ခြေတု လက်တု တပ်ဆင်ထားသူများကို အသေးစားပြင်ဆင်မွမ်းမံမှု ကယား(ကရင်နီ)တွင် ပြုလုပ်ပေး

ခြေတု လက်တု တပ်ဆင်ထားသူများကို အသေးစားပြင်ဆင်မွမ်းမံမှု ကယား(ကရင်နီ)တွင် ပြုလုပ်ပေး
by -
ကန္တရဝတီတိုင်း(မ်)
ခြေအတု ၊ လက်အတု တပ်ဆင်ထားသည့် ဝေဒနာရှင်များအတွက် အသေးစားပြုပြင် မွမ်းမံပေးသည့်အစီအစဉ်ကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့က လွိုင်ကော်မြို့တွင် အခမဲ့ ပြုလုပ်ပေးခဲ့သည်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီတို့ လုပ်ငန်းပူးပေါင်းဆောင်ရွက်သော ဘားအံ ခြေတု လက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌါနက နယ်လှည့်ပြီး ဆောင်ရွက်ပေးခြင်းဖြစ်သည်။

“အခုလုပ်တာကတော့ အသေးစား ပြန်လည်ပြင်ဆင်ခြင်းပေ့ါနော်။ ခြေဖဝါးကျိုးတယ်ဆိုရင် ခြေဖဝါးကို အသစ်လဲပေးမယ်။ နောက်ပြီးတော့ ခါးပတ်ကြိုးတွေ လဲပေးမယ်။ ဒီလောက်ပါပဲ။" ဟု ကယားပြည်နယ် ကြက်ခြေနီသူနာပြု ဦးစီးမှူးတပ်ဖွဲ့ ဦးစီးမှူး ပထမတန်း ဦးဇော်ဇော်အောင်ကဆိုသည်။

ခြေတု လက်တုများကို အကြီးစားပြင်ဆင်လိုသူ၊ လဲလှယ်လိုသူများအနေဖြင့် ကရင်ပြည်နယ် ဘားအံမြို့သို့ လူကိုယ်တိုင် သွားရောက်လဲလှယ်ရမည် ဖြစ်သည်။ ၎င်းခရီးစဉ်အတွက် ကုန်ကျစရိတ်ကို ဘားအံ ခြေတု လက်တုဆိုင်ရာပြန်လည်သန်စွမ်းရေးဌါနက ကျခံပေးမည်ဖြစ် ကြောင်းသိရသည်။

ကယားပြည်နယ်တွင် ခြေတုတပ်ဆင်ထားသူ ၈၀ နီးပါးရှိကြောင်းသိရသည်။

၎င်းခြေတုဝေဒနာရှင်များမှာ မြေမြုပ်မှိုင်းကြောင်း ထိခိုက်ခဲ့သူများဖြစ်ကြောင်း ဦးဇော်ဇော်အောင်ကဆိုသည်။

ယနေ့ ပြုလုပ်သော အစီအစဉ်ကို အများအားဖြင့် လွိုင်ကော်နှင့် ဒီမောဆိုမြို့တွင်နေထိုင်သောသူများက အများဆုံးလာကြပြီး ကျန်သောမြို့များကို လည်း ဆက်လက်သွားရောက်ရန် အစီအစဉ်ရှိကြောင်း သိရသည်။

May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...