ယင်းတလဲမပျောက်ရန် ရေးရာကော်မတီတွင် ပါဝင်ဖွဲ့စည်းမည်

ယင်းတလဲမပျောက်ရန် ရေးရာကော်မတီတွင် ပါဝင်ဖွဲ့စည်းမည်
by -
ကန္တရဝတီတိုင်း (မ်)
ကယား(ကရင်နီ)မျိုးနွယ်စု တစ်ခုဖြစ်သည့် လူနည်းစု ယင်းတလဲလူမျိုးများ၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း စဉ်လာများကို မပပျောက်စေရန်အတွက် အသစ်ဖွဲ့စည်းမည့် တိုင်းရင်းသားရေးရာ ကော်မတီတွင် တိုင်းရင်းသားမျိုးနွယ်စုအားလုံး ပါဝင်ဖွဲ့စည်းမည်ဟု ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးလှထွေးကပြောသည်။

“ ယင်းတလဲလူမျိုးစုက နည်းနည်းလေး တိမ်မြုပ်နေတဲ့ အနေအထားလည်းရှိတယ်။ အဲ့ဒါလည်း သူတို့ရဲ့ culture (ယဉ်ကျေးမှု) ကို ပြန်လည်ဖော်ထုတ်ချင်တယ်” ဟု ပြောသည်။

ပြီးခဲ့သည့်အစိုးရသက်တမ်းတွင် မတွေ့ရသည့်အတွက် လာမည့် ရေးရာကော်မတီ ဖွဲ့စည်းနိုင်ရေးတွင် ယင်းတလဲမျိုးနွယ်စုအပါအဝင် တိုင်းရင်းသားမျိုးနွယ်စု (၉)မျိုးလုံးကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်များ ပါဝင်နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းဆိုသည်။

အသစ်တက်လာသည့် ပြည်နယ်လွှတ်တော်အနေဖြင့် အရပ်ဖက်လူမှုအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ ရှိနေသည်ဟု ပြောဆိုထားသည့်အတွက် ကောင်းမွန်သည့် ပြည်သူနှင့် လွှတ်တော်ဆက်ဆံရေးများ ရှိလာနိုင်သည်ဟု ကရင်နီပြည်လူငယ်များသမဂ္ဂမှ ဗဟိုအလုပ်အမှုဆောင် ကိုကျော်ထင်အောင်က ပြောသည်။

ကိုကျော်ထင်အောင်က “လွှတ်တော်သစ်ဥက္ကဋ္ဌကလည်း အရပ်ဖက်တွေနဲ့ ပူးပေါင်းပြီးတော့မှ လုပ်ကိုင်ဆောင်ရွက်မယ်ဆိုပြီးတော့မှ ဒီနေ့ ကတိစကားပြောကြားသွားတာဖြစ်တဲ့အတွက် ဒီနေ့အထိ အနေအထားတစ်ရပ်ကိုတော့ အားရကျေနပ်မှုရှိပါတယ် ” ဟုပြောသည်။

ကယားပြည်နယ်လွှတ်တော်အနေဖြင့် ရေးရာကော်မတီ ၄ ရပ်ဖွဲ့စည်းနိုင်ရန်အတွက် ပညာရှင်များနှင့် ဖွဲ့စည်းနိုင်ရန် စတင်ပြင်ဆင်နေခြင်းဖြစ်သည်ဟုသိရသည်။

ထို့နောက် တိုင်းရင်းသားရေးရာကော်မတီမှ တိုင်းရင်းသားအရေးဖြစ်သည့် ငြိမ်းချမ်းရေးလုပ်ငန်းများကို ရှေ့ဦးစွာ ဆောင်ရွက်သွားရန် ဦးစားပေးလုပ်ဆောင်သွားမည်ဟု ဆိုသည်။

"ခုလောလောဆယ်တော့ အဓိက ကတော့ ငြိမ်းချမ်းရေးပေါ့၊ ငြိမ်းချမ်းရေးက ပါတီရဲ့ မူဝါဒပေါ့။" ဟု ဦးလှထွေးက ပြောသည်။

၎င်းကော်မတီ ရေးရာ ၄ ရပ်မှာ ဥပဒေပြုရေးဆိုင်ရာကော်မတီ ၊ အစိုးရ၏အာမခံချက်များ ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ၊ တိုင်းရင်းသားလူမျိုးများ အရေးဆိုင်ရာကော်မတီ ၊ ဥပဒေလေ့လာစိစစ်အကြံပြုရေးကော်မတီ တို့ဖြစ်သည်။

May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...