန်းရတယ်”ဟု ပြောသည်။

ပိတ်ချင်းကို တစ်ပိဿာ ကျပ် ၁၀၀၀၀ ကျော်ခန့် ရောင်းရပြီး အုန်းသီးကို တစ်လုံး ၂၅၀ ကျပ် ရောင်းရသည်။

ပိတ်ချင်းကို တိုင်းရင်းဆေးများ ဖော်စပ်ရန်အတွက် တောင်ကြီးမှ လာဝယ်ကြကြောင်း၊ အုန်းသီးကို ယခင်က ရွာသစ်တွင် အုန်းဆီအစစ် ထုတ်သော်လည်း အခုတွင် အုန်းဆီ အထုတ်နည်းပြီး အခိုင်လိုက် ရောင်းရကြောင်း ရွာသစ် ဒေသခံတစ်ဦးဖြစ်တဲ့ လှယဉ်ကျေးက ပြောသည်။

လှယဉ်ကျေးက “အရင်နှစ်ကစပြီး အုန်းသီးတွေ စျေးတက်တယ်။ လွိုင်ကော်ကလူတွ လာဝယ်တာ သူတို့က အခိုင်လိုက် လာဝယ်တာလေ။ ပွဲတွေ တင်ဖို့ သူတို့ဒီမှာ လာဝယ်တာက တစ်လုံး၂၀၀ ၂၅၀ အဲလောက်ပဲ။ သူတို့ပြန်ရောင်းတာက ရ၀၀ အဲလိုတွေလေ။”ဟု ပြောသည်။

ရွာသစ်မြို့နယ်ခွဲသည် ယခင်က လမ်းပန်းဆက်သွယ်ရေး မကောင်း၍ စီးပွားရေးအတွက် အဆင်မပြေသော်လည်း ၂၀၁၂ ခုနှစ်နောက်ပိုင်းတွင် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေလာ၍ လွိုင်ကော်သို့ သွားရောင်းနိုင်ကြောင်း ပြောသည်။

ပိတ်ချင်းကို ကယားပြည်နယ်အတွင်းတွင် ရွာသစ်မြို့နယ်ခွဲ့တွင်သာ စိုက်ပျိုးထားကြသည်ဟု သိရသည်။ ပိတ်ချင်းနှင့် အုန်းပင်ကို အိမ်တိုင်းတွင် စီးပွားအဖြစ် စိုက်ပျိုးကြကြောင်း သိရသည်။

Most read this week

December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...
December 16, 2025
မြလေးကုန်းဆိုတဲ့ စစ်ရှောင်စခန်းအတွင်းက အေးချမ်းတဲ့ ဆောင်းမနက်ခင်းတခုရဲ့ နံနက်ခင်းလေးမှာ...
December 15, 2025
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက သုံးနှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ်တစ်ဦးကို...
December 10, 2025
ကရင်နီပြည် ၊ လွိုင်ကော်မြို့၊ ပန်ကန်းရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားနှစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ...