ဆိုလဖဲခိုရွာမှာ ရာသီတုပ်ကွေးကြောင့် ရွာလုံးကျွတ်ဖျားနာနေ

ဆိုလဖဲခိုရွာမှာ ရာသီတုပ်ကွေးကြောင့် ရွာလုံးကျွတ်ဖျားနာနေ

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းက ဆိုလဖဲခို ကျေးရွာမှာ ရာသီတုပ်ကွေးကြောင့် ဒေသခံတွေ ရွာလုံးကျွတ်ဖျားနာနေကြတယ်လို့ ရွာခံတွေဆီကနေ သိရပါတယ်။

" အစပိုင်းတော့ ရွာအလယ်ပိုင်းက အရင်စဖြစ်တယ်။ မိသားစုအလိုက် ဖြစ်ကြတယ်‌ပေါ့။ တအိမ်မှာ တစ်ယောက်ဖြစ်ရင် ကူးတယ်နဲ့တူ‌‌တယ်။ အဖျားက တော်တော်ကြီးကြတယ်ပေါ့နော်။ ‌နောက်‌တော့တစ်လအတွင်းပဲ တစ်ရွာလုံးပြန့်သွားတယ်။ အ‌ဖျားကြီးတယ်။ တချို့က သွေးပေါင်တွေကျတဲ့အထိဖြစ်တယ်" လို့ ရွာခံတဦးက ပြောပါတယ်။

ဒေသခံတွေရဲ့ အဆိုအရ ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ ဆေးဆရာမ တဦးသာရှိပြီး၊ လူနာဦးရေ များပြားတာကြောင့် ကျန်းမာရေးဝန်ဆောင်မှုပေးနိုင်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရွာခံတစ်ဦးက ပြောပါတယ်။

“ဆရာမတွေ မလုံလောက်တာလဲ တော်တော်လေး အခက်ခဲဖြစ်တယ်ပေါ့နော်။ ဘယ်လိုဖြစ်လည်းဆို အိမ်ကလူက အဖျားတက်ပြီး သွားခေါ်ဆို ဆရာမက မရှိသေးဘူး။ ဘာလို့ဆို သူတစ်ယောက်တည်း လှည့်နေရ တော့ တခြားစစ်ဘေးရှောင်လည်း သူသွားတယ်လေ။ တခြားရွာက ခေါ်လဲလိုက်ရတော့ စောင့်နေရတယ်။ တချို့ဆို အသည်းအသန်ဆိုလည်း ဆရာမလည်း မလုံ‌‌လောက်တဲ့အတွက် တော်တော်လေးခက်တယ်ပေါ့" လို့ ရွာခံတစ်ဦးက ပြောပါတယ်။

ရာသီတုပ်ကွေးဟာ ဆိုလဖဲခိုရွာအပြင် အနီးနားက ကျေးရွာနဲ့ စစ်ဘေးရှာင်စခန်းမှာလည်း ဖြစ်ပွားနေကြတယ်လို့ သိရပါတယ်။

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...
September 7, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း အာဏာသိမ်း စစ်အုပ်စုတပ်က ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြု၍...
September 4, 2026
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်အုပ်စုတပ်၏ တိုက်ခိုက်မှုများကြောင့်...
September 3, 2026
ကရင်နီပြည်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသတို့တွင် လာမည့် စက်တင်ဘာလ ၆ ရက်နှင့် ၇...