ပလက်ဝမှာ KPF လက်နက်ကိုင်တပ်ဖွဲ့က ဒေသခံတွေကို ဖမ်းဆီးနေ

ပလက်ဝမှာ KPF လက်နက်ကိုင်တပ်ဖွဲ့က ဒေသခံတွေကို ဖမ်းဆီးနေ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ Khumi People Front (KPF) နာမည်နဲ့ အသစ်ပေါ်ထွက်လာတဲ့ လက်နက်ကိုင်တပ်ဖွဲ့က ပလက်ဝမြို့နယ်အတွင်းက ကျေးရွာတချို့မှာ ဒေသခံပြည်သူတချို့ကို အင်အားစုဆောင်းရန် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်တဲ့အပြင် မိသားစုဝင်တွေကို အသက်အန္တရာယ်ပါ ခြိမ်းခြောက်ကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဇွန်လ ၁ ရက်နေ့က ပလက်ဝမြို့နယ်၊ သာယာကုန်းအုပ်စု၊ ကျောက်ပလ္လင်ကျေးရွာအတွင်းသို့ ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ည၉ နာရီအချိန်လောက်မှာ ဝင်ရောက်လာပြီး (ပနမ်း) မျိုးနွယ်စုဝင် (၇) ဦးကို Khumi People Front (KPF) လက်နက်ကိုင်အဖွဲ့က အင်အားစုဆောင်းရန်အတွက် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒေသခံတစ်ဦးက “KPF အဖွဲ့ဘက်က ဤဖြစ်စဉ်နှင့်ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုရင် ကျန်ရစ်သူမိသားစုဝင်များကိုပါ "အကုန်သတ်ပစ်မယ်" လို့ အလွန်ရက်စက်သော စကားလုံးများဖြင့် ခြိမ်းခြောက်ခဲ့တယ် ဖမ်းဆီးခံရသူတွေထဲကနေ ဦးအောင်ပနှင့် ဦးမိုင်ရောမ်းတို့ဟာ ထွက်ပြေးလွတ်မြောက်လာခဲ့ပေမယ့် ကျန်ရှိနေသေးသူများ၏ အသက်အန္တရာယ်နှင့် ပတ်သက်ပြီး မိသားစုဝင်များမှာ နေ့စဉ်နှင့်အမျှ ရင်တထိတ်ထိတ်နဲ့ နေထိုင်နေကြရတယ်” လို့ပြောပါတယ်။

Khumi People Front (KPF) က ဖမ်းဆီးခဲ့တဲ့ (၇) ဦးတို့ဟာ ဦးခုန်ညီ (၄၀ နှစ်)၊ မောင်ဟွေ့လဲ့ (၂၂ နှစ်)၊ မောင်အောင်လင်းယက် (၁၇ နှစ်)၊ ဦးသိန်းထွန်း (၂၇ နှစ်)၊ ဦးကံဟိန်း (၃၅ နှစ်)၊ ဦးအောင်ပ နဲ့ ဦးမိုင်ရောမ်း တို့ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ အပြစ်မဲ့ဒေသခံပြည်သူတွေဖြစ်တာကြောင့် ခြွမ်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးကြဖို့ကိုလည်း မိသားစုဝင်တွေဘက် တောင်းဆိုထားကြပါတယ်။

ပလက်ဝမြို့နယ်ထဲက ပလက်ဝမြို့နဲ့ ဆမီးမြို့အပါအဝင် နယ်မြေအများစုကို အာရက္ခတပ်တော် ( ULA/ AA) က သိမ်းပိုက်ထိန်းချုပ်ထားပြီး အဲဒီဒေသအတွင်း နွေဦးတော်လှန်ရေးနှင့်အတူ ပေါ်ထွက်လာတဲ့ CDF - Paletwa ၊ CDF – Daai ချင်းလက်နက်ကိုင်ကာကွယ်ရေးတပ်ဖွဲ့တွေလည်း တည်ရှိပါတယ်။

Most read this week

ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...