လော်ခေါင် ဘက် ကချင်ပြည်သူ့စစ်အချင်းချင်း ပစ်ခတ်မှုဖြစ်

လော်ခေါင် ဘက် ကချင်ပြည်သူ့စစ်အချင်းချင်း ပစ်ခတ်မှုဖြစ်
by -
ကေအဲန်ဂျီ
ကချင်ပြည်နယ် မေခ မြစ်ဖျား မရူဒေသ လော်ခေါင်ဘက်မှာ အစိုးရလက်အောက်ခံ ကချင်ပြည်သူ့စစ် ၂ ဖွဲ့ကြား နယ်မြေ သတ်မှတ်အငြင်းပွားကြရာမှ နိုဝင်ဘာ ၁၂ ရက်နေ့မှာ အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဦးရွှေမင်းဦးဆောင်တဲ့ လီဆူပြည်သူ့စစ်နဲ့ ဦးဇခုန်တိန့်ယိန်းဦးဆောင်တဲ့ ပြည်သူ့စစ်တွေကြား ဂျိတ်လွဲ ရွာအနီး နယ်မြေသတ်မှတ်ရေး ဆိုင်းပုဒ် စိုက်ထူရာမှ ပစ်ခတ်မှု ဖြစ်ခဲ့ခြင်းဖြစ်သည်။

ဦးဇခုန်တိန့်ယိန်းဘက် ၁ ဦးသေပြီး လီဆူပြည်သူ့စစ်ဘက် ၄ ဦး ထိခို်က်ခဲ့သည်ဟု စုံစမ်းသိရှိရသည်။

လီဆူပြည်သူ့စစ် ခေါင်းဆောင် ဦးရွှေမင်းဆိုသူမှာ လက်ရှိ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ LNDP ဥက္ကဋ္ဌ ဖြစ်ပြီး လီဆူရေးရာ ဝန်ကြီးလည်း ဖြစ်ပါတယ်။ ဦးရွှေမင်းဟာ အရင်က ဦးဇခုန်တိန့်ုယိန်း ဦးဆောင်သော် NDA-K တပ်တွင် တပ်စိတ်မှုး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၇ အာဏာလုပွဲမှာ လက်နက် ၃၀ ခန့်နဲ့ ခွဲထွက်ကာ တပ်မတော်ဘက်ကို ဝင်ရောက်ခဲ့သူလည်းဖြစ်သည်။

KIA တပ်ရင်း ၁၀ နယ်မြေဖြစ်သော မေခ လော်ခေါင်ဘက်မှာ အစိုးရတပ်က လီဆူ ပြည်သူ့စစ်တွေကို နေရာချပေးတယ်ဆိုသည့် သတင်းကြောင့် တရုတ်ဘက်ခြမ်းရှိ လီဆူ များကလည်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်ဖို့ ဆက်သွယ်မှုများ ရှိကြောင်း နယ်စပ်သတင်းများအရ သိရသည်။

June 20, 2026
ကချင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေကို အဓိက ဆက်သွယ်ထားတဲ့ မန္တလေး–မြစ်ကြီးနား...
June 19, 2026
တစ်လကျော်ကြာ တိုက်ပွဲများပြင်းထန်နေတဲ့ ရွှေကူမြို့နယ်အတွင်း ကျေးရွာတချို့မှာ အခြေခံစားသောက်ကုန်...
June 18, 2026
ဖားကန့် မြို့နယ် လုံးခင်းကျေးရွာအုပ်စုထဲ စစ်ရေးဖော်ဆောင်နေတဲ့ စစ်တပ်နဲ့...
June 17, 2026
ကချင်ပြည်နယ် ရွှေကူမြို့နယ်၊ ရွှေဘုန်းမြင့်ရွာမှာ အရပ်သား ၅ ဦး သတ်ဖြတ်ခံထားရတယ်လို့ ဒေသခံတွေက...