မြို့တွင်း လမ်းလျှောက် ဆန္ဒပြပွဲကို အောက်တိုဘာ ၃ တနင်္လာနေ့ က ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း ဥပဒေအရ ခွင့်ပြုမိန့် ၅ ရက်ကြို အကြောင်းမကြားခဲ့သောကြောင့် အာဏာပိုင်များမှ တားမြစ်ခဲ့သဖြင့် မနောကွင်း တွင်ပင် ပြုလုပ်ခဲ့ကြသည်။

ထို့ကြောင့် ယနေ့ ခွင့်ပြုမိန့်ဖြင့် ကချင် ပြည်သူ ၂ သောင်းကျော် မနက် ၉ နာရီမှ ၁၁ အထိ မြစ်ကြီးနားမြို့ကိုတပတ်ပတ်ပြီး တပ်မတော်ထိုးစစ်ဆင်နေမှုများ ရပ်တန့်ပေးရေး တောင်းဆိုခဲ့ကြသည်။
ကြွေးကြော်မှုများမှာ “ကချင်ဒေသတွင်း တပ်မတော် ထိုးစစ် ချက်ချင်းရပ်၊ ပဋ္ဋိပက္ခအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ ချက်ချင်းရပ်၊ စစ်ပြေးရှောင်များအား ကူညီထောက်ပံ့ခြင်းကို တားဆီး နှောက်ယှက်မှုအား ပြင်းထန်စွာ ရှုံ့ချသည်၊ စစ်ဘေးရှောင်စခန်းများအတွင်းတပ်မတော်၏ ဝင်ရောက်စစ်ဆေးမှုများ ရှုံ့ချသည် ၊ အကြီးစားစီမံကိန်းများ ရပ်ဆိုုင်းရေး၊” စသဖြင့် ကြွေးကြော်ခဲ့ကြသည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA ဌာနချုပ်နယ်မြေ ကို စက်တင်ဘာ လ လယ်ခန့်ကစပြီး တပ်မတာ်မှ အပြင်းအထန် ထိုးစစ်ဆင်လာတဲ့တွက် တိုက်ပွဲ ရပ်တန့်ပေးရန် မြစ်ကြီးနား ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ WMR ဦးဆောင်ပြီး ဒီဆန္ဒပြပွဲကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိ တရုတ်နယ်စပ် ကချင်စစ်ပြေးဒုက္ခသည်များ၏ စားနပ်ရိက္ခာထောက်ပံ့ရေး ကို တပ်မတော်မှ တားမြစ်နေသည့်အပြင် စက်တင်ဘာ ၁၈ ရက်နေ့ ဆားမှော် ကချင်စစ်ပြေးဒုက္ခသည်စခန်းကိုလည်း တပ်မတော်မှ ဝင်ရောက် စစ်ဆေးမှု များရှိခဲ့သည်။







