မြစ်ဝကျွန်းပေါ် ပိုးကရင်များကို အနောက်ပိုးအစား ပိုး(ဖလုံး)ဟုခေါ်ရန် ဆုံးဖြတ်

မြစ်ဝကျွန်းပေါ် ပိုးကရင်များကို အနောက်ပိုးအစား ပိုး(ဖလုံး)ဟုခေါ်ရန် ဆုံးဖြတ်
by -
ကေအိုင်စီ
နှစ်ပေါင်း ၅၀ကျော်ကြာ ဧရာဝတီတိုင်းဒေသတွင် နေထိုင်ကြသော ပိုးကရင်မျိုးနွယ်စုများကို အနောက်ပိုးဟု ခေါ်ဝေါ်ခဲ့ရာမှ ပိုး (ဖလုံး)ဟု ခေါ်ဆိုသွားရန် အောက်တိုဘာ ၂၉ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ပုသိမ်ဟိုတယ်၌ ပြုလုပ်သည့် ကရင်မျိုးနွယ်စုအမှန်ဖော်ထုတ်ရေး တိုင်းအဆင့်ဆွေးနွေးပွဲတွင် ဆုံးဖြတ်လိုက်သည်ဟု ကရင့်ရေးရာကော်မတီ အတွင်းရေးမှူး ဆရာစောကျော်စွာက ကေအိုင်စီသို ့ယနေ ့ပြောသည်။

“ဆွေးနွေးပွဲမှာ မြစ်ဝကျွန်းပေါ်ဒေသဖြစ်တဲ့ ဧရာဝတီတိုင်းနဲ ့ရန်ကုန်တိုင်းမှာရှိတဲ့ ပိုးကရင်လူမျိုးတွေကတော့ ပိုး(ဖလုံး)လို့ခေါ် တယ်လို့ ဆုံးဖြတ်လိုက်တယ်။ နောက်ပြီးတော့ ကရင်၊ မွန်၊ တနင်္သာရီမှာနေထိုင်ကြတဲ့ ပိုးကရင်တွေကိုတော့ ပိုး(ဖလုံ)လို့ခေါ်ဖို့ ဆုံးဖြတ်တယ်။ အဓိကတော့ ပိုးကရင်ရယ်လို့ သူတို့ မသတ်မှတ်ချင်ဘူး။ ပိုး(ဖလုံး) ဆိုပြီးတော့ လူမျိုးစုနာမည်တခုအနေနဲ့ အခွင့်အရေး သူတို့ လိုချင်တဲ့အတွက်ကြောင့်ပါပဲ”ဟု ဆရာစောကျော်စွာက ပြောသည်။

ယခင်က စစ်တောင်းမြစ်အရှေ့ဘက်ရှိ ပိုးကရင်များကို အရှေ့ပိုးဟူ၍ လည်းကောင်း ဧရာဝတီမြစ်ဝကျွန်းပေါ် ပိုးကရင်များကို အနောက်ပိုးကရင်ဟု နှစ်ပေါင်း ၅၀ကျော် ခေါ်ဝေါ်သုံးစွဲမှုများရှိခဲ့ကာ အောက်တိုဘာ တတိယအပတ်က ဖားအံမြို့၊ သုမေဓါရာမ ကြားတောရကျောင်းတိုက်၌ ပြုလုပ်သည့် အရှေ့ပိုးကရင်မျိုးနွယ်စု ဆွေးနွေးပွဲတွင် အရှေ့ပိုးကရင်အစား ပိုး(ဖလုံ)ဟု ခေါ်ဆိုရန် ဆုံးဖြတ်ခဲ့ကြောင်း ကရင့်ရေးရာကော်မတီက ထုတ်ဖော်ပြောဆိုသည်။

တစ်နေ့တာ ပြုလုပ်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီးအဆင့် ကရင်မျိုးနွယ်စု အမှန်ဖော်ထုတ်ရေး ဆွေးနွေးပွဲသို့ ခရိုင် ၆ခုမှ ကရင် အမျိုးသားကိုယ်စားလှယ်များနှင့် ဘာသာရေးခေါင်းဆောင် ၂၀၀ ဦးခန် ့တက်ရောက်ခဲ့ပြီး ဧရာဝတီတိုင်း ခရိုင်အဆင့် မျိုးနွယ်စု တွေ့ဆုံပွဲများတွင် အနောက်ပိုးဟုခေါ်ရန် ပြောဆိုသူရှိသလို ပိုးကရင်ဟုသာခေါ်ရန် အဆိုပြုမှုများအပေါ် ဆွေးနွေးတင်ပြခဲ့ကြပြီး အရှေ့ပိုးကရင်ဟု မသုံးနှုန်းတော့သည့်အတွက် အနောက်ပိုးကရင်အစား ပိုး(ဖလုံး)ဟုသာ ခေါ်ဆိုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဆွေးနွေးပွဲ တက်ရောက်ခဲ့သူများထံမှ သိရသည်။

“နဂိုတုန်းက ကျနော်တို့ အနောက်ပိုးကရင်လို့ ခေါ်ခဲ့တာကို ဘာပဲပြောပြော စကားမတူ၊ စာမတူ၊ နေရာဒေသမတူတဲ့ ပိုးကရင် တစ်ခုနဲ့တစ်ခု ကွဲကွဲပြားပြား ဖြစ်စေချင်တယ်လေ။ အခုလို ဟိုးဘက်ကနေပြီးတော့ ပိုး(ဖလုံ)လို့ သုံးတယ်လို့ ကြားတယ်လေ။ ကျနော်ကလည်း ပိုး(ဖလုံး) ပေါ့ဗျာ။ အဲ့လိုလေး ကွဲကွဲပြားပြားလေး ရှိတဲ့အခါကျတော့ ကျနော်တို့ မြစ်ဝကျွန်းပေါ်ကရင်တွေနဲ့ ကွဲကွဲပြားပြားဖြစ်သွားတာကို ကြိုက်ပါတယ်”ဟု ပန်းတနော်မြို့နယ်၊ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဒုဥက္ကဋ္ဌ မန်းဝင်းမောင်က ကေအိုင်စီသို ့ပြောသည်။

ကရင်ရေးရာကော်မတီအနေဖြင့် ကွဲပြားခြားနားနေသည့် ကရင်မျိုးနွယ်စုများကို ကရင့်အလံတော်အောက်တွင် စုစည်းညီညွတ် ကြရန် ရည်ရွယ်၍ မျိုးနွယ်စု အမည်မှန်ဖော်ထုတ်ရေး ဆွေးနွေးပွဲများကို မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်း (သို့) ပြည်နယ်အ ဆင့်၊ တစ်နိုင်ငံလုံးအဆင့်အထိ ဆွေးနွေးပွဲများ ပြုလုပ်လျှက်ရှိသည်ဟု KAC ထံမှ သိရသည်။

လက်ရှိတွင် ပဲခူး၊ တနင်္သာရီ၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် တိုင်း၊ ပြည်နယ်အဆင့် ဆွေးနွေးပွဲများပြု လုပ်ခဲ့ပြီး ဖြစ်ရာ ရန်ကုန်တိုင်းနှင့် ကရင်ပြည်နယ်တို့တွင် ထပ်မံ ပြုလုပ်ပြီးနောက် တစ်နိုင်ငံလုံးအဆင့် ဆွေးနွေးပွဲကို ၂၀၁၆ခု၊ နှစ်ဆန်း ပိုင်းတွင် ပြုလုပ်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

Most read this week

Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...
December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...