နယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်လှစ်ရန် ပြည်နယ် အဆင်သင့်ဖြစ်ပြီဟုဆို

နယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်လှစ်ရန် ပြည်နယ် အဆင်သင့်ဖြစ်ပြီဟုဆို
by -
ကန္တာရဝတီတိုင်း(မ်)
ကယား(ကရင်နီ)ပြည်နယ် မယ်စဲ့ ဘီပီ ၁၃ နယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်လှစ်ရန်အတွက် ပြည်နယ်အဆင့်တွင် ရာနှုန်းပြည့်အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ပြည်နယ်ကုန်သွယ်မှုမြင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌါန ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်က ပြောပါသည်။

“ကျနော်တို့ ကုန်သွယ်ရေးစခန်းဖွင့်ဖို့အတွက် အဆင်သင့်ဖြစ်ပါပြီ။ ၀န်ထမ်းတွေကို ပြီးခဲ့တဲ့ ၆ လပိုင်းကတည်းက ချထားပြီးပါပြီ။ လဝက ၊ ရဲ၊ အကောက်ခွန်၊ ပြည်တွင်းအခွန်စသဖြင့် အဆင်သင့်ရှိနေပါပြီ။ မယ်စဲ့ကနေ လွိုင်ကော်လမ်းဆိုရင် တောက်လျှောက် ကောင်းနေပြီ” ဟု ဦးမောင်မောင်က ပြောသည်။

ယခုကဲ့သို့ တရားဝင်ဖွင့်လှစ်ရန် ကြံ့ကြာနေခြင်းသည် အစိုးရချင်း ၊ အုပ်ချုပ်ရေးပိုင်းချင်း ညှိနှိုင်းနေကြရခြင်း ဖြစ်နိုင်ကြောင်းနှင့် တဖက်ထိုင်းနိုင်ငံတွင်လည်း အဆင်သင့်မဖြစ်သေးခြင်း ဖြစ်နိုင်ကြောင်း ဖွင့်လှစ်မည့်အချိန် အတိအကျမသိရှိရသေးကြောင်း ဦးမောင်မောင်က ပြောသည်။

ယင်းကုန်သွယ်ရေးစခန်းမှ ငရုပ်၊ ကြက်သွန်၊ နှမ်း စသည့် ပြည်နယ်ထွက် သီးနှံများကို ပို့ကုန်အဖြစ်တင်ပို့နိုင်မည်ဖြစ်ပြီး တပြိုင်နက်တည်းတွင် ထိုင်းမှသွင်းကုန် (လူသုံးပစ္စည်းများ၊ စက်သုံးဆီ၊စက်သုံုးပစ္စည်းများ) အချို့ကိုလည်း တင်သွင်းနိုင်မည်သာမက ထိုင်းနိုင်ငံမှ တဆင့် နိုင်ငံခြားသား ခရီးးသွားများကလည်း ပြည်နယ်တွင်းသို့ လာရောက်လည်ပတ်နိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ကယားပြည်နယ်အတွင်း သဘာဝအရင်းအမြစ်ကို အခြေခံသည့် စီးပွားရေးသည် ရေရှည်တွင် ပြည်သူများနှင့် အဖွဲ့အစည်းများအတွက် အကျိုးမဖြစ်ထွန်းစေသည့်အတွက် ကောင်းမွန်သည့် နိုင်ငံရေးဖြစ်ပါက ကူးသန်းရောင်းဝယ်ရေး စီးပွားရေးလုပ်ငန်းသည် ရေရှည်အကျိုးပြုစေသည့် လုပ်ငန်းဖြစ်သည်ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP မှ စီးပွားရေးတာဝန်ခံ ခူးဒယ်နီယာက ပြောသည်။

“စားသောက်ကုန် ၊ သီးနှံကုန်ရောင်းဝယ်ရေးက ရေရှည်မှာ ပြည်သူအတွက်ကော အဖွဲ့အစည်းအတွက်ကော အကောင်းဆုံးစီးပွားရေးလုပ်ငန်းဖြစ်ပါတယ်။” ဟု ခူးဒယ်နီယာက ပြောပါသည်။

ထိုင်းနယ်စပ်ကုန်သွယ်ရေး တရားဝင် ဖွင့်ရန်အတွက် လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုရှိသော်လည်း တရားဝင် စနစ်တကျဖွင့်နိုင်ရန် ပြည်ထောင်စုအစိုးရနှင့် တဖက်ထိုင်းနိုင်ငံမှ အစိုးရတို့က ဖွင့်လှစ်နိုင်မှသာ တရားဝင်ဖွင့်လှစ်နိုင်မည်ဟု သိရသည်။

ယခင်နှစ်အတွင်းတွင်လည်း ထိုင်း- မြန်မာချစ်ကြည်ရေးအဖြစ် ထိုင်းနိုင်ငံမှ ယဉ်ကျေးမှုအဖွဲ့၊ မယ်ဟောင်ဆောင်ခရိုင်မှ အုပ်ချုပ်ရေးတာဝန်ရှိသူများက လွိုင်ကော်မြို့သို့ လာရောက်လည်ပတ်ခဲ့သလို လွိုင်ကော်မြို့တော်ခန်းမတွင် နှစ်နိုင်ငံကုန်စည်ပြပွဲလည်း ပြုလုပ်ခဲ့သည်။

နယ်စပ်ကုန်သွယ်ရေးစခန်းအတွက် လမ်းတံတားတည်ဆောက်မှုအပိုင်းတွင် အဆင်သင့်ရှိနေပြီဟု ဆိုသော်လည်း မယ်စဲမြို့နယ်တွင် လျှပ်စစ်ဓတ်အားလိုင်းနှင့် ဖုန်းလိုင်းဆက်သွယ်မှုများ မရရှိသေးကြောင်းလည်း သိရသည်။

January 8, 2026
စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ၊ လွိုင်ကော်မြို့တွင်းမှာ ညမထွက်ရအမိန့်ကို ည ၉ နာရီကနေ...
January 8, 2026
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခအခြေအနေတွေကြောင့် ကရင်နီပြည်တွင်းက အမျိုးသမီးတွေဟာ...
January 7, 2026
ရွေးကောက်ပွဲအပိုင်း (၁)ကျင်းပသွားခဲ့တဲ့ လွိုင်ကော်နဲ့ ဘောလခဲမြို့မှာ ပြည်နယ်အခြေစိုက်...
December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...