ကုန်ကျစရိတ်သက်သာသည့် ရွှံ့အိမ် ဆောက်လုပ်ခြင်း အတတ်ပညာ သင်တန်း ကယားတွင် ဖွင့်လှစ်

ကုန်ကျစရိတ်သက်သာသည့် ရွှံ့အိမ် ဆောက်လုပ်ခြင်း အတတ်ပညာ သင်တန်း ကယားတွင် ဖွင့်လှစ်
by -
ကန္တာရဝတီတိုင်း(မ်)
ကုန်ကျစရိတ်သက်သာပြီး သဘာဝ ကျသော နေအိမ် ဆောက်လုပ်သည့် အတတ်ပညာ သင်တန်းကို ဒီးမော့ဆိုမြို့နယ် ခြောက်မိုင် ကျေးရွာ အုပ်စု ဒေါဆိုရှေ့ကျေးရွာတွင် တစ်လတာ သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။

မြေကြီး နှင့် စပါးခွံများ ဖြင့် ပြုလုပ်ထားသော မြေအုတ် များဖြင့် ဆောက်လုပ်ရသည့် ရွှံ့အိမ်သည် ကျန်းမာရေး အတွက် အထူးကောင်းမွန်ပြီး သဘာဝ နှင့် လိုက်လျောညီထွေ စွာ နေထိုင်နိုင်ကြောင်း ဖောင်တော်ဦး ကျောင်း ပညာရေးအဖွဲ့ မှ သင်တန်းပို့ချသူ ကိုဇော်ညွန့်က ပြောသည်။

"လေကောင်းလေသန့်တွေပိုရတယ်။ ဒီအနံ့အသက်တွေ သူက စုပ်ပေးတာပေ့ါ။ အပူအအေးကို လည်း မျှပေးတယ်။ကျန်းမာရေးလည်းကောင်းတယ်။ သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းပြီးသားပေ့ါ။ သစ်တွေအမြဲတမ်းခုတ်စရာမလိုတော့ဘူး။ နှီးလည်းခုတ်စရာမလိုတော့ဘူးပေ့ါ။" ဟု ကိုဇော်ညွန့်ကပြောသည်။

ရွှံ့အိမ်ကို ကချင််၊ ရှမ်း၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ရန်ကုန် နှင့် ပဲခူး စသည့်တိုင်းနှင့်ပြည်နယ် အသီးသီးတွင် ဆောက်လုပ် ခဲ့ဖူးပြီး ကယားပြည်နယ်တွင် ပထမဆုံးအကြိမ်ဖြစ်ကြောင်းသိရသည်။

ရွှံ့ဖြင့် နေအိမ်ဆောက်လုပ်ခြင်း အတတ်ပညာကို ယနေ့တွင် လူအများ စိတ်ဝင်စားမှုကို ရလာပြီးဖြစ်ကြောင်း ကိုဇော်ညွန့်ကဆိုသည်။

ဆောက်လုပ်ရာတွင် ကုန်ကျမည့် စရိတ်မှာ ဆောက်မည့်အိမ်အကြီးအသေး ပေါ်မူတည်ပြီး ကျပ်သိန်း(၂၀) မှ (၂၅)သိန်း ရှိလျှင် ကောင်းမွန်သော ရွှံ့အိမ်ကို ဆောက်လုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

ရွှံ့အိမ်ကို တစ်ထပ် သာမကာ နှစ်ထပ် ထိ ဆောက်လုပ်နိုင်ပြီး ယနေ့ခေတ် ဟိုတယ် အချို့ပင် ရွှံ့ဖြင့် ဆောက်လုပ်လာကြသည်။ ရွှံ့အိမ်တစ်အိမ်သည် နှစ် (၁၅၀) ထိ ခိုင်ခံ့ကြောင်းသိရသည်။

May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...