လောဂျာကျေးရွာ တောင်သူပိုင် တောင်ယာအတွင်း မပေါက်ကွဲသေးသည့် အမြောက်ကျည်ဆံကို တပ်မှ လာရောက်ဖောက်ခွဲ

လောဂျာကျေးရွာ တောင်သူပိုင် တောင်ယာအတွင်း မပေါက်ကွဲသေးသည့် အမြောက်ကျည်ဆံကို တပ်မှ လာရောက်ဖောက်ခွဲ
by -
ကန္တာရဝတီတိုင်း(မ်)
ကယား(ကရင်နီ)ပြည်နယ် ဖရူဆိုမြို့နယ် ရှိ လောဂျာတောင်သူတစ်ဦးပိုင် တောင်ယာခင်းအတွင်း မပေါက်ကွဲသေးသည့် အမြောက်ကျည်ဆံ ကို အမှတ် ၁၄ စစ်လေ့ကျင့်ရေးကျောင်းမှ ယနေ့ မေလ ၅ ရက်နေ့တွင် လာရောက်ဖောက်ခွဲခဲ့သည်။

screw roksအဆိုပါကျည်ဆံမှာ ပြီးခဲ့သည့် ဧပြီလ လယ်ပိုင်း အချိန်က အမှတ်၁၄ စစ်လေ့ကျင့်ရေးကျောင်းမှ လေ့ကျင့်ပတ်ခတ်စဉ် တောင်ယာခင်းအတွင်း မပေါက်ကွဲပဲ ကျန်နေသည့်ကျည်ဆံဖြစ်ကြောင်း ဒေသခံများမှသိရသည်။

“ကျွန်တော်တို့ဒါကို ဓါတ်ပုံရိုက်ပြီး ဖေ့ဘွတ်ပေါ်တင်လိုက်တယ်။ တချို့လူ ၊ တောင်သူလယ်သမားအဖွဲ့က မြင်ပြီးတော့ သူတို့လိုက်ပြီး အဲ့ဒီအမှတ် ၁၄ ကျောင်းက အဲ့ဒီတာဝန်ရှိတဲ့ စစ်တပ်ကို သူတို့အကြောင်းကြားပြီးတော့ ဒီမနက်မှာ သွားဖောက်ခွဲခဲ့ပါတယ်” ဟု လောဂျာကျေးရွာဒေသခံ ဦးဗျားရယ်က ပြောသည်။

လောဂျာကျေးရွာ တောင်သူပိုင် တောင်ယာအတွင်း မပေါက်ကွဲသေးသည့် အမြောက်ကျည်ဆံကို တပ်မှ လာရောက်ဖောက်ခွဲ (ဓါတ်ပုံ - ဦးဗျားရယ်)

၎င်းအမြောက်ကျည် ကျရောက်သည့်နေရာသည် ဒေါခူး ခူကျေးရွာနှင့် လောဂျာကျေး ရွာကြားရှိ တောင်သူ တို့၏ တောင်ယာခင်းထဲ ဖြစ်သည်။

ထိုသို့ အမြောက်ကျည်ဆံ ကျရောက်သည့်အပေါ် ဒေသခံတောင် သူများက ထွန်ယက်စိုက်ပျိုးသည့် အချိန်တွင် ၎င်းအမြောက်ဗုံးအား ခိုက်မိပေါက်ကွဲမည်ကို စိုးရိမ်နေကြသည်။

“သူတို့ပစ်ခတ်တဲ့ချိန်မှာ ဆိုရင်တော့ တခါတလေ ကျတော်တို့ တောင်ယာသွားရမယ့်အချိန်ဆို နှစ်ရက် မဟုတ် သုံးရက်ထိ ပိတ်ထားလိုက်ရတယ်” ဟု ဒေသခံတစ်ဦး ကပြောသည်။

တပ်အနေဖြင့် စစ်ရေးလေ့ကျင့်ပြီး ကျန်နေသည့် ကိစ္စရပ်များကို တာဝန်ယူရန် လိုအပ်သည်ဟု တောင်သူလယ်သမားသမဂ္ဂအဖွဲ့မှ ကိုတူရယ်က ပြောသည်။

“အသက်အန္တရာယ်တွေစိုးရိမ်ရတာပေါ့။ မတွေ့မမြင်ရသေးတဲ့ မပေါက်ကွဲသေးတဲ့ ဗုံးဘယ်လောက်ထပ်ရှိအုံးမလဲ ။ တောင်သူတွေ၊ ကလေးတွေ၊ တိရိစ္ဆာန်တွေအတွက် အသက်အန္တရာယ်ကို အမြဲခြိမ်းခြောက်နေတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အတွင် အလားတူ တောင်ယာခင်းများအတွင်း အမြောက်ကျည်ဆံများကို သုံးလေးကြိမ်ခန့်တွေ့ ဖူးကြောင်းဒေသခံများကဆိုသည်။

May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...