မြန်မာ-ထိုင်း နယ်စပ်ကျေးရွာများတွင် ဝမ်းရောဂါကြောင့် ၁၂ဦးသေဆုံး

မြန်မာ-ထိုင်း နယ်စပ်ကျေးရွာများတွင် ဝမ်းရောဂါကြောင့် ၁၂ဦးသေဆုံး
by -
ကေအိုင်စီ
ကရင်ပြည်နယ် ကော့ကရိတ်နှင့် ကြာအင်းဆိပ်မြို့နယ်အတွင်းရှိ မြန်မာ-ထိုင်းနယ်စပ်မှ ကျေးရွာပေါင်း ၆၁ရွာတွင် ဝမ်းပျက်ဝမ်း လျှောရောဂါကြောင့် အောက်တိုဘာလအထိ သေဆုံးသူ ၁၂ဦး ရှိသွားပြီးဖြစ်သည်ဟု ကရင်ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန (KDHW)က ကေအိုင်စီသို့ အောက်တိုဘာ ၂၂ ရက်နေ့က ပြောသည်။

အဆိုပါ ဝမ်းရောဂါမှာ အစိုးရကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမှီသည့် နယ်စပ်ကျေးရွာများတွင် ဖြစ်ပွားမှုအများဆုံးဖြစ်ပြီး ယခုအထိ ရောဂါဖြစ်ပွားမှု ဆက်လက်ဖြစ်ရှိနေဆဲဖြစ်ကြောင်း ကရင်ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန KDHW ၏ Monitoring evaluation staff နော်ချာ့အယ်ဖောက ပြောသည်။

သူမက “ရောဂါဖြစ်ပွားတာတော့ တချို့ရွာတွေမှာ နည်းသွားပြီးတချို့ရွာတွေကျတော့ ဆက်ရှိနေတုန်း ဖြစ်ပါတယ်။ ဒါပေမယ့် အရင်လတွေထက်စာရင် နည်းနည်း လျော့ကျသွားတဲ့ အခြေအနေ ရှိတယ်။ ဒီလအတွင်းမှာ အခုထိ သေဆုံးသူတစ်ဦး ရှိသေးတယ်”ဟု ပြောသည်။

လက်ရှိ အခြေအနေများအရ ၀မ်းပျက်ဝမ်းလျှောဖြစ်ပွားရာနေရာတွင် ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းတို့ကို လုပ်ဆောင်နေပြီး လာမည့် နှစ်လအထိ အဆိုပါ ကျန်းမာရေးလုပ်ငန်းများကို ဆက်လက် လုပ်ဆောင်သွားမည်ဟု နော်ချာ့အယ်ဖောက ပြောသည်။

အဆိုပါ မြို့နယ်နှစ်ခုအတွင်းရှိ ကျေးရွာများတွင် ပြီးခဲ့သည့် သြဂုတ်လ ၁၀ရက်နေ့မှစတင်ကာ လူဦးရေ ၂၁၇ဦး ဝမ်းပျက်ဝမ်း လျှောဖြစ်ကာ သေဆုံးသူ ၁၂ဦးရှိကြောင်း KDHW ၏ အောက်တိုဘာလ ၁၆ရက်နေ့က နောက်ဆုံး ကောက်ယူထားသော စာရင်းများအရ သိရသည်။

ကရင်ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန KDHWနှင့်အတူ BMA၊ BPHWT၊ PRAD၊ PU-AMI (Thai and Myanmar)၊ Solidarity International (SI)၊ Thai Hospital Public Health၊ Unicef (Myanmar) စသည့် ပြည်တွင်း၊ နယ်စပ် နှင့်ထိုင်း နိုင်ငံရှိ ကျန်းမာရေးအဖွဲ့ (၉)ဖွဲ့ဖြင့် ၀မ်းရောဂါဖြစ်ပွားသည့်နေရာများအတွင်း ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို ပူးပေါင်း လုပ်ဆောင်နေကြောင်း သိရသည်။

Photo: กิตติศักดิ์ บุญจันทร์ FB
May 29, 2026
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ်၊ မြဝတီ-မဲဆောက် အမှတ် (၂) ကုန်သွယ်ရေးတံတားကို မေလ ၂၈ ရက်...
May 29, 2026
နန်းဝေဖြိုးဇာ — ‘တိုင်းပြည်၏ အနာဂတ်’ ဟု တင်စားခံရသည့် လူငယ်များသည် လမ်းမများပေါ်ရှိ...
CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...